သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-10-18
မန္တလေးမြို့မှာ စစ်အာဏာရှင် အလိုမရှိကြောင်း နေ့စဉ် ဆန္ဒပြနေတဲ့ မန္တလေး လူငယ်သပိတ်စစ်ကြောင်းကို အောက်တိုဘာလ ၁၈ ရက် ဒီနေ့ မနက်ပိုင်း အရပ်ဝတ် နဲ့ စစ်သားတွေ ကားနဲ့တိုက်ပြီး ပစ်ခတ်ဖမ်းဆီးခဲ့တာကြောင့် ခြောက်ဦးထက်မနည်း အဖမ်းခံလိုက်ရပါတယ်။
2021-10-18
ရန်ကုန်မြို့ အမေရိကန်သံရုံးကို အသစ်ရောက်လာတဲ့ သံရုံးဒုတိယအကြီးအကဲ ဒက်ဘ်လင်းဟာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုအထိမ်းအမှတ်ပြု လုပ်ခဲ့တယ်လို့ အမေရိကန်သံရုံးက အောက်တိုဘာလ ၁၈ ရက် ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
2021-10-18
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ MPT၊ Ooredoo နဲ့ Telenor ဆက်သွယ်ရေး လိုင်းတွေရဲ့ အင်တာနက်တွေ ဖြတ်တောက်ထားတာကို နှစ်ရက်အတွင်း ပြန်ဖွင့်ပေးဖို့ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အောက်တိုဘာလ ၁၈ ရက် ဒီနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
2021-10-17
စစ်ကောင်စီက ပြုလုပ်တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ၆ နှစ်ပြည့်ပွဲ အခမ်းအနားကို တက်ရောက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) တွေကို အထွေထွေ သပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က ပြင်းပြင်းထန်ထန်ကန့်ကွက်တယ်လို့ အောက်တိုဘာ ၁၆ ရက်နေ့ မနေ့ညက ထုတ်ပြန်လိုက်ပါတယ်။
2021-10-17
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေထဲမှာ အောက်တိုဘာလ ၁ ရက်နေ့ကနေ ၁၄ ရက်နေ့ထိ နှစ်ပတ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲပေါင်း ၉၂ ကြိမ်အထိ ဖြစ်ခဲ့တယ်လို့ KNU က မနေ့က ထုတ်ပြန်ပါ တယ်။
2021-10-17
ကချင်နိုင်ငံရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကချင်အမျိုးသားအစည်းအရုံး (KNO) ရဲ့ ဥက္ကဋ္ဌ ဒူဝါ ဘောလ်ဝမ်လရော်ဟာ အောက်တိုဘာလ ၁၆ ရက်နေ့ နေ့လယ်ပိုင်းက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကွယ်လွန်သွားပြီလို့ KNO အဖွဲ့က ကချင်ဘာသာနဲ့ ထုတ်ပြန်ထားပါတယ်။
2021-10-17
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် တဲစုရွာက ကိုမျိုးဆွေ ဆိုသူကို စစ်ကောင်စီတပ်ဖွဲ့ဝင် တွေနဲ့ လက်နက်ကိုင်ထားတဲ့ ပျူစောထီး တပ်ဖွဲ့ဝင်တွေက အောက်တိုဘာ ၁၆ ရက် မနေ့က မနက်အစောပိုင်းက ဖမ်းဆီးသွားပြီး တစ်နေကုန်ရိုက်နှက်လိုက်လို့ သေဆုံးသွားပါတယ်။
2021-10-17
အာဆီယံ အစည်းအဝေးတက်ဖို့ ကိုယ်စားလှယ်ဆုံးဖြတ်တဲ့ကိစ္စဟာ အာဆီယံရဲ့ စည်းလုံးညီညွတ်မှုနဲ့ ဗဟိုပြုမှုကို ထိခိုက်စေမယ့် ဘေးထွက်ဆိုးကျိုးဖြစ်လာလိမ့် မယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဌာနက အောက်တိုဘာလ ၁၆ ရက်နေ့ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
2021-10-16
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ စစ်တပ် အာဏာသိမ်းမှုကြောင့် ကြုံတွေ့နေတဲ့ အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ အတွက်၊ အဖွဲ့တစ်ဖွဲ့ကို အမေရိကန်ပြည် ထောင်စုက ထိုင်း၊ စင်္ကာပူ နဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို ရှေ့လာမယ့် သီတင်းပတ်မှာ စေလွှတ်မယ်လို့ သိရပါတယ်။
2021-10-16
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ တရားရင်ဆိုင်နေရတဲ့ အမှုအကြောင်းတွေနဲ့ ပတ်သက်လို့ ပြည်တွင်း၊ ပြည်ပ မီဒီယာတွေကို ထုတ်ဖော်ပြောဆိုတာတွေမလုပ်ဖို့ ရှေ့နေအဖွဲ့ထဲက နောက်ထပ် နှစ်ဦးကို ထပ်မံတားမြစ်လိုက် ပါတယ်။
2021-10-16
ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားမြို့နယ် ဆီလူးဒေသမှာ သွား ရောက်အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ဒေသအာဏာပိုင် တွေက တရားမဝင်ရောက်လာတယ်ဆိုပြီး ဖမ်းဆီးထောင်ချကာ အလုပ်ကြမ်းတွေ ခိုင်းစေနေတယ်လို့ ထွက်ပြေး လွတ်မြောက်လာသူတွေက RFA ကို ပြောပါတယ်။
2021-10-16
လာမယ့် အာဆီယံထိပ်သီးညီလာခံမှာ မြန်မာနိုင်ငံအတွက် နိုင်ငံရေးနယ်ပယ်က မဟုတ်တဲ့ အရပ်ဘက် ကိုယ်စား လှယ် တစ်ယောက်ကို ဖိတ်ကြားမယ်လို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌက ဒီနေ့ အောက်တိုဘာ ၁၆ ရက်နေ့မှာ ရိုက်တာ သတင်းဌာနကို ပြောကြားထားပါတယ်။
2021-10-16
ချင်းပြည်နယ် ထန်တလန်၊ ဟားခါးနဲ့ ဖလမ်းမြို့နယ်တွေကနေ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို စစ်ဘေးဒုက္ခသည် အနည်းဆုံး ခြောက်သောင်းကျော်တို့ဟာ အကူအညီတွေ လိုအပ်နေတယ်လို့ မီဇိုရမ် ပြည်နယ်ရောက် ချင်းလူမျိုးတွေက RFA ကို ပြောပါတယ်။
2021-10-15
ကရင်ပြည်နယ်တွင်းက ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေတွေမှာ KNU နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေပြန်လည် ပြင်းထန်လာနေပြီး အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည် တစ်သိန်းကျော် ဟာလည်း စားနပ်ရိက္ခာ အခက်အခဲတွေ ကြုံနေရပါတယ်။
2021-10-15
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအပါအဝင် ထိုင်းနိုင်ငံသားတွေမှာပါ Covid 19 ရောဂါ ကူးစက်မှု များလာတာကြောင့် ချင်းမိုင်မြို့က ဈေးတွေ နဲ့ စက်ရုံအလုပ်ရုံတချို့ကို ပိတ်ထားကြောင်း သိရပါတယ်။