သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-09-18
ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီက တင်သွင်းတဲ့ ကိုယ်စားလှယ်အားလုံး နီးပါးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ချ ခဲ့တာကြောင့် ပါတီဖျက်သိမ်းခံရမှာကို စိုးရိမ်နေရပြီလို့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ ဥက္ကဌ ဦးကျော်မင်း က ပြောကြားလိုက်ပါတယ်။
2015-09-17
ရှမ်းပြည်နယ်အတွင်းမှာ အခုရက်ပိုင်းအတွင်း အစိုးရတပ်တွေက တိုက်လေယာဉ်တွေနဲ့ပါ တိုက်ခိုက်လာတဲ့အတွက် နိုင်ငံရေး ပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံးရေးတွေ ခေတ္တရပ်ဆိုင်း ထားဖို့ ရှမ်းပြည်ပြည်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းတပ်ဖွဲ့က စက်တင်ဘာ ၁၆ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန် သတိပေးလိုက်ပါတယ်။
2015-09-17
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်မှာ ထုတ်ပြန်တဲ့ မဲပေးခွင့်ရှိသူစာရင်းတွေမှာ အမည်မပါတာတွေ၊ အချက်အလက် မှားယွင်းတာတွေ ရှိနေပြီး အဲဒီလိုမှားယွင်းတာတွေဟာ နည်းပညာအခက် အခဲကြောင့် ဖြစ်တယ်လို့ မြိတ်ခရိုင်ရွေးကောက်ပွဲ ကော်မ ရှင်အရာရှိက ပြောပါတယ်။
2015-09-17
လူဦးရေ ၅ သန်းကျော်နေထိုင်တဲ့ ရန်ကုန်မြို့ကြီးမှာ အများပြည်သူနေ့စဉ် အသုံးပြုနေရတဲ့ ဘတ်စ်ကားအစင်းရေ ၃ ပုံ ၁ ပုံလောက် သပိတ်မှောက်နေကြတယ်လို့ သိရပါတယ်။
2015-09-17
တပ်မတော်ကနေ အငြိမ်းစားယူထား သူတွေကို ပြည်ထောင်စု တရားလွှတ်တော် ချုပ်ရုံးမှာ အဆင့်မြင့်ရာထူးတွေ ခန့်အပ် လိုက်တာကို ရခိုင်ပြည်နယ် စစ်တွေမြို့မှာရှိတဲ့ ရှေ့နေတွေ က ဒီနေ့ ဖဲကြိုးအဝါတွေ တပ်ဆင်ပြီး ကန့်ကွက်ကြပါတယ်။
2015-09-17
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်း ရုံးရေး ဗီနိုင်းပိုစတေကာကို ပြီးခဲ့တဲ့နှစ်ရက်လောက် က ဖျက်ဆီးခံလိုက်ရတယ်လို့ ပါတီကိုယ်စား လှယ်လောင်းတွေက ပြောပါတယ်။
2015-09-17
လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲအတွက် မဲလက် မှတ်ပေါင်း ၁၂၅ သန်းကျော်ကို ရိုက်နှိပ်ဖို့ အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အစိုးရရဲ့ ပုံနှိပ်ခြင်းနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်းဌာနကို အပ်နှံထား ပါတယ်။
2015-09-17
နေပြည်တော်မှာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့ လုပ်ငန်းကိစ္စအပါအဝင် ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး TNLA တပ်ဖွဲ့နဲ့ Bilateral လက်မှတ်ရေးထိုးနိုင်ဖို့ ကိစ္စတွေအတွက် MPC မြန် မာငြိမ်းချမ်းရေးစင်တာ က ဒေါက်တာ မင်းဇော်ဦး ခေါင်းဆောင်တဲ့အဖွဲ့ဟာ တိုင်း ရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2015-09-16
၁၉၈၈ အရေးတော်ပုံမှာပါဝင်ခဲ့တဲ့ မျိုးဆက်တွေအားလုံးပူးပေါင်းပြီး လာမယ့်ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေ မှန်မှန်ကန်ကန် မဲပေးရွေးချယ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြမယ်လို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုကိုကြီးက ပြောကြားလိုက်ပါတယ်။
2015-09-16
လာမယ့်နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပ မယ့် ရွေးကောက်ပွဲအပြီး တက်လာမယ့် အစိုးရဟာ အမျိုးသားလုံခြုံရေးကို ဦးထိပ် ထားတဲ့ အစိုးရဖြစ်ဖို့လိုအပ်တယ်လို့ မန္တလေးမစိုးရိမ်တိုက် သစ် ဆရာတော်အရှင်ဝီရသူ က မိန့်ကြားလိုက်ပါတယ်။
2015-09-16
မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်၊ မဟာအောင်မြေ၊ ချမ်းအေးသာစံနဲ့ ချမ်းမြသာစည်မြို့နယ်တွေမှာရှိတဲ့ စက်ရုံလုပ်သားတွေနဲ့ ရွှေ့ပြောင်းနေထိုင်ကြ သူတွေဟာ တစ်မြို့နယ်စီမှာ မဲပေးခွင့်ရှိသူ လူဦးရေ ၅ သောင်းလောက် မဲစာရင်းမှာ မပါသေးဘူးလို့ မန္တလေးမြို့အခြေစိုက် အမျိုးသမီးနိုင်ငံရေးအင်အားစုများ အဖွဲ့က ပြောပါတယ်။
2015-09-16
အင်တာနက် ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ Eleven မီဒီယာအုပ်စုရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာအောင် ရေးသားတယ်ဆိုပြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေကို Eleven မီဒီယာက တရားစွဲဆိုတာကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် ရုံးက လက်ခံလိုက်ပါတယ်။
2015-09-16
နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနား မြို့နယ်ကနေ ရွေးကောက်ပွဲဝင်မယ့် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီက ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်လောင်း ဒေါ်ဝင်းဝင်းသီက ဒီနေ့ သူ့မဲဆန္ဒနယ်ထဲ က ဒေသခံတွေနဲ့ တွေ့ဆုံပြီး မဲဆွယ်စည်းရုံး ဟောပြောခဲ့ ပါတယ်။
2015-09-16
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသားလွှတ်တော်ကိုယ်စား လှယ်လောင်း နော်လှလှစိုးဟာ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်က ပျဉ်းမပင်နဲ့ ရွာမရပ်ကွက်တွေမှာ ဒီနေ့ မဲဆွယ်စည်းရုံးခဲ့ပါတယ်။
2015-09-16
ရှမ်းပြည်နယ် တရုတ်-မြန်မာနယ်စပ်အနီး က ဝတပ်ဖွဲ့တွေသြဇာလွှမ်းတဲ့ မိုင်းလား မြို့နယ်က ကျေးရွာအုပ်စု ၂ဝ ကျော်မှာ မဲပေးခွင့်ရှိသူစာရင်း ကောက်ယူနိုင်ခြင်း မရှိတဲ့အတွက် အခုချိန်ထိ မဲပေးခွင့်ရှိသူ တစ်ထောင်ကျော်လောက်ကိုသာ ရရှိထားတယ်လို့ ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌက ပြောပါတယ်။