သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-11-12
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်ရဲ့ လွှတ်တော်နေရာအားလုံးမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က အနိုင်ရရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဒီနေ့၊ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
2020-11-12
ဖျက်သိမ်းခံလိုက်ရတဲ့ နှင်းဆီပါတီ လို့ လူသိများတဲ့ ညီညွတ်သောဒီမိုကရက်တစ် ပါတီရဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ထောင်ပြေးမှုပုဒ်မ ၂၂၄ နဲ့ ချမ်းအေးသာစံမြို့နယ် တရားရုံးကအမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ဒီနေ့ အမိန့်ချလိုက်ပါတယ်။
2020-11-12
ရခိုင်ပြည်နယ် အမ်းမြို့နယ် ရှောက်ခြုံကျေးရွာမှာ နိုဝင်ဘာ ၁၀ ရက်နေ့က လက်နက်ကြီးကျခဲ့လို့ ဒဏ်ရာရသူ ခြောက်ဦးထဲက ကလေး နှစ်ဦးနဲ့ လူကြီး နှစ်ဦးဟာ စစ်တွေဆေးရုံကြီးကို ဒီနေ့ မနက်အစောပိုင်းက အရေးပေါ်ကုသပေးနိုင်ရေးအတွက် ရောက်လာကြပါတယ်။
2020-11-12
တနင်္သာရီတိုင်း တစ်တိုင်းလုံးမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD)က ကိုယ်စားလှယ်တွေသာ အနိုင်ရရှိသွားတယ်လို့ တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2020-11-11
တရားမျှတတဲ့ရွေးကောက်ပွဲမဟုတ်ဘူးဆိုတာ စွပ်စွဲချက်ပဲဖြစ်ပြီး ပြစ်မှုကျူးလွန်တာတွေရှိရင် တိုင်ကြားနိုင်တဲ့ အကြောင်း UEC ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နေပြည်တော်မှာ မနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောကြားလိုက်ပါတယ်။
2020-11-11
ရခိုင်ပြည်နယ် အလယ်ပိုင်း အမ်းမြို့နယ် ရှောက်ခြုံကျေးရွာမှာ မနေ့ညနေက ရွာထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ကလေး လေးဦးအပါအဝင် ခြောက်ဦး အပြင်းအထန် ဒဏ်ရာရရှိသွားပါတယ်။
2020-11-11
ရခိုင်ပြည်နယ်အတွင်းက ရွေးကောက်ပွဲကျင်းပခဲ့တဲ့ စစ်တွေ၊ အမ်း၊ တောင်ကုတ် စတဲ့ မြို့နယ်တွေက ရွေးကောက်ပွဲရလဒ်တချို့ကို ဒီနေ့ နေ့လယ်ပိုင်းမှာ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲက ထုတ်ပြန်လိုက်ပါတယ်။
2020-11-11
ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရဲ့ တရားဝင်ထုတ်ပြန်ချက်တွေအရ ချင်းပြည်နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ ချင်းတိုင်းရင်းသားပါတီတွေဟာ ဒီနှစ်ရွေးကောက်ပွဲမှာ လွှတ်တော်သုံးနေရာအတွက်ပဲ အနိုင်ရခဲ့တယ်လို့သိရပါတယ်။
2020-11-11
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းလွှတ်တော် (၁) နဲ့ (၂) အပါအဝင် နေရာ လေးနေရာလုံးကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ပါတီက ကိုယ်စားလှယ်တွေ အနိုင်ရသွားတယ်လို့ တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဒီကနေ့ အတည်ပြု ကြေညာလိုက်ပါတယ်။
2020-11-11
နိုဝင်ဘာ ၈ ရက်နေ့က ၂၀၂၀ အထွေထွေရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခုမဖြစ်လို့ USDP က အသိအမှတ်မပြုဘူးလို့ ရန်ကုန်တိုင်း ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
2020-11-10
လက်ရှိရွေးကောက်ပွဲမှာ NLD က ထပ်မံအနိုင်ရခဲ့တာဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ချစ်ခင်မှုအပြင် ရွေးကောက်ပွဲမတိုင်ခင် လတ်တလောကာလတွေအတွင်း USDP နဲ့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပြောဆိုဆောင်ရွက်မှုတွေကြောင့်လို့ လေ့လာသူတချို့က သုံးသပ်ပါတယ်။
2020-11-10
နိုဝင်ဘာလ(၈) ရက်နေ့မှာ ကျင်းပတဲ့ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မဲရလဒ်တွေမှာ အငြင်းပွားဖွယ်ရာတွေ များစွာ ရှိနေတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောလိုက်ပါတယ်။
2020-11-10
မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ဝင်းမြမြ အနိုင်ရရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ကြေညာလိုက်ပါတယ်။
2020-11-10
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ပြည်သူ့လွှတ်တော်၊ ပြည်နယ်မဲဆန္ဒနယ်(၁) နဲ့ (၂) နေရာတွေမှာ အနိုင်ရခဲ့ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက အမျိုးသားလွှတ်တော်နေရာမှာ အနိုင်ရခဲ့ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေက အတည်ပြုပြောပါတယ်။
2020-11-10
NLD ပါတီရဲ့ တရားဝင်လူမှုကွန်ရက်စာမျက်နှာမှာ ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း (၂၄၀) နဲ့ အမျိုးသားလွှတ်တော်အတွက် (၁၆၁) နေရာ အနိုင်ရထားပြီလို့ ကြေညာထားတာပါ။