သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-09-11
ကချင်ပြည်နယ် ပူတာအိုမြို့နယ်မှာ မိုးကြီးပြီး တောင်ကျချောင်းရေတွေ အလုံးအရင်းနဲ့ စီးဆင်းလာ တာကြောင့် ရွာ ၃ ရွာမှာ ရေကြီးပြီး သွားလာရေးခက်ခဲနေပါတယ်။
2018-09-11
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ မြို့နယ်မှာ ဒုရဲမှူး တစ်ဦး လိုက်ပါလာတဲ့ ကားပေါ်ကနေ မူးယစ်ဆေးဝါးနဲ့ တရားမဝင် လက်နက်၊ ကျည်ဆံတွေကို ကျောက်မဲမြို့ အိုရီယမ်တယ် တိုးဂိတ်မှာ မနေ့ညက ဖမ်းဆီးရမိခဲ့ပါတယ်။
2018-09-11
စင်္ကာပူနိုင်ငံမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ အာရှ ၁ဝ နိုင်ငံ ကရာတေးဖိတ်ခေါ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံက ပထမဆု ရွှေတံဆိပ် (၄) ခု၊ ဒုတိယဆု ငွေတံဆိပ် (၂) ခု နဲ့တတိယဆု ကြေးတံဆိပ် (၃) ခု၊ စုစုပေါင်းဆု (၉) ခုရရှိခဲ့ပါတယ်။
2018-09-10
အိန္ဒိယနိုင်ငံမှာ ရေပိုင်နက် ကျူးကျော်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ မြန်မာရေလုပ်သား ၁၁ ဦးကို အိန္ဒိယအစိုးရ က မြန်မာနိုင်ငံ ပြန်ပို့လိုက်တဲ့အတွက် ရန်ကုန်လေဆိပ်ကို တနင်္ဂနွေနေ့က ရောက်ရှိလာခဲ့ကြပါတယ်။
2018-09-10
အမေရိကန်အခြေစိုက် Faith Coalition အမည်ရှိ ဘာသာရေးအဖွဲ့ကလည်း ရခိုင်ပြည်နယ် ပြဿနာမှာ တာဝန်ရှိတဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေကို ICC နိုင်ငံတကာတရားရုံးမှာ တရားစွဲဆိုရေးအပေါ် ထောက်ခံကြောင်း ကြေညာချက် ထုတ်ပြန်ပါတယ်။
2018-09-10
ထိုင်းနိုင်ငံမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ မြန်မာ့အရေး ဆွေးနွေးပွဲ တရပ်ကို ထိုင်းရဲတပ်ဖွဲ့က ဖျက်သိမ်းလိုက်ပါတယ်။
2018-09-10
မြန်မာနိုင်ငံအရေးမှာ အချက်အလက် အထောက်အထားတွေ စုဆောင်းကောက်ယူ ထိန်းသိမ်းဖို့၊ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် တရားမျှတမှုရှိရှိ အရေးယူကိုင်တွယ်နိုင်မယ့် နိုင်ငံတကာ အဖွဲ့သစ်တဖွဲ့ ထူထောင်ဖွဲ့စည်းပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ်ရှဲ ဘာချလေက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
2018-09-10
မြန်မာ-ဘင်္ဂလားဒေ့ရ်ှ နယ်စပ်မျဉ်းပေါ်ကို ထွက်ပြေးရောက်ရှိနေကြတဲ့ မွတ်စလင်တွေကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRCS) နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) တို့က ရိက္ခာ ထောက်ပံ့မယ့် ကိစ္စကို ကန့်ကွက်ကြောင်း မောင်တောမြို့မှာ ဒေသခံ ၃၀၀ လောက် ဒီနေ့ ကန့်ကွက်ဆန္ဒပြကြပါတယ်။
2018-09-10
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်မှာ နိုင်ငံတော် သမ္မတ အထူးရန်ပုံငွေနဲ့ ဆောက်လုပ်တဲ့ ပင်လုံအငှားအိမ်ယာစီမံကိန်းက အဆောက်အအုံ ခုနှစ်လုံးထဲက နှစ်လုံးဟာ အရည်အသွေးမမှီဘဲ လူနေထိုင်ဖို့ မသင့်တာကို တွေရှိခဲ့တယ်လို့ မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုက ပြောပါတယ်။
2018-09-10
မကွေးတိုင်းဒေသကြီး ဆောမြို့နယ် ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး သတ္တုတွင်းဦးစီးဌာနက ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မတီဟာ လွတ်မြောက်လာသူတွေနဲ့ ကုမ္ပဏီတာဝန်ရှိသူတွေကို ဒီနေ့မှာ စတင်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
2018-09-10
တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA က ဖမ်းဆီးထားတဲ့ နန်းမိုဟွမ်ဆိုတဲ့ အမျိုးသမီးကို TNLA အနေနဲ့ အမြန်ဆုံးပြန်လွှတ်ပေးဖို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) က ဒီနေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2018-09-10
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်နဲ့ စာရေးဆရာ ကိုဝေဟင်အောင် တို့ကို နိုင်ငံတော် ပုန်ကန်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုတွေနဲ့ စွဲချက်တင်ဖို့ စစ်တွေခရိုင် တရားရုံးကနေ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2018-09-10
ရခိုင်ပြည်နယ်က ထွက်ပြေးလာခဲ့ကြတဲ့ ဒုက္ခသည်တွေကို ပြန်လည်ခေါ်ယူရေး မြန်မာအစိုးရအပေါ် ပိုပြီး ဖိအားပေးကြဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ် ဟာဆီနာ က ကမ္ဘာတဝှမ်းကို တနင်္ဂနွေနေ့က တိုက်တွန်းလိုက်ပါတယ်။
2018-09-10
ရခိုင်ပြည်နယ် ပြဿနာနဲ့ ပတ်သက်ပြီး စုံစမ်းသတင်းယူနေတဲ့ ရိုက်တာသတင်းထောက်နှစ်ဦး အကျဉ်းချခံခဲ့ရတဲ့အပေါ် အင်ဒိုနီးရှားနိုင်ငံက သတင်းထောက်တွေက ကန့်ကွက်ဆန္ဒပြခဲ့ ကြပါတယ်။
2018-09-09
ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ခရီးမရောက်နိုင်သေးတာကို ကျော်လွှားနိုင်ဖို့ ဆုံးဖြတ်ချက်ချနိုင်တဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကြားထဲမှာ အလွတ်သဘောဆွေးနွေးပွဲတွေ၊ တရားဝင်နိုင်ငံရေး ဆွေးနွေးပွဲတွေကို အရှိန်မြင့်တင်ဖို့လိုတယ်လို့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးညီလာခံ ဒုတိယနေ့မှာ ဆွေးနွေးခဲ့ကြပါတယ်။