သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-03-16
တပ်မတော်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲဆိုထားတဲ့ ဧရာဝတီသတင်းဌာနရဲ့ မြန်မာပိုင်း အယ်ဒီတာ ဦးရဲနည်ကို ကျောက်တံတားမြို့နယ် တရားရုံးက ဒီနေ့ မြန်မာကျပ်ငွေ သိန်း ၁ဝ၀ နဲ့ အာမခံပေးလိုက်ပါတယ်။
2020-03-16
ဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာတည်ပြီးနောက် ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးကို နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီက ခေါ်ယူ ကျင်းပရမယ်ဆိုတဲ့ ပြဌာန်းချက်ကို ပယ်ဖျက်ဖို့ ကြိုးစားခဲ့ပေမယ့် တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမဲ မရတဲ့အတွက် ၇၅% မကျော်ပဲ ရှုံးနိမ့်ခဲ့ပါတယ်။ NLD ပါတီဘက်ကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဒီလောက်ခက်ခဲလိမ့်မယ် မထင်ခဲ့ဘူးလို့ ပြောပါတယ်။
2020-03-16
နမ့်ခမ်းမြို့နယ် အတွင်းက ပန်ဆေးပြည်သူ့စစ်စခန်း အပါအဝင် ပြည်သူ့စစ်စခန်းငါးခုကို TNLA တပ်ဖွဲ့တွေက မတ်လ ၁၅ ရက်နေ့ မနေ့ကမနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပြည်သူ့စစ် တပ်ဖွဲ့ဝင်ရှစ်ဦးကို မူးယစ်ဆေးတွေနဲ့ ဖမ်းဆီးရမိတယ်လို့သတင်း ထုတ်ပြန်ပါတယ်။
2020-03-16
တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တိုက်ပွဲတွေကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်က ဒေသခံ ၁၀၀၀ ကျော်ဟာ ဒီကနေ့ မတ် ၁၆ ရက်မနက်မှာ ထွက်ပြေးနေကြရပါတယ်။
2020-03-15
ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးထားတဲ့ တပ်မတော်သားတွေထဲက ဒဏ်ရာရထားပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ တပ်မတော်သား လေးဦးကို အမြန်အဆုံးလွှတ်ပေးဖို့ အသင့်ရှိတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
2020-03-15
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နဲ့ နမ့်ဖတ်ကာလမ်းပိုင်းမှာရှိတဲ့ ပြည်သူ့စစ်ထိန်း ချုပ်တဲ့ ကျေးရွာတချို့မှာ ဒေသအတွင်း ပြည်သူ့စစ်အဖွဲ့တွေနဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA တပ်တွေ ဒီနေ့ မတ်လ ၁၅ ရက်နေ့ တိုက်ပွဲဖြစ်ခဲ့ပြီး မန့်မိုင် ပြည်သူ့စစ်တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးသွားပါတယ်။
2020-03-14
ဒီနေ့ မတ်လ ၁၄ ရက်နေ့ကို နိုင်ငံတကာ မြစ်ချောင်းများနေ့အဖြစ် သတ်မှတ်ပြီး အခမ်းအနားတွေ ကျင်းပနေပါတယ်။ ကချင်ပြည်နယ်က မြစ်ဆုံဒေသခံ ၃၀၀ ကျော်က မြစ်ဆုံစီမံကိန်းရပ်စဲရေးအတွက် ထာဝရတားဝရမ်းထုတ်ပေးဖို့ ပြည်ထောင်စုတရား လွှတ်တော်ကို မနေ့က တောင်းဆိုလိုက်ပါတယ်။
2020-03-14
ချင်းပြည်နယ်၊ ပလက်ဝမြို့နဲ့ ဆမီးမြို့ကြားက မိတ်စာ(၂)၊ မိတ်စာ (၃) ကျေးရွာတွေ ပေါ်ကို ဒီနေ့ မတ်လ ၁၄ ရက်နေ့မှာ လေကြောင်းက ပစ်ခတ်ခဲ့မှုကြောင့် ရွာသား ၁၁ ဦး သေဆုံးခဲ့ပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2020-03-14
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့သူရှိနေပြီဆိုပြီး သတင်းတွေဟာ မနေ့က တော်တော်ပျံ့နှံ့ခဲ့ပါတယ်။ အဲဒီလို လူထုကို စိုးရိမ်ထိတ်လန့်မှုဖြစ်အောင် မမှန်မကန်သတင်းတွေ တင်နေတဲ့လူတွေ၊ စာမျက်နှာတွေကို ရှာဖွေစုံစမ်းပြီး အရေးယူမယ်လို့ နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2020-03-13
ကိုရိုနာဗိုင်းရပ်စ် သတင်းတွေနဲ့ပတ်သက်လို့ RFA အပါအဝင် သတင်းဌာနကြီးတွေက ဖော်ပြမှသာ ယုံကြည်ကြဖို့ သမ္မတရုံးက ဒီနေ့ပြောလိုက်ပါတယ်။
2020-03-13
ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မူအပါအဝင် ကုန်ကြမ်းပြတ်လပ်မူကြောင့် အလုပ်သမား ၄၀ဝဝ နီးပါး အလုပ်လက်မဲ့ ဖြစ်ခဲ့ရပြီး လောလောဆယ် ပိတ်လိုက်ရတဲ့ စက်ရုံ ၁၅ ရုံ ရှိတယ်လို့ လူဝင်မူကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဆွေ က ပြောပါတယ်။
2020-03-13
မတ်လ ၁၂ ရက် မနေ့က တိုင်းအစိုးရအမိန့်နဲ့ ပွဲတော်ကို ပိတ်လိုက်ပြီးတဲ့နောက် ဘုရားဖူးတွေ၊ ဈေးသည်တွေ၊ အာဏာပိုင်တွေနဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာဖြစ်လာမှာစိုးရိမ်နေကြသူတွေအကြား တုံ့ပြန်မှုအမျိုးမျိုးရှိနေပါတယ်။
2020-03-13
ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး သတင်းမှားတွေ မယုံကြဖို့၊ ပြည်သူတွေမလိုအပ်ဘဲ မထိတ်လန့်ကြဖို့နဲ့ လတ်တလော အစိုးရဆောင်ရွက်ချက်တွေကို ရှင်းပြတဲ့သတင်းစာရှင်းလင်းပွဲကို နိုင်ငံတော်သမ္မတရုံးက မတ်လ ၁၃ နေ့ ဒီနေ့ နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။
2020-03-13
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကပ်ရောဂါအဖြစ် သတ်မှတ်လိုက်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ်ဖို့ ပွဲလမ်းသဘင်တွေ၊ လူစုလူဝေးတွေကို ရှောင်ရမယ်လို့ အစိုးရက တိုက်တွန်းလိုက်ပါတယ်။
2020-03-13
ရခိုင်ပြည်နယ် မြောက်ဦးနဲ့ ကျောက်တော်မြို့နယ်တွေမှာ ဒီနေ့ မတ် ၁၃ ရက် မနက်က ဆေးရုံ၊ စစ်ဘေးဒုက္ခသည် စခန်းနဲ့ ကျေးရွာအချို့ပစ်ခတ်ခံရလို့ တစ်နေ့တည်းမှာ အရပ်သား သုံးယောက်သေပြီး ကလေးလေးယောက် အပါအဝင် အယောက် ၃၀ ဒဏ်ရာရခဲ့ပါတယ်။