သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-10-17
အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်မှုရှိတယ်ဆိုပြီး တရုတ်နိုင်ငံဘက်က ဖမ်းဝရမ်းထုတ်ခံထားရတဲ့ “ဝ”တပ်ဖွဲ့ ခေါင်းဆောင်နှစ်ဦးကို ရာထူးကနေ ထုတ်ပယ်လိုက်ကြောင်း “ဝ”တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
2023-10-16
ပုသိမ်နဲ့ မော်လမြိုင်ကျွန်း အပါအဝင် မြို့နယ်အချို့မှာ ပြည်သူ့စစ်သင်တန်းအတွက် တစ်ရွာကို သုံးဦးကနေ ခြောက်ဦးနှုန်း စာရင်းပေးနေရပါတယ်။
2023-10-16
ဘာမဟုတ်တဲ့ကိစ္စတစ်ခုနဲ့ လူ့အသက်တစ်ချောင်း အလွယ်တကူနဲ့ ဆုံးရှုံးသွားတာမျိုးမဖြစ်သင့်တဲ့အတွက် ULA/AA အနေနဲ့ ဥပဒေကို သေချာမှန်ကန်စေလိုကြောင်း ဆွေမျိုးတော်စပ်သူက ပြောပါတယ်။
2023-10-16
လူ့အခွင့်အရေးချိုးဖောက်နေတဲ့ စစ်ကောင်စီနဲ့ပေါင်းပြီး လူသားချင်းစာနာထောက်ထားမှုကူညီရေးလုပ်ငန်းစဉ် လုပ်မယ်ဆိုတာကို လက်မခံနိုင်တဲ့အတွက် ငြင်းတာလို့ CNC– Tanintharyi အဖွဲ့က ပြောပါတယ်။
2023-10-16
ထိုင်းနိုင်ငံမှာခိုလှုံနေကြတဲ့ဒုက္ခသည်တွေအတွက် အလုပ်လုပ်ခွင့်နဲ့ ပညာသင်ကြားခွင့်တွေရအောင် ထိုင်းအစိုးရနဲ့ အတူတကွဆောင်ရွက်သွားမယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR အကြီးအကဲ ဖိလစ်ပို ဂရမ်ဒီ (Filippo Grandi) က ပြောလိုက်ပါတယ်။
2023-10-16
“ဝ”တပ်ဖွဲ့ထိန်းချုပ်ရာ မိုင်းဆတ်မြို့နယ် မိုင်းယွင်းအုပ်စု ပိန်းခမ်းရွာက ငွေလိမ်ဂိုဏ်းတစ်ခုကို “ဝ” တပ်ဖွဲ့အာဏာပိုင်တွေ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး မြန်မာအလုပ်သမား သုံးရာခန့်ပါသွားပါတယ်။
2023-10-16
ပုလဲမြို့နယ်မှာ ဆယ်ရက်ကြာ စစ်ကြောင်းထိုးခဲ့မှုအတွင်း အမျိုးသားတစ်ဦး သတ်ဖြတ်ခံရပြီး အမျိုးသားငါးဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
2023-10-16
မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့ မြစ်ကြီးနား-ဗန်းမော်ကားလမ်းပေါ်က အိမ်ခြေနှစ်ဆယ်ကျော်ရှိတဲ့ ဒိန်ဂါရွာကို စစ်ကောင်စီတပ်က အောက်တိုဘာ ၁၅ ရက်မှာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြောပါတယ်။
2023-10-16
ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မောင်တောမြို့နယ်ကို ပြန်လည်ဝင်ရောက်လာတဲ့ ရိုဟင်ဂျာနှစ်ဦးကို သက္ကယ်ပြင်ရွာအနီး ဆင်ကြီးချောင်းတံတားထိပ်မှာ ဖမ်းဆီးရမိပါတယ်။
2023-10-16
ပြည်ပရောက် မြန်မာတွေအနေနဲ့ ဝင်ငွေတွေကို ဘဏ်ကတစ်ဆင့် မြန်မာပြည်ပြန်လွှဲမယ်ဆိုရင် လျှပ်စစ်ကားနဲ့ ဆိုင်ကယ် တင်သွင်းခွင့်ပေးမယ်လို့ စစ်ကောင်စီရဲ့ စီးပွား/ကူးသန်း ဝန်ကြီးဌာနက ဆိုပါတယ်။
2023-10-16
ခင်ဦးမြို့နယ် ညောင်ပင်ကြီးစုရွာမှာ အမျိုးသားတစ်ဦး အသတ်ခံရပြီး နောက်ထပ်အမျိုးသားတစ်ဦး မိုင်းနင်းမိလို့ ဒဏ်ရာရသွားပါတယ်။
2023-10-16
မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် ဇိုခေါထာရွာမှာ မြန်မာနိုင်ငံသားတစ်ဦးကို သိန်းပေါင်း တစ်သောင်းခွဲကျော်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား ၁၅ ကီလိုဂရမ်နဲ့အတူ အာသံရိုင်ဖယ်တပ်က ဖမ်းဆီးခဲ့ပါတယ်။
2023-10-15
ပြင်သစ်နိုင်ငံက ထင်ရှားတဲ့ Bayeux စစ်မြေပြင်သတင်းထောက်ဆုကို ဟေတီ၊ မြန်မာ၊ အရှေ့အလယ်ပိုင်းဒေသနဲ့ ယူကရိန်းက ပဋ္ဋိပက္ခတွေကို သတင်းရယူ၊ ရိုက်ကူးသူတွေ ဆွတ်ခူးရရှိသွားပါတယ်။
2023-10-15
ကိုးကန့်ဒေသမှာ အောက်တိုဘာ ၁၄ ရက်နေ့က (MNDAA) ကိုးကန့်အဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၆ ဦးသေဆုံးခဲ့တယ်လို့ The Kokang မီဒီယာက ထုတ်ပြန်ပါတယ်။
2023-10-15
မကွေးတိုင်း၊ ရေလယ်ကျွန်းဒေသမှာ အောက်တိုဘာ ၁၃ ရက်က ဒေသကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပြီးနောက် အဲဒီရွာက အမျိုးသမီးတစ်ဦး အသတ်ခံခဲ့ရတယ်လို့ ပြောပါတယ်။