သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-08-24
မြန်မာအစိုးရအနေနဲ့ ရခိုင်အကြံပေးကော်မရှင်ရဲ့ အကြံပြုတွေကို အမြန်ဆုံး အကောင် အထည်ဖော်ဖို့ ထိုင်းအခြေစိုက် Fortify Rights လူ့အခွင့်အရေးအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
2017-08-24
မြန်မာအစိုးရကို တင်သွင်းလိုက်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာနဲ့ ပတ်သက်ပြီး ကော်မရှင်ဥက္ကဋ္ဌဖြစ်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်မှာ ၂ဝ၁၇ သြဂုတ်လ ၂၄ ရက် ဒီနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2017-08-24
ရခိုင်ပြည်နယ်မှာ ပိုမိုကောင်းမွန်တဲ့ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးအစီအမံတွေ ချမှတ်အကောင် အထည်ဖော်ဖို့ အစိုးရကို တိုက်တွန်းကြောင်း အဆိုကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးပြီး မဲခွဲဆုံးဖြတ်ရာမှာ အတည်ပြုမယ့်ဘက်က ရှုံးနိမ့်သွားတဲ့အတွက် မှတ်တမ်းအဖြစ်သာ ထားရှိလိုက် ပါတယ်။
2017-08-24
ဒီကနေ့အထိ ရာသီတုပ်ကွေး H1N1 ရောဂါပိုးတွေ့ရှိသူ ၃၂၄ ဦးထိရှိလာပြီး ရောဂါပိုးကြောင့် သေ ဆုံးသူဦးရေ ၃၃ ဦး ရှိပြီဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။
2017-08-24
မကွေးတိုင်းဒေသကြီး မန်းရေနံမြေ၊ ထောက်ရှာပင်ရေနံမြေတို့နဲ့ တစ်ဆက်တည်းဖြစ်နေ တဲ့ ရေနံမြေ ကြောအသစ် နှစ်ခုကို ရှာဖွေတွေ့ရှိထားတယ်လို့ မကွေးတိုင်းဒေသကြီးဝန်ကြီး ချုပ် ဒေါက်တာ အောင်မိုးညိုက ပြောပါတယ်။
2017-08-24
စစ်ကိုင်း၊ မန္တလေး၊ ကချင်၊ ရှမ်း၊ ကရင်၊ မွန်နဲ့ နေပြည်တော် စတဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ရက်ပိုင်းအတွင်း မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်း ထုတ်ပြန်ပါတယ်။
2017-08-24
အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံက ပဲဝယ်ယူမှုကို ကန့်သတ်လိုက်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ပဲဈေးကွက် အထိနာခဲ့ရပြီး ပဲအမျိုးမျိုးကို ဈေးနှိမ်ဝယ်ယူရောင်းချတာတွေ မဖြစ်စေဖို့အတွက် ရန်ကုန်ဈေးကွက်အပါအဝင် တစ်နိုင်ငံလုံးမှာ ပဲအရောင်းအဝယ်တွေကို ယာယီရပ်နားထားတယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
2017-08-24
ကွဲပြားနေတဲ့ မွန်နိုင်ငံရေးအင်အားစုတွေကို ပေါင်းစည်းနိုင်ဖို့အတွက် လာမယ့် ၂၀၁၈ နှစ်ဆန်းပိုင်းမှာ ညီလာခံတစ်ခုကျင်းပပြီး မွန်နိုင်ငံရေးအခင်းအကျင်းသစ်တစ်ခု ဖန်တီးသွားမယ်လို့ ရာမညအင်အားစု က ဒေါက်တာအောင်နိုင်ဦးက ပြောပါတယ်။
2017-08-23
ရခိုင်ပြည်နယ်မှာအခြေစိုက်ပြီး အကူအညီတွေပေးနေတဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ လူမှုအဖွဲ့အစည်းတွေကို လာမယ့်သြဂုတ်လ ၂၇ ရက်နေ့ နောက်ဆုံးထားထွက်ခွာသွားပေးဖို့ စစ်တွေမြို့မှာရှိတဲ့ သံဃာတော်တွေနဲ့ ဒေသခံတွေက ပြည်နယ်အစိုးရကနေတဆင့် မနေ့က တောင်းဆိုလိုက်ပါတယ်။
2017-08-23
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင် အကြံပေးကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာ ကို ဒီကနေ့ နိုင်ငံတော် သမ္မတထံ ပေးအပ် လိုက်ပါတယ်။
2017-08-23
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းနဲ့ ပန်ဆောင်မြို့နယ်တွေမှာ ဆန်နဲ့ စားနပ်ရိက္ခာတွေ ပြတ် လပ်နေတာကြောင့် အခက်အခဲတွေကြုံတွေ့နေရတယ်လို့ နန်းယွန်းမြို့နယ် တိုင်းလွှတ်တော်ကိုယ် စားလှယ် ဦးစိမ်းမောင် က ပြောပါတယ်။
2017-08-23
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို အကောင် အထည်ဖော်နေတဲ့ ဝမ်ပေါင်ကုမ္ပဏီဟာ လက်ပံတောင်းတောင်အစီရင်ခံစာအတိုင်း ဒေသခံတွေနဲ့ ညှိနှိုင်းဆောင်ရွက်ခြင်းမရှိလို့ ဆိုပြီး ဒေသခံ ၁၀၀ လောက်က ဒီကနေ့ ဆန္ဒပြကြပါတယ်။
2017-08-23
မနေ့ညက ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် ၂၆ ရပ်ကွက် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ စက်သုံးဆီ တင်ဆောင်လာတဲ့ ဆီဘောက်ဆာကားတစီး မီးလောင်ပြီး အနီးပတ်ဝန်းကျင်နေအိမ် ၉ လုံး မီးကူးစက်လောင် ကျွမ်းခဲ့ပါတယ်။
2017-08-23
နိုင်ငံတစ်ဝှမ်းက သိမ်းဆည်းခံလယ်ယာမြေတွေနဲ့ ပတ်သက်ပြီး တရားရုံးတွေမှာ ဥပဒေအတိုင်း ဖြေရှင်းကြဖို့ သက်ဆိုင်ရာအစိုးရ တာဝန်ရှိသူ နှစ်ဦးရဲ့ ဖြေဆိုချက်တွေနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် က မြေယာသိမ်းဆည်းခံရမှုတွေကို မေတ္တာတရားထားပြီး ပြန်လည်သုံးသပ်ပေးကြဖို့ သတိပေးပြောကြားလိုက်ပါတယ်။
2017-08-23
လာမယ့် တတိယအကြိမ်မြောက် ၂၁ ရာစုပင်လုံညီလာခံမကျင်းပခင် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ရေးထိုးနိုင်ဖို့ ကြိုးစား သွားမယ်လို့ မွန်ပြည်သစ်ပါတီ ပြည်တွင်းတာဝန်ခံ နိုင်ဝင်းလှ က ပြောပါတယ်။