သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-10-26
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါက်တာ မျိုးအောင်တို့ သုံးဦးကို စွဲဆိုထားတဲ့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ) အတွက် အောက်တိုဘာလ ၂၆ ရက် ဒီနေ့ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထွက်ဆိုမှာဖြစ်ပါတယ်။
2021-10-26
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်က အထက်မြတ်လှဲ စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် တွေဟာ စားသောက်ရေးအပြင် နေထိုင်ရေးအခက် အခဲတွေနဲ့ပါ ရင်ဆိုင်နေရတယ်လို့ ဒုက္ခသည်စခန်းတာဝန်ခံ ဦးဖြူသာအောင် က RFA ကို ဒီကနေ့ပြောပါတယ်။
2021-10-26
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်က စစ်ကောင်စီခန့် ကုန်းတလပေါင်းစံပြရွာ အုပ်ချုပ်ရေးမှူး ဦးဝေလင်းအောင်ကို အောက်တိုဘာလ ၂၆ ရက် ဒီနေ့မနက် ၄ နာရီခန့်မှာ အမည်မသိအဖွဲ့တစ်ခုက ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-10-26
အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan ဟာ အမျိုးသား ညီညွတ်ရေးအစိုးရအဖွဲ့ ယာယီသမ္မတ ဒူးဝါး လရှီလနဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့နဲ့ မနေ့က အွန်လိုင်းကနေ တွေ့ဆုံခဲ့ရာမှာ၊ အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေကို ဆက်လက်ထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။
2021-10-26
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်ထဲမှာ မော်တော်ဆိုင်ကယ်နဲ့ လှည့်လည် နေတဲ့ ရဲနှစ်ဦးကို စစ်ကိုင်းတိုင်းလွတ်မြောက်ရေးတပ်ဖွဲ့ (SIA) က အောက်တိုဘာလ ၂၆ ရက်နေ့ မနက်က တိုက်ခိုက်ခဲ့တာကြောင့် ရဲနှစ်ဦး သေဆုံးပြီး သေနတ် နှစ်လက် ရခဲ့တယ်လို့ SIA က ပြောပါတယ်။
2021-10-26
စစ်ကောင်စီအနေနဲ့ နိုင်ငံရေးအကျဉ်းသား ငါးထောင်ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်နဲ့ လွှတ်ပေးမယ်လို့ ကြေညာထားတဲ့အတိုင်း ကျန်တဲ့သူတွေကို ချက်ချင်းလွှတ်ပေးဖို့ နယူးယောက်မြို့အခြေစိုက် CPJ ခေါ် သတင်းထောက်များ ကာကွယ်ရေးကော်မတီက မနေ့က တောင်းဆိုလိုက်ပါတယ်။
2021-10-26
ပုဇွန်တောင်မြို့နယ်၊ ရေကျော်လမ်းမကြီးပေါ် ရေကျော်စျေးအနားမှာ အောက်တို ဘာလ ၂၆ ရက်နေ့ မနက် ၉ နာရီခွဲခန့်မှာ စစ်ကောင်စီသတင်းပေး ဒလန်လို့ နာမည်ကြီးနေသူ အမျိုးသမီးတစ်ဦး အပစ်ခံခဲ့ရတယ်လို့ အနားမှာ နေထိုင်သူတွေက ပြောပါတယ်။
2021-10-25
ထိုင်းနိုင်ငံမှာ မနေ့က အောက်တိုဘာလ ၂၅ ရက်နေ့တစ်ရက်ထဲမှာပဲ မြန်မာနိုင်ငံသား ၂၆၀ နီးပါးကို ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးလိုက်ပါတယ်။
2021-10-25
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရပ်စ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နေရာကို စင်ကာပူနိုင်ငံက မစ္စနိုလင်းဟေဇာ (Noeleen Heyzer) ကို ခန့်အပ်လိုက်တယ်လို့ အတွင်းရေးမှူးချုပ်ရုံးက တနင်္လာနေ့မှာ ကြေညာလိုက်ပါတယ်။
2021-10-25
အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ နိုင်ငံ့အကြီးအကဲ ဒါမှမဟုတ် ပြည်ထောင်စုအဆင့် ဝန်ကြီးကို ဖိတ်ကြားမှသာ လက်ခံနိုင်မယ်လို့ စစ်ကောင်စီက အောက်တိုဘာလ ၂၅ ရက်နေ့ ညပိုင်းမှာ တုံ့ပြန် ကြေညာလိုက်ပါတယ်။
2021-10-25
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ တင်းမကျေးရွာသားတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ ရက်နေ့မှာ မိမိနေရပ်ကို ပြန်နိုင်ရေးနဲ့ ပတ်သက်လို့ ပြည်နယ်စစ်ကောင်စီကို တင်ပြထားပေမယ့် ဒီနေ့အထိ တစ်စုံတစ်ရာတုန့်ပြန်တာ မရှိသေးဘူးလို့ တင်းမဆရာတော်က RFA ကို ပြောပါတယ်။
2021-10-25
ရခိုင်ပြည်နယ် သံတွဲမြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့ နေ့လယ်က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) နဲ့ ဆက်စပ်တယ်ဆိုပြီး အရပ်သား တစ်ဦး ထမ်မံဖမ်းဆီးခံလိုက်ရတယ်လို့ ကာယကံရှင်နဲ့ရင်းနှီးတဲ့ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။
2021-10-25
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အင်တိုင်းရွာကို အောက်တိုဘာလ ၂၅ ရက် ဒီနေ့ မနက်ပိုင်း စစ်ကောင်စီ တပ်သားတွေ ဝင်ရောက်ပစ်ခတ် ဖမ်းဆီးတာကြောင့် နှစ်ဦး ကျည်ထိမှန်ပြီး ရွာသားအချို့ ထွက်ပြေးပုန်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-10-25
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကျော်မင်းယု (ခေါ်) ကိုဂျင်မီ ဖမ်းဆီးခံ ရတာနဲ့ ပတ်သက်လို့ ဖြစ်လာမယ့် အကျိုးဆက်တွေဟာ စစ်အုပ်စုအနေနဲ့ တာဝန်ခံ ရမယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အောက်တိုဘာ ၂၅ ရက် ဒီနေ့ ထုတ် ပြန်ပြောဆိုလိုက်ပါတယ်။
2021-10-25
တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လာမယ့်သူတွေအနေနဲ့ အကောက်ခွန်မဲ့ပစ္စည်း တွေ သယ်မလာဖို့ မြန်မာဘက် အကောက်ခွန် တာဝန်ရှိသူတွေက မူဆယ်မြို့ နန်း တော်ဂိတ်ပေါက်မှာ သတိပေးနေတယ်လို့ မူဆယ် မြို့ဒေသခံကတွေက RFA ကို ပြောပါတယ်။