သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-10-19
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာရှိတဲ့ အုန်းတောချေ မွတ်စလင်ဒုက္ခသည်စခန်းက နေအိမ် တဲတန်းလျားတွေကို မနေ့ည ၁၁ နာရီခွဲအချိန် ဝန်းကျင်က မီးလောင်မှုဖြစ်ခဲ့တဲ့အတွက် လူ ၆ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
2018-10-19
ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့ ပတ်သက်ပြီး ရာသီအလိုက် စိုးရိမ်ရတဲ့ဒေသတွေရှိတယ်လို့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။
2018-10-18
ဒီနှစ် ဧပြီလကနေ စက်တင်ဘာလအထိ ၆ လအတွင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းတွေရဲ့ ထုတ်လုပ်တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂.၂ ဘီလျံ ဝန်းကျင်ရှိခဲ့လို့ မနှစ်က အဲဒီကာလ အတွင်း ထုတ်လုပ်မှု တန်ဖိုးထက် ဒေါ်လာ ၁ ဘီလျံလောက် ပိုမိုရရှိခဲ့တယ်လို့ ကုန်သွယ်ရေး ဝန်ကြီးဌာနကပြောပါတယ်။
2018-10-18
ဧရာဝတီမြစ်ကြောင်းတလျှောက်မှာ ရှားပါးလင်းပိုင်ငါးတွေ ကာကွယ်စောင့်ရှောက်ထားတဲ့ဒေသကို ၄၆ မိုင်ကနေ ၆၂ မိုင်အထိ ဒီရက်ပိုင်းအတွင်း မြန်မာအစိုးရက တိုးချဲ့လိုက်တယ်လို့ မနေ့က ရရှိတဲ့ သတင်းတပုဒ်မှာ ဖေါ်ပြထားပါတယ်။
2018-10-18
ဥရောပနိုင်ငံများအဖွဲ့ EU ရဲ့နိုင်ငံခြားရေးရာအကြီးအကဲ Federica Mogherini ဖယ်ဒရီကား မိုဂေရိနီက ဥရောပခေါင်းဆောင်တွေအနေနဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ လုံခြုံစိတ်ချစွာနဲ့ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးအတွက် အာရှနိုင်ငံခေါင်းဆောင်တွေနဲ့ ဆွေးနွေးမှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ မနေ့က စတင်ဖွင့်လှစ်တဲ့ ASEM အာရှ- ဥရောပ ထိပ်သီးဆွေးနွေးပွဲမှာ သူက အခုလိုပြောကြားခဲ့တာပါ။
2018-10-18
ရခိုင်အရေးအတွက် အစိုးရက ဖွဲ့စည်းထားတဲ့ UEHRD လုပ်ငန်းတွေ အောင်မြင်တာတွေရှိသလို မျှော်လင့်ထားသလို မြန်မြန်ဆန်ဆန် မဖြစ်တာတွေလည်းရှိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
2018-10-18
ရခိုင်ပြည်နယ် အမ်းမြို့နယ် စားအိုးချောင်းထဲမှာ ရေညစ်ညမ်းမှုကြောင့် ဂုံးတွေ အမြောက်အမြား သေဆုံးခဲ့တယ် ဆိုပြီး ဓာတ်ပုံ၊ ဗီဒီယိုဖိုင်နဲ့တကွ ဖေ့စ်ဘွတ်လူမှုကွန်ရက်ပေါ်တင်ခဲ့တဲ့ အမ်းမြို့ခံ ကိုမျိုးလွင်ကို အစိုးရက ဆက်သွယ်ရေးဥပဒေနဲ့ တရားစွဲထားတာကို ပယ်ဖျက်ပေးဖို့ ရခိုင့်သယံဇာတ နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက် ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
2018-10-18
လားဟူနှစ်ခြင်းခရစ်ယာန်အသင်းက ခရစ်ယာန်ဘုန်းတော်ကြီး ၁၂ ပါးကို 'ဝ' ဒေသမှာ ဆက်လက်နေထိုင်ခွင့်မပြုဖို့ UWSA က ညွှန်ကြားချက်ထုတ်ပြန်ပြီး နယ်နှင်ဒဏ်ပေးခဲ့တယ်လို့ သိရပါတယ်။
2018-10-18
မြန်မာ့တပ်မတော်က တာဝန်ရှိသူတွေကို လူမျိုးတုန်းသတ်ဖြတ်မှုတွေ ဆောင်ရွက်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ ကုလသမဂ္ဂအချက်အလက် ရှာဖွေစုံစမ်းရေး မစ်ရှင်အဖွဲ့ FFM အစီရင်ခံစာကို လာမယ့် အောက်တိုဘာလ ၂၂ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ကျင်းပမယ့် လုံခြုံရေးကောင်စီ အစည်း အဝေးမှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
2018-10-18
ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေ လျှော့ချနိုင်ရေးအတွက် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA နဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ- ရှမ်းပြည်တပ်မတော် (SSPP/SSA) က ပြောလိုက်ပါတယ်။
2018-10-18
မလေးရှားနိုင်ငံမှာ တရားမဝင် အလုပ်လုပ်နေတာကြောင့် အဖမ်းဆီးခံရတဲ့ မြန်မာ အလုပ်သမားတွေကို နိုင်ငံသားစိစစ်ပြီး မြန်မာနိုင်ငံကို ပြန်ပို့နေတာ ၂၀၁၈ ခုနှစ် ဇန်နဝါရီကနေ စက်တင်ဘာအထိ ၉ လအတွင်း လူ ၃၃၀၀ ကျော်ရှိနေပြီလို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးကနေ သိရပါတယ်။
2018-10-18
မကွေးတိုင်းဒေသကြီး ဂန့်ဂေါ်မြို့နယ်၊ မြစ်သာဆည်ကနေတဆင့် လယ်မြေဧက ငါးထောင်အတွက် ဆက်သွယ်ထားတဲ့ ဆည်ရေသောက်စနစ်ရဲ့ ရေသွယ်မြောင်းဟာ ဒီကနေ့ မနက်အစောပိုင်းက ပြိုကျပျက်စီးသွားပါတယ်။
2018-10-18
ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ Weekly Eleven ဂျာနယ်ကိစ္စကို အရင်ဆုံးသတင်းမီဒီယာကောင်စီ ကို တိုင်ကြားဖို့ ပြည်ထောင်စုအစိုးရအဖွဲ့က ညွှန်ကြားချက်ထုတ်လိုက်ပါတယ်။
2018-10-18
လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်လို့ သံသယရှိတဲ့အတွက် မြန်မာနိုင်ငံအပေါ် ဆွစ်ဇာလန်နိုင်ငံက ပိတ်ဆို့အရေးယူမှုတွေ ထပ်တိုးလိုက်သလို တပ်မတော် ခေါင်းဆောင် တချို့အပေါ်မှာလည်း တဦးချင်း ပစ်မှတ်ထားပိတ်ဆို့အရေးယူလိုက်ပါတယ်။
2018-10-18
အပစ်ရပ် NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO တို့ကြား ရှမ်းပြည်နယ် အရှေ့တောင်ဘက်ပိုင်း မိုင်းပန်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။