သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-11-02
မန္တလေးတိုင်း မတ္တရာမြို့နယ် အရှေ့ခြမ်းက ရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် ရွာပေါင်း ဆယ်ရွာခန့်က ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးနေရပါတယ်။
2023-11-02
ကယားပြည်နယ်က တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံထဲ ထွက်ပြေးခိုလှုံနေရသူတွေထဲက ကျန်ရှိနေတဲ့စစ်ဘေးဒုက္ခသည် ငါးထောင်ကျော်ကို လာမယ့် နှစ်ပတ်အတွင်း နေရပ်ပြန်နိုင်ဖို့ ထိုင်းအာဏာပိုင်တွေဘက်က ညှိုနှိုင်းပြောဆိုလာပါတယ်။
2023-11-02
မြန်မာနိုင်ငံ မြောက်ပိုင်းက တိုက်ပွဲတွေ ချက်ချင်းရပ်ဆိုင်းဖို့ တရုတ်နိုင်ငံက ဒီနေ့တိုက်တွန်းလိုက်ပါတယ်။
2023-11-02
ရန်ကုန်မြို့က အငှားယာဉ်တွေကိုသိသာစေဖို့အတွက် ယာဉ်ကိုယ်ထည်မှာ အဝါရောင်လိုင်းတွေ မဖြစ်မနေ ကပ်ဖို့ YRTC က ညွှန်ကြားထားတာကြောင့် လုပ်ဆောင်နေရတယ်လို့ အငှားယာဉ်မောင်းတွေက ပြောပါတယ်။
2023-11-02
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာမှာ နိုဝင်ဘာလ ၁ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် နှစ်လုံး ကျရောက်ပေါက်ကွဲလို့ အမျိုးသမီး နှစ်ဦး သေဆုံးခဲ့သလို နောက်ထပ် ဒေသခံ နှစ်ဦးလည်း ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-11-02
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး လူငါးထောင်ကျော် ထွက်ပြေးနေရတယ်လို့ KNU က နိုဝင်ဘာ ၁ ရက်နေ့ ထုတ်ပြန်ပါတယ်။
2023-11-01
MOGE ဟာ မြန်မာစစ်တပ်အတွက် နိုင်ငံခြားငွေ အများဆုံး ရှာပေးနေတဲ့ အဖွဲ့အစည်းဖြစ်ပြီး တစ်နှစ်ကို ဒေါ်လာ တစ်ဘီလီယံလောက် ရှာပေးနေပါတယ်။
2023-11-01
စစ်ကောင်စီတပ်တွေဟာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နဲ့ တိုက်ပွဲပြင်းထန်နေတဲ့ ဒေသတွေမှာနေတဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
2023-11-01
'ဝ' တပ်ဖွဲ့အနေနဲ့ ဘက်မလိုက်ရေးမူကို ကျင့်သုံးပြီး ကိုးကန့်ဒေသက ပဋိပက္ခမှာ ပါဝင်မှာမဟုတ်သလို "ဝ" နယ်မြေကို စစ်ရေးအရ ကျူးကျော်လာရင် တုံ့ပြန်တိုက်ထုတ်သွားမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
2023-11-01
ဒုတပ်ရင်းမှူးတစ်ဦး၊ တပ်ခွဲမှူး နှစ်ဦးပါဝင်ပြီး အောက်တိုဘာ ၂၈ ရက်နေ့ကတည်းက အလင်းဝင်ဖို့ မြောက်ပိုင်းသုံးဖွဲ့ဘက်က ပြောဆိုခဲ့ရာမှာ ၃၀ ရက်နေ့မှာတော့ တပ်ရင်းလိုက် အလင်းဝင်တာလို့ ဆိုပါတယ်။
2023-11-01
မြန်မာနိုင်ငံမှာ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ပေါ်ပေါက်လာဖို့ အလှမ်းဝေးနေဆဲပါပဲလို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားအစိုးရက ဝန်ခံပြောကြားလိုက်ပါတယ်။
2023-11-01
RFA က ပြုစုထားတဲ့ စာရင်းတွေအရ မြောက်ပိုင်း ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကာလ ရှမ်းပြည်နယ် မြောက်ပိုင်းက တိုက်ပွဲတွေအတွင်း ကလေးငယ်တွေ အပါအဝင် အရပ်သား သေဆုံးသူ ၁၁ ဦးထိ ရှိလာပါပြီ။
2023-11-01
ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သားရှစ်ဦး ဒဏ်ရရခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။
2023-11-01
လွိုင်ကော်မြို့နယ်မှာ စစ်တပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည် ရွာတွေထဲ ကျရောက်ပေါက်ကွဲပြီး ကလေးသုံးဦးပါအဝင် အရပ်သားငါးဦး ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။
2023-11-01
ဒီပဲယင်းမှာ စစ်တပ်က အောက်တိုဘာ နောက်ဆုံးနှစ်ပတ်အတွင်း ရွာစဉ်လှည့် စစ်ကြောင်းထိုးချိန်မှာ အရပ်သားရှစ်ဦး သတ်ဖြတ်ခံခဲ့ရပြီး နောက်ထပ်လူ ၁၉ ဦးလည်း ဖမ်းဆီးခံခဲ့ရပါတယ်။