သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-05-19
ထိုင်း-မြန်မာနယ်စပ် မြန်မာဖက်ခြမ်း မြဝတီမြို့က စာတိုက်နဲ့ ကြေးနန်းဆက်သွယ်ရေး ရုံးဝင်းအတွင်းမှာ မေလ ၁၉ ရက်နေ့ မနက် ၈ နာရီခွဲလောက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။
2011-05-19
အိန္ဒိယနိုင်ငံမှာ ၁၀ နှစ်ကျော် အကျဉ်းကျခံနေကြရတဲ့ ရခိုင်နဲ့ ကရင် လက်နက်ကိုင် တော်လှန်ရေးသမားတွေဟာ မေလ ၁၈ ရက် ကြာသပတေးနေ့ နေ့လည် ၂ နာရီက ကာလကတ္တား အကျဉ်းထောင်ကနေ လွတ်မြောက်လာခဲ့ကြပါတယ်။
2011-05-19
နှစ်ရှည်အကျဉ်းကျ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဗိုလ်ချုပ်ဆေထင်ကို မျက်စိ ခွဲစိတ်ကုသဖို့ စစ်တွေထောင်ကနေ အပြင်ဆေးရုံ ထုတ်ပြီး စီစဉ်ပေးခဲ့ပေမဲ့ အာဏာပိုင်တွေက မိသားစုနဲ့ တွေ့ခွင့် မပြုသေးဘူးလို့ သိရပါတယ်။
2011-05-19
မြန်မာနိုင်ငံရဲ့ ပြဿနာတေ ွပြေလည်ဖို့ဆိုရင် အကြောင်းအရာတခုချင်းဆီ ဆန်စင်ရာ ကျည်ပွေ့ လိုက်သလို ဖြေရှင်းဖို့ ကြိုးစားနေတာမျိုးထက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့ တွေ့ဆုံ ဆွေးနွေး ဖြေရှင်းသင့်တယ်လို့ ဘူးသီးတောင်ထောင် မှာ အကျဉ်းကျနေတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်သူ ကိုဌေးကြွယ်က ပြောလိုက်ပါတယ်။
2011-05-19
ကွယ်လွန်သူ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဋ္ဌနဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်းရဲ့ သားမက် ဦးအေးဇော်ဝင်းနဲ့ မြေးတွေဖြစ်တဲ့ ကိုအေးနေဝင်း၊ ကိုကျော်နေဝင်း၊ ကိုဇွဲနေဝင်းတို့ကို ၂၀၀၂ ခုနှစ်က နိုင်ငံတော် ပုန်ကန်မှုနဲ့ သေဒဏ် ချမှတ်ထားရာမှ မကြာခင်က ကြေညာခဲ့တဲ့ လွတ်ငြိမ်း ချမ်းသာခွင့်အရ တသက်တကျွန်း ထောင်ဒဏ် အဖြစ် ပြောင်းလဲလိုက်တယ်လို့ သိရပါတယ်။
2011-05-19
မြန်မာနိုင်ငံမှာ အစိုးရအပြောင်းအလဲ ဖြစ်သွားပေမဲ့ စာပေစိစစ်ရေးအဖွဲ့ရဲ့ လုပ်ပုံကိုင်ပုံနဲ့ တင်းကျပ်မှုတွေကတော့ အရင် စစ်အစိုးရ လက်ထက်ကလိုပဲ ဆက်ရှိနေတယ်လို့ ပြည်တွင်း သတင်းထောက်တွေက ပြောဆိုကြပါတယ်။
2011-05-19
ထိုင်းနိုင်ငံအခြေစိုက် ND-Burma ခေါ် မြန်မာနိုင်ငံ လူ့အခွင့်အရေးမှတ်တမ်း ကွန်ရက်အဖွဲ့က ၂၀၁၁ခု ဇန်နဝါရီလကနေ မတ်လအတွင်း ကောက်ခံရရှိထားတဲ့ မြန်မာပြည်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှု စစ်တမ်းကို မနေ့က ထုတ်ပြန်လိုက်ပါတယ်။
2011-05-19
နှစ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အရ သမ္မတဦးသိန်းစိန်ဟာ တရုတ်နိုင်ငံကို နောက်သီတင်းပတ်အတွင်း သွားရောက် လည်ပတ်မှ ာဖြစ်တယ်လို့ မြန်မာအစိုးရအရာရှိတဦးက မေလ ၁၉ ရက် ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
2011-05-19
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် အရှေ့အာရှနှင့် ပစိဖိတ် ဒေသရေးရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက် ဝိုင် ယွန်းဟာ မေလ ၁၉ ရက် ဒီကနေ့ ညနေပိုင်းက ဒေါ်အောင်ဆန်းစုကြည်၊ NLD ဗဟိုအလုပ်ဆောင် အဖွဲ့ဝင်တွေ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြု CRPP အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
2011-05-19
သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြောင့် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ထဲက ၅၀ နီးပါးပဲ လွတ်မြောက်လာခဲ့တဲ့အတွက် အင်အယ်လ်ဒီ ပါတီအနေနဲ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှု တွေကို အရှိန်မြှင့် ဆောင်ရွက်သွားမယ်လို့ ပါတီရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တဦးဖြစ်သူ ဟံသာဝတီ ဦးဝင်းတင်က ပြောပါတယ်။
2011-05-19
ရန်ကုန်မန္တလေးအဆန် စာပို့ရထား တစီးပေါ်မှာ မေလ ၁၈ ရက် မနေ့ညနေပိုင်းက ဗုံးပေါက်ကွဲတဲ့အတွက် အနည်းဆုံး ၂ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိသွားကြောင်း သိရပါတယ်။ ရန်ကုန်က မန္တလေးကိုအသွား မြန်မာအစိုးရ ရုံးစိုက်ရာ နေပြည်တော်အနီး ရွှေမြို့နဲ့ တပ်ကုန်းမြို့နယ်ကြား ဆင်သေဘူတာအနီး ရိုးရိုးတန်း ခရီးသည်တွဲမှာ ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
2011-05-18
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ချုပ် (ILO) ရဲ့ အကြိမ် ၁၀၀ မြောက် ညီလာခံမှာ မြန်မာ အစိုးရသစ်က သူတို့ စိတ်ကြိုက် ရေးဆွဲထားတဲ့ အလုပ်သမား အဖွဲ့အစည်းဆိုင်ရာ အတုအယောင် ဥပဒေတရပ် တင်ပြဖို့ စီစဉ် ပြင်ဆင်နေတဲ့အတွက် နိုင်ငံတကာ အစိုးရတွေနဲ့ အလုပ်သမားအဖွဲ့တွေက ကန့်ကွက်ကြဖို့ ထိုင်းနိုင်ငံအခြေစိုက် FTUB မြန်မာနိုင်ငံ အလုပ်သမားအဖွဲ့ချုပ်က မေလ ၁၈ ရက် ဒီကနေ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2011-05-18
ဦးသိန်းစိန်အစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်ဟာ အတုအယောင်သာ ဖြစ်နေတာ တွေ့မြင်ရတဲ့အတွက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဆွေးနွေးမယ်လို့ ပြောနေတာဟာလည်း အတုအယောင်ပဲ ဖြစ်လိမ့်မယ်လို့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တချို့က ပြောဆိုနေကြပါတယ်။
2011-05-18
ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက ကျန်းမာရေး ထိခိုက်လာသူတွေကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဆေးကုသဖို့ ဆောင်ရွက်ပေးနေတယ်လို့ သတင်းရရှိပါတယ်။
2011-05-18
ဦးသိန်းစိန်အစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြောင့် ပြန်လွတ်လာတဲ့ အကျဉ်းသားပေါင်း ၁၄၆၀၀ ထဲမှာ နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၅၀ မပြည့်ဘူးလို့ သိရပါတယ်။