သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-10-14
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ အလေးချိန် တန် ၂ဝဝ ကျော်ရှိ တဲ့ ကျောက်စိမ်းအရိုင်းတုံးကြီးကို တူးဖေါ်တွေ့ရှိပါတယ်။
2016-10-13
လာမယ့် အမျိုးသားအဆင့်နိုင် ငံရေးဆွေးနွေးပွဲမှာ ကရင်လူမျိုးတွေ သဘောထားကို တင်ပြနိုင်ဖို့အတွက် ကရင်အမျိုးသား အဆင့် နိုင်ငံရေးတွေ့ဆုံပွဲကို ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်ခန်းမမှာ ကျင်းပနေပါတယ်။
2016-10-13
ကချင်လွတ်မြောက်ရေးတပ်မတော် KIA နယ်မြေ မိုင်ဂျာယန်မှာ သင်တန်းသွား တက်ခဲ့တဲ့ ပူတာအိုမြို့နယ်က ဒေသခံ ၄၉ ဦးကို တပ်မတော် က မတရားအသင်း ဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇ /၁ နဲ့ အမှုဖွင့်အရေးယူထားပြီး ဗန်းမော် အကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။
2016-10-13
သပိတ်ကျင်းမြို့နယ်က သစ်မှောင်ခိုလုပ်ငန်းအကြောင်း ရေးသား တင်ပြခဲ့တဲ့ The Voice သတင်းထောက် ဦးတင်ဇော်ဦးကို သစ်မှောင်ခို လုပ်ငန်းလုပ်ကိုင်သူတွေက ခြိမ်းခြောက်နေကြောင်း ပြောပါတယ်။
2016-10-13
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ စာသင်ကျောင်းတွေ ပိတ်ထားရပြီး နေရပ် မပြန်နိုင်ကြသေးတဲ့ ဆရာ/ဆရာမ ၁၇ဝ ကျော်ကို ဒီနေ့ တပ်မတော်က ရဟတ်ယာဉ်တွေနဲ့ စတင် ခေါ်ဆောင်ပေးနေ ပါတယ်။
2016-10-13
လုံခြုံရေးစိုးရိမ်နေရတဲ့ ရခိုင်ပြည် နယ် မောင်တောမြို့နယ်အတွင်းမှာရှိတဲ့ ရခိုင်တိုင်းရင်းသား ကျေးရွာတွေကနေ ဘူးသီးတောင်မြို့ပေါ်ကို တိမ်းရှောင်လာသူအရေအတွက် ဟာ ထပ်တိုးလာနေပြီး ဒီနေ့ ညနေပိုင်းအထိ လူဦးရေ ၁၈ဝ ကျော်ရှိနေပြီ ဖြစ်ပါတယ်။
2016-10-12
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ဟာ အိန္ဒိယဝန်ကြီးချုပ် နရိန် ဒရာမိုဒီနဲ့ လာမယ့် သီတင်းပတ်မှာ တွေ့ ဆုံမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ကြေညာ ပါတယ်။
2016-10-12
ပြီးခဲ့တဲ့ရက်ပိုင်းက အကြမ်းဖက်တိုက်ခိုက်ခံ ခဲ့ရတဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကျီးကန်းပြင် ကျေးရွာက နယ်ခြားစောင့်ရဲ ကွပ်ကဲမှုဌာနချုပ်အနီးမှာရှိတဲ့ ဝပိတ် မွတ်စလင် ကျေးရွာတဝိုက်မှာ တပ်မတော်က နယ်မြေရှင်း လင်းရေး လုပ်ဆောင်စဉ်မှာ ပစ်ခတ်မှုတွေရှိနေတယ် လို့ ဒေသခံတွေက ပြောပါတယ်။
2016-10-12
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် က ဒေသခံတွေအနေနဲ့ လက်ရှိဖြစ်ပေါ်နေ တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးလို တာထက် ပိုပြီးအစိုးရိမ်မလွန်ကြဖို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက မောင်တော ဒေသခံံတွေနဲ့ တွေ့ဆုံစဉ် ပြော ပါတယ်။
2016-10-12
လစ်လပ်သွားတဲ့ မဲဆန္ဒနယ်မြေတွေ အတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၇ ဧပြီလ ၁ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ကြောင်း ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က မနေ့က သတင်းထုတ်ပြန် လိုက်ပါတယ်။
2016-10-12
ပြည်ပနိုင်ငံတွေမှာ သွားရောက်အလုပ်လုပ် ကြမယ့် အလုပ်သမားတွေဟာ လာမယ့်နှစ် ကစပြီး Job Passport အလုပ်နိုင်ငံကူး လက်မှတ်နဲ့ သာသွားရောက်အလုပ်လုပ်ကိုင်ကြရမယ်လို့ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်ကြေညာ လိုက်ပါတယ်။
2016-10-12
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မှာဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက် မှုတွေကြောင့် ဘူးသီးတောင်-မောင်တော မှာနေထိုင်ကြတဲ့ လူနည်းစုဖြစ်တဲ့ ရခိုင်တိုင်းရင်းသားကျေး ရွာတွေရဲ့ လုံခြုံရေးကို အလေးထားဆောင်ရွက်ပေးဖို့ ရခိုင်အမျိုးသားပါတီ ANP က မနေ့က ပြည်ထောင်စုဝန် ကြီးတွေနဲ့ တွေ့ဆုံစဉ် တောင်းဆိုလိုက်ပါတယ်။
2016-10-12
ရခိုင်ပြည်နယ် မောင်တောမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်မှာ နယ်ခြားစောင့် ရဲကင်း ၃ခု အကြမ်းဖက် တိုက်ခိုက်ခံရတဲ့ကိစ္စနဲ့ ပတ်သက် ပြီး မြန်မာမွတ်စလင် အရပ်ဘက်လူမှု အဖွဲ့အစည်းတွေက ကန့်ကွက်ကြောင်း စုပေါင်းပြီးကြေညာချက်ထုတ်ပြန်လိုက် ပါတယ်။
2016-10-12
နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်က လတ်တလော ရခိုင်ပြည် နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အကောင်းဆုံးဖြစ်အောင် ဖြေရှင်းသွား မှာဖြစ်ကြောင်းနဲ့ တရားဥပဒေစိုးမိုးရေးအောက်မှာ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
2016-10-12
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ နယ်သာလန်နိုင်ငံခြားရေးဝန်ကြီး Bert Koenders ဘာ့တ် ခိုအင်းဒါးစ် ဟာ မနေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ကို သွားရောက်ပြီး ဝန်ကြီးချုပ် ဦးညီပု ဦးဆောင် တဲ့ ပြည်နယ်အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။