သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-11-16
ပေါက်တောမြို့မရဲစခန်းကို AA က ဒီနေ့မနက်က ဝင်ရောက်ထိန်းချုပ်လိုက်ပြီးနောက် စစ်တပ်က လေကြောင်း၊ ရေကြောင်းနဲ့ အင်အားသုံးပြန်တိုက်ခိုက်ခဲ့တာကြောင့် မြို့ခံအားလုံးနီးပါး ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ပြောပါတယ်။
2023-11-16
မတ္တရာမြို့နယ် မန္တလေး-မိုးကုတ် ကားလမ်းဘေး အောင်ကန်သာရွာက လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတဲ့ အမျိုးသား ၁၁ ဦးနဲ့ ပွဲစားကုန်းရွာသား တစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး သေနတ်နဲ့ ပစ်သတ်သွားပါတယ်။
2023-11-16
မတူပီမြို့နယ် ဝေလူးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
2023-11-16
စစ်ကောင်စီလေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နိုဝင်ဘာ ၁၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ကယားပြည်နယ်မှာ ကလေးငယ် ငါးဦးအပါအဝင် အရပ်သား ၂၂ ဦးသေဆုံးခဲ့ပါတယ်။
2023-11-16
စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေလို့ ကယားပြည်နယ် လွိုင်ကော်မြို့ထဲမှာ ပိတ်မိနေတဲ့ ဒေသခံတွေကို ကယ်ထုတ်တာတွေကို ခေတ္တရပ်နားထားပါတယ်။
2023-11-16
ပေါက်မြို့နယ် ဇီးပြားရွာ စစ်ကောင်စီရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၁၃ ရက်နေ့ကစလို့ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီပစ်ခတ်မှုကြောင့် PDF နှစ်ဆယ်ဦးခန့် သေဆုံးသွားတယ်လို့ ပြောပါတယ်။
2023-11-16
ကချင်ပြည်နယ်က မြို့နယ်အားလုံးမှာ ဖိုက်ဘာအင်တာနက်နဲ့ မိုဘိုင်း အင်တာနက်တွေ ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၀ ရက်နေ့ကတည်းက ပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-11-16
ရွှေကူမြို့မရဲစခန်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ အရပ်သားလေးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
2023-11-16
ကန့်ဘလူမြို့နယ် ပုဏ္ဏားငယ်ရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေက ဝင်ရောက်စီးနင်းပြီး အမျိုးသမီး ရှစ်ဦးအပါအဝင် ၁၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-11-16
စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ရှမ်းပြည်မြောက်ပိုင်းက မြို့နယ်ရှစ်မြို့နယ်ကို စစ်ကောင်စီက ညမထွက်ရ အမိန့် ထုတ်ပြန်လိုက်ပါတယ်။
2023-11-16
ပေါက်တောမြို့က ရဲစခန်းကို ရက္ခိုင့်တပ်တော် (AA) က ထိန်းချုပ်လိုက်ပြီးနောက် စစ်ကောင်စီတပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်ပါတယ်။
2023-11-15
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌနေရာကို စစ်ကောင်စီက နိုဝင်ဘာလ ၁၅ ရက်နေ့မှာ အပြောင်းအလဲ ပြုလုပ်လိုက်ပါတယ်။
2023-11-15
တိုက်ပွဲပြင်းထန်နေတဲ့ လွိုင်ကော်မြို့မှာ ဒေသခံနှစ်သောင်းကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး နောက်ထပ်သုံးသောင်းကျော်က မြို့ထဲမှာပိတ်မိနေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) တည်ထောင်သူ ကိုဗညားက ပြောပါတယ်။
2023-11-15
မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို အဆုံးသတ်ဖို့အတွက် ပါဝင်ပတ်သက်နေတဲ့အဖွဲ့အစည်းအားလုံး တိုက်ခိုက်မှုတွေကိုရပ်ဆိုင်းပြီး စိတ်ရှည်သည်းခံကြဖို့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ဒီနေ့ ကျင်းပတဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကနေ တိုက်တွန်းလိုက်ပါတယ်။
2023-11-15
မြောက်ဦးမြို့နယ် တိမ်ညိုရွာ ရဲစခန်းက စစ်ကောင်စီတပ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ခုနစ်ဆယ်ကျော်ဟာ စခန်းကိုစွန့်ခွာပြီး အခြားတပ်စခန်းကို ဆုတ်ခွာသွားကြပါတယ်။