သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-08-29
ရခိုင်ပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်နေတဲ့ အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ ရည်မှန်းချက်ဟာ နယ်မြေပိုင်ဆိုင်မှုဖြစ်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဌဗိုလ်ချုပ် အောင်ရဲဝင်း က ပြောပါတယ်။
2017-08-29
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ တိုင်းရင်းသားလုံးဝမရှိဘူးလို့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ က ဒီနေ့ ပြောကြားလိုက်ပါတယ်။
2017-08-29
နိုင်ငံခြားသား အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားသူ ၈၉ ဦးကို အမြဲတမ်းနေထိုင်ခွင့်ကတ်ထုတ်ပေးဖို့ လက်ရှိအစိုးရလက်ထက်မှာ ပထမဆုံးအကြိမ် ခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
2017-08-29
ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နဲ့ သားဖြစ်သူ ဒေါက်တာ အောင်မိုင်တို့ကို လူမှုကွန်ယက် Facebook စာမျက်နှာမှာ ဝေဖန်ရေးသားလို့ဆိုပြီး မြစ်ကြီးနားမြို့မှာနေတဲ့ အလွတ်သတင်းထောက် ကိုဇော်မိုးထက် ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ မြစ်ကြီးနားမြို့မရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေပါတယ်။
2017-08-29
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာသူ တစ်သောင်းနှစ်ထောင်ကျော် ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။
2017-08-29
ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်တွေမှာ အကြမ်းဖက် တိုက်ခိုက်ခံရမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူတွေ၊ ပိတ်မိနေတဲ့ဒေသခံတွေကို အချိန်မီ ကယ်ဆယ်ရေးနဲ့ အခြေခံလိုအပ်ချက်တွေကို အဆောတလျင်ဆောင်ရွက်ပေးဖို့ ပြည်ထောင်စု အစိုးရထံ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ဒီနေ့ ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးမှာ တင်သွင်းလိုက်ပါတယ်။
2017-08-28
မောင်တောဒေသ မြောက်ပိုင်းမှာရှိတဲ့ ငခူတိုင်ကျေးရွာကို အစွန်းရောက် အကြမ်းဖက်သမားတွေက ဒီနေ့ မီးရှို့လိုက်တဲ့အတွက် ဒေသခံတွေ ထွက်ပြေးပုန်းအောင်းနေရတယ်လို့ သိရပါတယ်။
2017-08-28
ကျောက်မျက်ရတနာတွေနဲ့ တွင်းထွက်သတ္တုသယံဇာတတွေကို နောင်လာနောင်သားတွေ အရှည်သဖြင့် ခံစားနိုင်ရေးအတွက် စနစ်တကျတူးဖော်ထုတ်လုပ် ထိန်းသိမ်းစောင့်ရှောက်ဖို့ အဆိုကို ပြည်သူ့လွှတ်တော်မှာ ဒီနေ့ အတည်ပြုလိုက်ပါတယ်။
2017-08-28
အစွန်းရောက် အကြမ်းဖက်သမားတွေက မောင်တောမြို့ကို စနစ်တကျ ဖျက်ဆီးဖို့ ကြံစည်လုပ်ဆောင်နေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက မနေ့ညပိုင်းက ထုတ်ပြန်လိုက်ပါတယ်။
2017-08-28
ပုပ်ရဟန်းမင်းကြီး Francis ဟာ ပထမဆုံးအကြိမ်အဖြစ် လာမယ့် နိုဝင်ဘာလ ၂၇ ရက်နေ့ကနေ ၃၀ ရက်နေ့ အထိ မြန်မာနိုင်ငံကို ၃ ရက်ကြာ ကြွရောက်မှာဖြစ် တယ်လို့ မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ် က သတင်းထုတ်ပြန်ပါတယ်။
2017-08-28
တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းကြောင့် မြန်မာနိုင်ငံ တိုင်းဒေသကြီး နဲ့ ပြည်နယ် ၇ ခုမှာ နောက် ၂ ရက်အတွင်း မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
2017-08-28
ဧရာဝတီမြစ်ရေနဲ့ ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်မှုကြောင့် မန္တလေးတိုင်း မြို့နယ် ၅ မြို့နယ်က လူဦးရေ ၁ သောင်း ၁ ထောင်နီးပါး ရေဘေးလွတ်ရာ ကို ပြောင်းရွှေ့နေကြရပြီး ၃ ဦး သေဆုံးသွားခဲ့ပါတယ်။
2017-08-27
အနည်းဆုံး အခကြေးငွေ ပြင်ဆင်သတ်မှတ်နိုင်ဖို့အတွက် ရန်ကုန်တိုင်းမှာရှိတဲ့ စက်မှုဇုန်တွေက အလုပ်သမားတွေရဲ့ တစ်နေ့တာ ကုန်ကျစရိတ်ကို လာမယ့် သြဂုတ်လ ၂၉ ရက်နေ့ကစပြီး စစ်တမ်းကောက်ယူသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အနည်းဆုံး အခကြေးငွေ သတ် မှတ်ရေးကော်မတီဝင် အလုပ်သမားကိုယ်စားလှယ် ဦးရဲဝင်းထွန်းက ပြောပါတယ်။
2017-08-27
ဧရာဝတီမြစ်ရေ မြင့်တက်နေမှုကြောင့် မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ် ၈ မြို့နယ်က လူဦးရေ ၂ သောင်း နီးပါးဟာ ရေလွတ်ရာနေရာတွေ ကို ပြောင်းရွှေ့နေထိုင်နေကြပါတယ်။
2017-08-27
ကြက်ငှက်တုပ်ကွေး H5N1 ရောဂါကြောင့် တနသာၤရီတိုင်းအတွင်း ကြက်ဥ/ကြက် သား ရောင်းဝယ်ဖောက်ကားမှုတွေကို ပိတ်ပင်ထားတာကို ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။