သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-10-09
ဒေါ်အောင်ဆန်းစုကြည်ကို ရွှေခုနစ် ပိဿာနဲ့ ဒေါ်လာ ခြောက်သိန်း ပေးခဲ့တယ်ဆိုတဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ထွက်ဆိုချက်ဟာ ဘာသက်သေခံပစ္စည်းမှ မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုလိုက်ရှေ့နေ ဦးကြည်ဝင်းက ပြောပါတယ်။
2021-10-09
စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးကိစ္စဆွေးနွေးဖို့မရှိဘူးလို့ ကရင်နီတပ်မတော် (KA) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောဘီထူးက ဒီနေ့ အောက်တိုဘာ ၉ ရက်မှာကျင်းပတဲ့ အပတ်စဉ် (၇၁) အခြေခံ စစ်သင်တန်းဆင်းပွဲမှာ ပြောလိုက်ပါတယ်။
2021-10-09
စက်တင်ဘာလ တစ်လအတွင်းမှာ တိုက်ပွဲနဲ့ ပဋိပက္ခဖြစ်စဉ်တွေကြောင့် နိုင်ငံတစ်ဝှမ်း စစ်ကောင်စီတပ်က သေဆုံးသူ ၇၆၈ ယောက် ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အောက်တိုဘာ ၈ ရက် မနေ့က ထုတ်ပြန်ပါတယ်။
2021-10-09
စစ်ကိုင်းတိုင်း ပုလဲနဲ့ ဆားလင်းကြီးမြို့နယ်အစပ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပုလဲ PDF နဲ့ မြိုင် PDF ပူးပေါင်းအဖွဲ့တို့ အောက်တိုဘာ ၈ ရက် မနေ့က တိုက်ပွဲဖြစ် ပွားရာ စစ်ကောင်စီဘက်က ငါးယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ပုလဲ PDF အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
2021-10-09
စစ်ကောင်စီက ဖွဲ့ထားတဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) နဲ့ နိုင်ငံရေးပါတီတချို့ဟာ ဒီနေ့ အောက်တိုဘာ ၉ ရက်နေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးဖို့ရှိ နေတယ်လို့ နိုင်ငံရေးပါတီတွေဆီက သိရပါတယ်။
2021-10-08
ချင်းပြည်နယ် ကန်ပက်လက်နဲ့ ဟားခါးမြို့နယ်၊ စစ်ကိုင်းတိုင်းထဲက ကနီနဲ့ မုံရွာမြို့နယ်၊ မကွေးတိုင်းထဲက ဂန့်ဂေါမြို့နယ်တွေမှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း မြန်မာစစ်တပ်က လက်နက်အမြောက်အမြားနဲ့ စစ်အင်အားအများအပြား တပ်ဖြန့်ချထားတယ်ဆိုတဲ့ သတင်းတွေကြောင့် အထူးပဲစိုးရိမ်နေရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး ပြောခွင့်ရပုဂ္ဂိုလ် Ravina Shamdasani က ဒီကနေ့ပဲ သတင်းထုတ်ပြန်ပါတယ်။
2021-10-08
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုနဲ့ပတ်သက်ပြီး ပုံမှန်ထုတ်ပြန်ဖြေကြားပေးနေတဲ့ ရှေ့နေ့တွေဟာ အောက်တိုဘာလ ၇ ရက် မနေ့ကစပြီး သတင်းမထုတ်ပြန်တော့သလို ဖုန်းနဲ့ ဆက်သွယ်ပေမယ့်လည်း ဖြေဆိုတာ မရှိတော့ပါဘူး။
2021-10-08
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုအပေါ် စစ်ကောင်စီက စွဲဆိုထားတဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ) အမှုအတွက် စစ်တွေမြို့နယ်တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ်နှစ်နှစ် ချမှတ်လိုက်ပါတယ်။
2021-10-08
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ဘာပစ္စည်းမှပို့လို့မရအောင် စစ်ကောင်စီဘက် က ပိတ်ထားတာကြောင့် စစ်ဘေးဒုက္ခသည် ဒေသခံ ၅၀၀၀ နီးပါး စားနပ်ရိက္ခာပြတ် တောက်မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-10-08
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ထောက်ကြန့်အုပ်စုထဲက သာယာကုန်းရွာကို အောက်တိုဘာလ ၈ ရက် ဒီနေ့ မနက်ပိုင်း စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ရှာဖွေပြီး ဆန်စက်၊ ကြက်ခြံနဲ့ နေအိမ်တစ်လုံးကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-10-08
ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ကန်ရိပ်သာလမ်းမှာရှိတဲ့ Brave Bar ကို အောက်တို ဘာလ ၇ ရက် မနေ့ည ၁၂ နာရီဝန်းကျင်ခန့်မှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက် ဖမ်းဆီးခဲ့တာကြောင့် အယောက် ၂၀၀ ကျော် အဖမ်းခံခဲ့ရပါတယ်။
2021-10-07
၂၀၂၁ ခုနှစ်အတွက် Burma Act ခေါ် မြန်မာဥပဒေကို အမေရိကန်လွှတ်တော် နှစ်ရပ်လုံးက အတည်ပြုထုတ်ပြန်ဖို့၊ ပြည်တွင်း ပြည်ပက မြန်မာအသိုင်းအဝန်း အခြေပြုအဖွဲ့အစည်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်း ၂၄၂ ဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
2021-10-07
မြန်မာနိုင်ငံနဲ့ ရဝမ်ဒါနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး အီးယူ- ဥရောပပါလီမန်က ဆုံးဖြတ်ချက်နှစ်စောင် မနေ့ကချမှတ်လိုက်ပါတယ်။ ကိုးကွယ်ရာ ဘာသာနဲ့ တိုင်းရင်းသားတွေပေါ် ပြုမူတာ အပါအဝင် မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကြောင့် ချမှတ်တာပါ။
2021-10-07
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ထဲက ရွာလေးခုမှာ ၁ လသူကြီး၊ ၁၅ ရက်သူကြီး စတဲ့ အလှည့်ကျစနစ်နဲ့ အုပ်ချုပ်ဖို့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) က ရပ်မိရပ်ဖတွေကို ခေါ်ယူအမိန့်ပေးခဲ့တယ်လို့ ကရင်အမျိုးသား အစည်းအရုံး (KNU) က သတင်းထုတ်ပြန်ပါတယ်။
2021-10-07
ကယားပြည်နယ် လွိုင်ကော်မြို့မှာ အောက်တိုဘာလ ၆ ရက် မနေ့ညက စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးကျည် ရပ်ကွက်ထဲ ကျရောက်ပေါက်ကွဲခဲ့တာ ကြောင့် လူတစ်ဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) သတင်းထုတ်ပြန်ပါတယ်။