သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-09-13
မြစ်ဆုံရေကာတာ စီမံကိန်းကို ဆောင်ရွက်ဖို့ တရုတ်အစိုးရပိုင် စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း SPIC ကုမ္ပဏီက ရေကာတွေရဲ့ အကျိုးကျေးဇူးနဲ့ ပတ်သက်ပြီး မြစ်ဆုံအနီးက ကျေးရွာတွေကို လာရောက်ဟောပြောခဲ့တယ်လို့ သိရပါတယ်။
2018-09-13
အလုပ်သမား ၂၀၀ ကျော် အလုပ်ထုတ်ခံရတာကို ပြေလည်အောင်ဖြေရှင်းပေးဖို့အတွက် ပုလိပ်မြို့ ပန်ဒါ ချည်မျှင်နဲ့ အထည်စက်ရုံက အလုပ်ထုတ်ခံခဲ့ရတဲ့ အလုပ်သမားတွေ စုပေါင်းပြီး မန္တလေးတိုင်းအစိုးရ အဖွဲ့ရုံးရှေ့မှာ ဒီနေ့ လာရောက်တောင်းဆိုခဲ့ကြပါတယ်။
2018-09-13
ကုလသမဂ္ဂအဖွဲ့အစည်းတွေဖြစ်တဲ့ UNHCR နဲ့ UNDP က တာဝန်ရှိသူတွေ ရခိုင်ပြည်နယ်မြောက် ပိုင်းက ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေကို ပထမဆုံးရောက်ရှိနေပြီး လိုအပ်တဲ့ စစ်တမ်းကောက်ယူချက်တွေကို လွတ်လပ်စွာမေးခွင့်ပြုထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဒီနေ့ RFA ကို ပြောပါတယ်။
2018-09-13
ရိုဟင်ဂျာ မွတ်စလင်တွေအရေးနဲ့ပတ်သက်ပြီး တပ်မတော်အနေနဲ့ ဒီထက်ပိုကောင်းမွန်အောင် ကိုင်တွယ်ဖြေရှင်း သင့်တယ်လို့ တွေးမိတာတွေရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက် ပါတယ်။
2018-09-13
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ၁၀၀ ကျော်က တပ်မတော်ကို ထောက်ခံကြောင်း ဆန္ဒပြပွဲကို မန္တလေးမြို့ မနောမရမ္မံ အားကစားကွင်းအတွင်းမှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။
2018-09-13
ဘင်္ဂလာဒေ့ရ်ှနိုင်ငံ အနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို အမြဲတမ်း လက်ခံထားမှာမဟုတ်ဘူးလို့ ဟနွိုင်းမြို့က ကမ္ဘာ့စီးပွားရေးနှီးနှောဖလှယ်ပွဲကို ဘင်္ဂလာဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ကိုယ်စား တက်ရောက်နေတဲ့ အရာရှိ Shahidul Haque က ဗုဒ္ဓဟူးနေ့ မနေ့က ပြောဆိုပါတယ်။
2018-09-13
အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ဒီလကုန်ပိုင်း ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံ ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာ မဟုတ်ဘူးလို့ သိရ ပါတယ်။
2018-09-13
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံတူ ကြေးသွန်းပန်းပုရုပ်ထုတစ်ခု၊ ပန်းအိုးတစ်ခုနဲ့ ကျောက်စိမ်းလည်ဆွဲတစ်ခုတို့ကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရန်ပုံငွေအတွက် ဆီဒိုးနားဟိုတယ်မှာ လာမယ့် အောက်တိုဘာလ ၅ ရက်နေ့ လေလံတင် ရောင်းချပါလိမ့်မယ်။
2018-09-12
ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆင်က မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို အလေးအနက် ထားဖို့လိုကြောင်းနဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေဖြစ်ပွားခဲ့တယ်ဆိုပြီး စွပ်စွဲပြောဆိုနေကြသူတွေဟာ မြန်မာပြည်အကြောင်းနဲ့ အဲဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ တကယ်သေသေချာချာ သိကြလို့လားလို့ မနေ့က မေးခွန်းထုတ်လိုက်ပါတယ်။
2018-09-12
ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ ဆူပူပဋိပက္ခတွေနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR နဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP က ပညာရှင်တွေ ဝန်ထမ်းတွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းကို မနေ့က သွားရောက်ပြီး ထွက်ပြေး သွားသူတွေ ပြန်လည်နေရာချထားရေး လုပ်ငန်းတွေကို စတင်ခဲ့ပါတယ်။
2018-09-12
ပညာရေးကောလိပ် ကျောင်းသားတွေဟာ ပညာဆက်လက်သင်ယူခွင့်ရရှိရေးနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက အခက်အခဲတွေ ဖြေရှင်းပေးဖို့ ထားဝယ်ပညာရေးကောလိပ်က ကျောင်းသား ၁၀၀ ကျော်က ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2018-09-12
လွှတ်တော်ကိုယ်စားလှယ်တွေကို စည်ပင်တည်းခိုဆောင်မှာ မထားဘဲ လွှတ်တော်ကိုယ်စားလှယ် အဆောင်တွေ ဆောက်လုပ်ပေးဖို့ ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြည်သူ့လွှတ်တော်မှာ တင်ပြဆွေးနွေးခဲ့ပါတယ်။
2018-09-12
ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် အိန္ဒိယအစိုးရက ၅ နှစ်တာအတွင်း အမေရိကန်ဒေါ်လာ ၂၅ သန်းအထိ ကူညီသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Shri Vikram Misri က ဒီနေ့ ပြောလိုက်ပါတယ်။
2018-09-12
ရိုက်တာ သတင်းထောက် ၂ ဦးနဲ့ ဒုရဲအုပ် မိုးရန်နိုင်တို့ကို ဟံသာဝတီ ဦးဝင်တင် ဖောင်ဒေးရှင်းက နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ပြီး ဒီနေ့ ထောက်ပံ့ငွေ ပေးအပ်ခဲ့ပါတယ်။
2018-09-12
သတင်းမီဒီယာကောင်စီရွေးချယ်ရေးအဖွဲ့ကို မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက ကန့်ကွက်လိုက်ပြီး သတင်းမီဒီယာကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်မှာမဟုတ်ကြောင်း မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက စက်တင်ဘာလ ၁၁ ရက်နေ့ မနေ့က ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။