သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-09-08
တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ကံပေါက်ကျေးရွာမှာ သတ္ထုတူးဖော်နေတဲ့ Delco ကုမ္ပဏီက စွန့်ပစ်ရေတွေကို စစ်ဆေးပေးဖို့ ဒေသခံတွေက တိုင်းဒေသကြီး သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနထံ စာပေးပို့ခဲ့ ပါတယ်။
2016-09-08
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ပုံကျေးရွာ အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ပွဲမှာ ဒေသ ခံတွေကို သေနတ်ထုတ်ခြိမ်းခြောက်ခဲ့တဲ့ ဒု-ရဲအုပ် စိုးဇော်ဇော်ကို ခုံရုံးဖွဲ့စစ်ဆေးမှုတွေ ဆောင်ရွက်နေပါတယ်။
2016-09-08
၂၁ ရာစု ပင်လုံညီလာခံမှာ လီဆူနဲ့ တိုင်းလိုင်ပါတီတွေက ကချင်ပြည်နယ် အတွင်း ရှမ်းနီပြည်နယ်နဲ့ လီဆူ အထူး ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ သတ်မှတ်ပေးဖို့ တောင်းဆိုတာကို ကန့်ကွက်ကြောင်း ကချင်ပါတီ ၃ ခုက မနေ့က ကြေညာ ချက်ထုတ်ပြန်လိုက်ပါတယ်။
2016-09-08
ရှမ်းပြည်တောင်ပိုင်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်နယ်အလုပ်အမှုဆောင် ဥက္ကဌ ဒေါ်ခင်မိုးမိုးနဲ့ အလုပ်မှုဆောင်အဖွဲ့ဝင် ၄ ဦး စုစုပေါင်း ၅ ဦးနေရာမှာ အလုပ်အမှုဆောင်အသစ် ငါးဦးနဲ့ အစားထိုး ခန့်အပ်လိုက်ပါတယ်။
2016-09-07
လာအိုနိုင်ငံ ဗီယင်ကျန်းမြို့က အာဆီယံ ထိပ်သီးညီလာခံကို ရောက်ရှိနေတဲ့ သမ္မတ အိုဘားမားဟာ အရှေ့တောင်အာရှနိုင် ငံခေါင်းဆောင်တွေနဲ့ မနေ့ညက နှုတ်ဆက်ညစာစား ခဲ့ပါတယ်။
2016-09-07
မြန်မာအစိုးရ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ဧပြီလကနေ သြဂုတ်လကုန်အထိ ၅ လအတွင်း မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေး လိုငွေပြမှုပမာဏဟာ အမေရိကန်ဒေါ်လာ ၆၇ သန်းကျော် ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။
2016-09-07
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဌ ကိုဖီအာနန်နဲ့ ကော်မရှင်အဖွဲ့ဝင်တွေ ဟာ ဒီနေ့ မနက်က အောင်မင်္ဂလာရပ်ကွက်မှာ မွတ်စလင် ဘာသာရေးခေါင်းဆောင်တွေ၊ ရပ်မိရပ်ဖတွေနဲ့တွေ့ဆုံခဲ့ သလို မင်းဂံရပ်ကွက်က ရခိုင်ဒုက္ခသည်စခန်းမှာလည်း ဒုက္ခသည်တွေနဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။
2016-09-07
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအပါအဝင် ကိုယ်ဝန်ဆောင် ဖို့ ရည်ရွယ်ထားတဲ့ အမျိုးသမီးတွေ လတ်တလော မလာကြဖို့ ခရီးစဉ်ကို ဆိုင်းငံ့ထားဖို့ ဒီကနေ့ စက်တင်ဘာလ ၇ ရက်နေ့ ရက်စွဲနဲ့ ချင်းမိုင်မြို့ မြန်မာကောင် စစ်ဝန်ရုံးက သတိပေးကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2016-09-07
ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ ပုဂံဒေသက စေတီပုထိုးတွေကို ဒီလ အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာရောက်ကြည့်ရှုမယ် လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာ ပုဂံဌာနခွဲက ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော် က ပြောပါတယ်။
2016-09-07
စစ်ကိုင်းမြို့နယ်အတွင်း အလုပ်လက် မဲ့ဖြစ်နေတဲ့ ကျူးကျော်နေထိုင်သူတွေ အလုပ်အကိုင် ရရှိရေးအတွက် စစ်ကိုင်းမြို့နယ် စည်ပင် သာယာရေးကော်မတီက ကျူးကျော်တွေကို စည်ပင် သန့်ရှင်းရေးဝန်ထမ်းအဖြစ် အခုလက စတင်ခန့်အပ်ပေးနေ ပါတယ်။
2016-09-07
အမျိုးသားလွှတ်တော် ဥက္ကဌဟောင်း ဦးခင်အောင်မြင့်ရဲ့ စာမတတ်သူ ပပျောက်ရေး၊ အဆင့်မြင့် ပညာတွေ သင်ကြားနိုင်ရေးနဲ့ တိုင်းရင်းသားစာပေထွန်းကားရေးတို့ကို အထူးစီမံကိန်း ချမှတ်ပြီး ဆောင်ရွက်ဖို့ ပြည်ထောင်စု အစိုးရထံ တိုက်တွန်း တဲ့အဆိုကို ဒီကနေ့ အမျိုးသားလွှတ်တော်မှာ ဆွေးနွေးကြ ပါတယ်။
2016-09-07
မြန်မာနိုင်ငံအလယ်ပိုင်းမှာ သြဂုတ်လ ၂၄ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မြေ ငလျင်ကြောင့် ဘေးဒဏ်သင့်ခဲ့ရတဲ့ ပုဂံကစေတီ ပုထိုးတွေ ပြန်လည်ပြုပြင်ဖို့အတွက် ကချင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေက တစ်ရက်စာ နေ့တွက် စရိတ်ကို ဒီနေ့ စုပေါင်းလှူဒါန်းလိုက်ပါတယ်။
2016-09-07
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသက ကူးစက်ရောဂါဖြစ်ပွားနေ တဲ့ နန်းယွန်းမြို့နယ်နဲ့ လဟယ်မြို့နယ်တွေကို သွားရောက် လိုကြောင်း ဆန္ဒပြုကြတဲ့ ကျန်းမာရေးဝန်ထမ်း ၅၀ ကျော် ရောက်ရှိနေပြီဖြစ်ပါတယ်။
2016-09-06
မြန်မာနိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်သမ္မတ အိုဘားမားနဲ့ လာမယ့် စက်တင်ဘာလ ၁၄ ရက်နေ့ အိမ်ဖြူတော်မှာ တွေ့ဆုံမှာဖြစ်တယ်လို့ အမေရိ ကန်အစိုးရ ဒုတိယ အမျိုးသားလုံခြုံရေး အကြံပေးအရာရှိ Ben Rhodes ဘင်ရို့ဒ်စ် က ပြောကြားလိုက်ပါတယ်။
2016-09-06
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေမှာ ကော်မရှင်ဖွဲ့စည်းခွင့် မပါတဲ့ အတွက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ဖွဲ့စည်းတာဟာ ဥပဒေရဲ့အပေါ်ကို ရောက်နေကြောင်း ရခိုင်အမျိုးသား ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစော က ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။