သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-11-22
ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခကြောင့် ထိခိုက်ခံစားနေရတဲ့ မြန်မာပြည်သူတွေ အတွက် ဥရောပသမဂ္ဂက မြန်မာငွေ ကျပ်သန်း ၆၀၀ ကျော် (ယူရို ၃ သိန်း) ပေးအပ် သွားမယ်လို့ နိုဝင်ဘာ ၂၂ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
2021-11-22
စစ်ကိုင်းတိုင်း ကလေးဝမြို့နယ်၊ ဇီးတော၊ အောင်ချမ်းသာနဲ့ သက်ကယ်ကျင်းရွာတွေ က အမျိုးသားလေးဦး တို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နိုဝင်ဘာ ၂၀ နဲ့ ၂၁ ရက် တွေက ဖမ်းဆီးသွားတယ်လို့ ကလေးဝ ဒေသခံတွေက ပြောပါတယ်။
2021-11-22
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အမေရိကန်ဒေါ်လာ သန်း ၂၀၀ ဖိုးရှိတဲ့ အထူးငွေတိုက်စာချုပ်တွေကို ပထမ အသုတ်အနေနဲ့ ဒီနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ မနက်မှာ စတင်ရောင်းချလိုက်ပြီလို့ ကြေညာလိုက်ပါတယ်။
2021-11-22
မွန်ပြည်နယ် သံဖြူဇရပ်မြို့က ကျိုက်နဲရေလယ်ဘုရား ရေနစ်မြုပ်မှုကနေ နိုဝင်ဘာ ၂၂ ရက် ဒီနေ့ မနက်ပိုင်းမှာ အလောင်းတစ်လောင်း ထပ်မံတွေ့ရှိခဲ့ရာ စုစုပေါင်း ၁၆ လောင်း ဆယ်ယူရရှိခဲ့တယ်လို့ သုခမေတ္တာ လူမှုကူညီရေး အသင်းက RFA ကို ပြောပါတယ်။
2021-11-21
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်နေကြတဲ့ နိုင်ငံခြားကုမ္ပဏီတွေဟာ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ မြန်မာစစ်အုပ်စုကို သက်ဆိုးရှည်စေအောင် အထောက်အပံ့ပေးရာ ရောက်နေတာကြောင့် ဒီလိုဆက်ပြီး မလုပ်ကြဖို့ Human Rights Watch အဖွဲ့က နိုဝင်ဘာလ ၁၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
2021-11-21
အာဆီယံဝန်ကြီးတွေ ပါဝင်ဆွေးနွေးမယ့် ရာသီဥတုပြောင်းလဲမှုနဲ့ သဘာဝ ဘေးအန္တရာယ်ဒဏ်ခံနိုင်ရေးဆိုင်ရာ တတိယအကြိမ်မြောက် နိုင်ငံတကာ ညီလာခံမှာ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ တူးခေါင် ပါဝင်ဆွေးနွေးမယ့်အကြောင်း NUG အစိုးရက ကြေညာထားပါတယ်။
2021-11-21
မွန်ပြည်နယ် သံဖြူဇရပ်မြို့က နာမည်ကြီး ဘုရားပွဲ တစ်ပွဲဖြစ်တဲ့ ကျိုက်နဲရေလယ် ဘုရားပွဲလာကြရင်း လူ ၁၉ ယောက် ဒီနေ့ သေဆုံးသွားပါတယ်။
2021-11-21
လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လျော့နည်းလာပြီး ဓာတ်အားလိုင်းတချို့ ပြုပြင်ဖို့ တိုင်းနဲ့ပြည်နယ် ၁၀ ခုမှာ နိုဝင်ဘာ ၁၉ ရက်ကစလို့ တစ်နေ့ကို နှစ်နာရီ ဝန်အား လျှော့ချသွားမယ်လို့ စစ်ကောင်စီ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနရဲ့ နိုဝင်ဘာ ၁၉ ရက်နေ့က ထုတ်ပြန်တဲ့စာမှာ ဖော်ပြထားပါတယ်။
2021-11-21
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ အုန်းရှစ်ကုန်းရွာကို နိုဝင်ဘာ ၂၀ ရက် မနေ့က စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀ ခန့်က ဝင်ရောက်လာပြီး ရွာသားနှစ်ယောက် သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-11-21
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်က ကျိုက်နဲရေလယ်ဘုရားပွဲကို လာရောက် ဘုရားဖူးကြသူတွေ ရေနစ်ခဲ့ကြရာ ကနဦး ရုပ်အလောင်း ၁၅ ခု ဆယ်ယူရရှိ ထားတယ်လို့ ပါဝင်ကူညီနေတဲ့ ပရဟိအဖွဲ့တွေဆီက သိရပါတယ်။
2021-11-20
ရန်ကုန် လှိုင်မြို့နယ်ထဲက ကွန်ဒိုတစ်ခုကို နိုဝင်ဘာ ၂၀ ရက် မနေ့ညက စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ရောက်လာပြီး ၃ နာရီကြာ ဝင်ရောက်ရှာဖွေခံခဲ့ရတယ်လို့ လှိုင်မြို့ နယ်အတွင်း နေထိုင်သူတွေက ပြောပါတယ်။
2021-11-20
ရခိုင်ပြည်နယ် စစ်တွေမြို့အခြေစိုက် Western News နဲ့ Narinjana သတင်းဌာန နှစ်ခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နိုဝင်ဘာ ၁၉ ရက်မနေ့က လိုက်လံရှာဖွေနေ တယ်လို့ Western News သတင်းဌာနရဲ့ အယ်ဒီတာချုပ်က RFA ကို ပြောပါတယ်။
2021-11-20
မကွေးတိုင်း ဆောမြို့နယ် တောမနဲ့ ကျင်းလိန်ရွာအနီးမှာ စစ်ကောင်စီနဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေကြား နိုဝင်ဘာလ ၁၉ ရက် မနေ့ကပြီး တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စစ်ရဟတ်ယာဉ်တွေ အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲကြောင့် ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
2021-11-20
စစ်ကိုင်းတိုင်း ကလေးမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ခုခံကာကွယ် ရေးတပ်တို့ တိုက်ပွဲတွေဖြစ်ပွားစဉ်အတွင်း စစ်ကောင်စီလက်ချက်နဲ့ စီးစံရွာက အသက် ၄၈ နှစ်အရွယ် ချင်းတိုင်းရင်းသား ဦးဗျက်နေထန်း ဆိုသူ သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-11-20
ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်က သောင်ကြီးရဲစခန်းကို နိုဝင်ဘာ ၂၀ ရက် ဒီနေ့မနက်ပိုင်းက M 79 ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်မြို့ ဒေသကာကွယ်ရေးအဖွဲ့က သတင်းထုတ် ပြန်ထားပါတယ်။