သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-09-15
တပ်မတော်ကို ထောက်ခံကြောင်းနဲ့ ပြည်ပစွက်ဖက်တာတွေကို ဆန့်ကျင်ကြောင်း ဆန္ဒြုပပွဲကို စစ်မှုထမ်းဟောင်းအဖွဲ့က ဦးဆောင်ပြီး မန္တလေးမြို့မှာ ဒီနေ့ ဒုတိယအကြိမ်မြောက် ပြုလုပ်ခဲ့ ပါတယ်။
2018-09-15
ဥရောပ သမဂ္ဂ EU က ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမွတ်စလင်တွေကို အစိုးရတပ်ဖွဲ့တွေက လူမဆန် ရက်စက်မှုတွေ ကျူးလွန်ခဲ့တာနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို အရေးယူ အပြစ်ပေးနိုင်ရေး အတွက် လုံခြုံရေးကောင်စီအနေနဲ့ ဆုံးဖြတ်ချက်ချဖို့ တိုက်တွန်းနေပါတယ်။
2018-09-15
သရုပ်ဆောင် အောင်ရဲထွေး သတ်ဖြတ်ခံရမှုမှာ တရားခံအဖြစ် သံသယရှိလို့ ဖမ်းဆီးထားသူတွေ ကို လာဘ်ငွေယူ လွှတ်ပေးခဲ့မှုနဲ့ ပတ်သက်ပြီး အခုဖမ်းဆီးထားတဲ့ ရန်ကုန်တိုင်း ဥပေဒချုပ် ဦးဟန်ထူး အပါအဝင် ၆ ဦးကို ရန်ကုန်တိုင်းဒေသကြီး တရားလွတ်တော်မှာ ကြားနာစစ်ဆေးတဲ့ အခါ ရန်ကုန်တိုင်း ဥပဒေရုံးက အရာရှိတွေက လိုက်ပါဆောင်ရွက်မှာဖြစ်ကြောင်းနဲ့ အဲဒီ ရှေ့နေတွေအားလုံးဟာ ဦးဟန်ထူးရဲ့ လက်အောက်ခံ တပည့်တွေဖြစ်နေတဲ့အတွက် အမှန်အကန် ဖော်ထုတ်မှာလားဆိုတာကို အများပြည်သူတွေက သံသယရှိနေကြကြောင်း သိရပါတယ်။
2018-09-14
Genocide ခေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စာချုပ်ရဲ့အခန်းကဏ္ဍဟာ ဒီနေ့ကာလမှာ ပိုမိုအရေးပါလာပြီဆိုတာ သံသယဖြစ်ဖွယ်မရှိကြောင်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ပြဿနာကို ရှေ့တန်းတင်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က ပြောကြားခဲ့ပါတယ်။
2018-09-14
ထိပ်တိုက်တွေ့ဆုံမှုတွေကို လျော့ချနိုင်ဖို့အတွက် အစိုးရ တပ်မတော်နဲ့၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA အဖွဲ့က ဆုံးဖြတ်ချနိုင်တဲ့ ခေါင်းဆောင်တွေ မကြာခင်တွေ့ဆုံသွားဖို့ရှိတယ်လို့ သိရပါတယ်။
2018-09-14
ရခိုင်အမျိုးသားပါတီ ANP က ခွဲထွက်ပြီး "အဖရခိုင်ပါတီ" ကိုတည်ထောင်ဖို့အတွက် သူကိုယ်တိုင် ဦးဆောင်ကြိုးပမ်းခဲ့တာဖြစ်ကြောင်း၊ ရွေးကောက်ပွဲကော်မရှင်က လက်မခံတာကြောင့် တခြား အမည်နဲ့ ပါတီထောင်ဖို့ ညှိနှိုင်းနေကြောင်း ဒေါက်တာအေးမောင်က ပြောကြားလိုက်ပါတယ်။
2018-09-14
ရခိုင်ပြည်နယ် မောင်တောဒေသမှာနေထိုင်တဲ့ ဆယ်တန်းအောင်နဲ့ ဘွဲ့ရ မွတ်စလင်လူငယ်တွေကို အစိုးရက သင်ကြားရေးအထောက်အကူပြုဆရာတွေအဖြစ် ခန့်အပ်ဖို့ ဒီနေ့ နောက်ဆုံးထားပြီး စာရင်းတွေ ကောက်ယူခဲ့ပါတယ်။
2018-09-14
ဒေသတွင်းမှာ နျူကလီးယား အန္တရာယ်ကျရောက်ရင် နိုင်ငံတကာအကူအညီရဖို့နဲ့ နိုင်ငံတကာက သံသယကင်းစေဖို့ နျူကလီးယားလက်နက် ပိတ်ပင်တားဆီးရေး စာချုပ်မှာ လက်မှတ်ထိုးသင့် တယ်လို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
2018-09-14
ကချင်၊ ရှမ်းနဲ့ ရခိုင်ပြည်နယ်တွေမှာ မြန်မာ့တပ်မတော်ရဲ့ လူ့အခွင့်အရေးချိုးဖောက်ခဲ့မှုတွေနဲ့ ပတ်သက်ပြီး ICC နိုင်ငံတကာရာဇဝတ်မှုခုံရုံးမှာ စစ်ဆေးသင့်ကြောင်း ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်ကို ထောက်ခံတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဒုဥက္ကဋ္ဌဟောင်း နော်စီဖိုးရာစိန် ဦးဆောင်တဲ့ KNU Concerned Group က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
2018-09-14
ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂက တောင်းဆိုထားတဲ့ တက္ကသိုလ်ပညာ သင်ယူခွင့်ရရှိဖို့ တောင်းဆိုချက်တွေကို ထောက်ခံတဲ့အနေနဲ့ စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားတွေက ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2018-09-14
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရိုက်တာသတင်းထောက်တွေ ထောင်ဒဏ်အပြစ်ပေးခံရတာဟာ သတင်းထောက်တွေဖြစ်လို့ မဟုတ်ဘဲ အစိုးရလှို့ဝှက်ချက် ဥပဒေကို သူတို့ ချိုးဖေါက်ခဲ့ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့တာကြောင့် ဖြစ်တယ်လို့ ဟနွိုင်းမြို့မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေး နှီးနှောဖလှယ်ပွဲမှာ ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley နစ်ကီး ဟေးလီ က လူမျိုးတုံးရှင်းလင်းမှု ဖေါ်ထုတ်ခဲ့သူတွေ ထောင်ဒဏ်အပြစ်ပေးခံရတာကို တရားမျှတလေဟန် ပြောဆိုခဲ့တဲ့အတွက် မယုံကြည်နိုင်စရာပါပဲလို့ မနေ့က ဝေဖန်လိုက်ပါတယ်။
2018-09-13
ဟာသသရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရတဲ့အမှုကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ဥပဒေအရာရှိချုပ်နဲ့ တရားသူကြီး အပါအဝင် ဥပဒေအရာရှိ ခြောက်ဦးကို လာဘ်ငွေရယူမှုနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ဒီကနေ့ အမှုဖွင့် အရေးယူလိုက်ပါတယ်။
2018-09-13
အစိုးရနဲ့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကြားမှာ ကိုယ်ပိုင်နယ်မြေ သီးသန့် မသတ်မှတ်နိုင်သေးတဲ့အတွက် နှစ်ဖက်လက်နက်ကိုင်အဖွဲ့ အစည်းတွေအနေနဲ့ နယ်မြေအစည်းအခြားနဲ့ ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့လိုတယ်လို့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U တာဝန်ရှိသူက ပြောလိုက်ပါတယ်။
2018-09-13
ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်တောင်မိုင်မှာရှိတဲ့ PA အထည်ချုပ်စက်ရုံက မြန်မာအလုပ်သမား ၁၀၀ ကျော်အတွက် ဘတ် ၈ သန်း ( မြန်မာငွေကျပ် သန်းပေါင်း ၃၈၀ ကျော်) ကို စက်တင်ဘာ ၁၂ ရက်နေ့မှာ ပေးခဲ့ပြီးဖြစ်တယ်လို့ ထိုင်းအစိုးရအဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
2018-09-13
ကမ္ဘာကျော် စတားဘတ် (Starbucks ) ကော်ဖီကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ့် အစီအစဉ်ကို ယာယီရပ်ဆိုင်းထားလိုက်ပါတယ်။