သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-10-11
နေပြည်တော်နဲ့ မန္တလေး သပိတ်စစ်ကြောင်းတွေမှာ ဦးဆောင်ခဲ့သူ ကျောက်ဆည် နည်းပညာတက္ကသိုလ်က ကျောင်းသားတွေဖြစ်တဲ့ ကိုလင်းပိုင်စိုးနဲ့ ကိုငြိမ်းမင်းသန့် တို့ နှစ်ဦး မန္တလေးနန်းတွင်း စစ်ကြောရေးကို ရောက်ရှိနေတာ ဆယ်ရက်ကျော်လာပြီဖြစ်လို့ အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ သူတို့နဲ့နီးစပ်သူတွေက ပြောပါတယ်။
2021-10-11
တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးအတွက်ဆိုပြီး စစ်ကောင်စီက အပစ်အခတ်ရပ်စဲရေးကို ငါးလ သက်တမ်းတိုးလိုက် ပေမဲ့လည်း ကရင်ပြည်နယ်ထဲမှာ စစ်ရေးလှုပ်ရှားမှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတာကြောင့် တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ ကရင်အမျိုသားအစည်းအရုံး KNU က သတင်းထုတ်ပြန်ထားပါတယ်။
2021-10-11
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံက City Mart အနီး ယာဉ်ထိန်းရဲ ကင်းမှာ ဒီကနေ့ အောက်တိုဘာလ ၁၁ ရက်နေ့ နေ့လယ် ၂ နာရီဝန်းကျင်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-10-11
မွန်ညီညွတ်ရေးပါတီ MUP ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးနိုင်တင်အောင်ဟာ အောက်တိုဘာလ ၁၀ ရက် မနေ့ညပိုင်းက ၉၆ ပါးရောဂါနဲ့ နေအိမ်မှာပဲ ကွယ်လွန်သွားခဲ့တယ်လို့ MUP က ထုတ်ပြန်ထားပါတယ်။
2021-10-11
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ရဲ့ အမှုတွေထဲက သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ အရေးယူ ထားတဲ့အမှုတွေကို တရားရုံးက ဒီနေ့ စွဲချက်တင်လိုက်ပြီး သူတို့နှစ်ဦးလုံးက အပြစ်မရှိကြောင်း ထွက်ဆိုခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့က ပြောပါတယ်။
2021-10-10
မြန်မာနိုင်ငံ ဘုရားသုံးဆူရဲ့တဘက်ကမ်းဖြစ်တဲ့ ထိုင်းနိုင်ငံ ဆန်ခလဘူရီခရိုင်မှာ တရားဝင် အထောက်အထားမရှိဘဲဝင်လာတဲ့ မြန်မာ ရှစ်ယောက်နဲ့ သူတို့ကို ခေါ်လာတဲ့ ထိုင်းတစ်ယောက်ကို ထိုင်းစစ်တပ်နဲ့ရဲ ပူးပေါင်းအဖွဲ့က မနေ့က ဖမ်းလိုက်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။
2021-10-10
ဘဂ်လားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားမြို့က ဒုက္ခသည်စခန်းတစ်ခုမှာ အသတ်ခံ လိုက်ရတဲ့ မိုဟစ်အူလာ ဖြစ်ရပ်နဲ့ပတ်သက်လို့ ရိုဟင်ဂျာ ၁၂ ယောက်ကို ဘင်္ဂလား ဒေ့ရှ်ရဲ က ဖမ်းထားတယ်လို့ အေအက်ဖ်ပီ သတင်းမှာ မနေ့ကဖော်ပြထားပါတယ်။
2021-10-10
အိန္ဒိယနိုင်ငံ Bharat Electronics Limited (BEL) ကုမ္ပဏီက၊ မြန်မာစစ်ကောင်စီက ဝယ်ထားတဲ့ အဝေးထိန်းစနစ်နဲ့ လေကြောင်းရန်ကာကွယ်ရေးပစ္စည်းတွေကို ပြီးခဲ့တဲ့ ဇူလိုင်လက လွှဲပြောင်းပေးအပ်လိုက်တယ်လို့ အိန္ဒိယကလာတဲ့ သတင်းတစ်ပုဒ်မှာ မနေ့က ဖော်ပြထားပါတယ်။
2021-10-10
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ကျောက်တန်းရွာက ဦးကမ္ဘာကျော်ရဲ့အိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အောက်တိုဘာ ၉ ရက် မနေ့ညပိုင်းက မီးရှို့ ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-10-10
အာဏာသိမ်း စစ်ကောင်စီရဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဟာ နိုင်ငံရေးပါတီတချို့ကို ဖိတ်ကြားပြီး မနေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2021-10-10
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် နှောကုန်းကျေးရွာက စစ်ကောင်စီသတင်းပေး ပျူစောထီးအဖွဲ့ဝင်လို့ စွပ်စွဲခံထားရသူတစ်ဦး အောက်တိုဘာ ၁၀ ရက် ဒီနေ့ နေ့လည်ပိုင်းက အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-10-10
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲမှာ စစ်ကောင်စီယာဉ်တန်းကို နှစ်ကြိမ် မိုင်းခွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က အများအပြား သေဆုံးသူတွေရှိတယ်လို့ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အောက်တိုဘာ ၁၀ ရက်၊ ဒီနေ့မနက် သတင်း ထုတ်ပြန်ပါတယ်။
2021-10-10
အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကို ဆက်သွယ်လက်ခံပြီး ရုံးခန်းဖွင့်ခွင့်ပေးတဲ့ နိုင်ငံတွေရဲ့ အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်တွေဟာ အကြမ်းဖက်အားပေးနေ တယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာလ ၉ ရက် မနေ့က ထုတ်ပြန်လိုက်ပါတယ်။
2021-10-10
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ဒေါင့်ကြီးရွာကို အောက်တိုဘာ ၉ ရက် မနေ့က စစ်ကောင်စီတပ်တွေ အင်အားတစ်ရာခန့်နဲ့ ဝင်ရောက်စီးနင်းကာ ဒေသခံ ၁၀ ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေါင့်ကြီးရွာက မျက်မြင်တွေ့သူတွေက ပြောပါတယ်။
2021-10-09
ချင်းပြည်နယ် တီးတိန်မြို့နယ် ကလေး - တီးတိန် ကားလမ်းမဘေးက ဟိန်ဇိန်ရွာအဝင်က လူမရှိတဲ့ အိမ်တွေထဲ စစ်ကောင်စီတပ်သားတွေက ဝင်ရောက်ခဲ့ပြီး ပစ္စည်းတချို့ ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။