သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-06-29
မလေးရှားမှာ တရားမဝင်နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေကို ပြန်ခေါ်ခွင့်ရရင် အဆင်သင့်ဖြစ်စေဖို့ ကွာလာလမ်ပူမြို့ မြန်မာသံရုံးက သူတို့ရဲ့ ကိုယ်ရေးအချက်လက်တချို့ကို အီးမေးကနေ လက်ခံရယူနေပါတယ်။ အလုပ်သမား အများအပြားက အင်တာနက်အီးမေးသုံးဖို့ အခက်ခဲရှိတဲ့အတွက် ပရဟိတအဖွဲ့တချို့က ကူညီပေးနေကြပါတယ်။
2020-06-28
ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒလက်ချောင်းရွာအနီးမှာ တပ်မတော်နဲ့ AA တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားတာတွေ၊ ရွာထဲကိုလက်နက်ကြီးကျည် ကျရောက်တာတွေကြောင့် ဒေသခံတွေဟာ ရွာကိုစွန့်ခွာပြီး ဒုက္ခသည်စခန်းတွေဆီကို နေ့စဉ်လိုလို ထွက်ပြေးနေရပြီး စားနပ်ရိက္ခာတွေလည်း ပြတ်နေကြလို့ အခက်အခဲတွေ့နေရပါတယ်။
2020-06-28
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းနဲ့ အနီးတဝိုက်ရွာတွေမှာ နယ်မြေရှင်းလင်းရေးလုပ်မယ့် ညွှန်ကြားချက်ကို ပြန်ရုပ်သိမ်းလိုက်ပါတယ်။ ထောင်နဲ့ချီတဲ့ ဒေသခံတွေကတော့ စစ်တွေ အပါအဝင် နီးစပ်ရာ မြို့နယ်တွေကို ထွက်ပြေးနေကြဆဲပါ။
2020-06-28
ရှမ်းပြည်နယ် မြောက်ပိုင်းက ကမ္ဘောဇဘဏ်ခွဲတချို့မှာ SSPP/SSA က ငွေကြေးတောင်းခံတဲ့စာ ထုတ်ထားတယ်ဆိုတဲ့သတင်းတွေကြောင့် ဘဏ်ဝန်ထမ်းတွေ စိုးရိမ်နေကြပါတယ်။ SSPP ကတော့ နောက်နောင် ဒါမျိုးတွေမဖြစ်စေဖို့နဲ့ ဘဏ်ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို တာဝန်ယူကြောင်း ပြောဆိုထားပါတယ်။
2020-06-27
AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ဆက်သွယ်တယ်ဆိုတဲ့ သံသယနဲ့ တပ်မတော်က ဖမ်းဆီးထားတဲ့ ရခိုင်ဒေသခံ အရပ်သား ငါးယောက်နဲ့ ပတ်သက်လို့ နောက်ဆက်တွဲအခြေအနေတွေကို မသိရတဲ့အတွက် မိသားစုဝင်တွေ စိုးရိမ်နေကြပါတယ်။ ဖမ်းဆီးစဉ် စစ်ရေယာဉ်ပေါ်မှာ တပ်မတော်သား တချို့က ရိုက်နှက်တာခံခဲ့ရသူတွေကိုတော့ မနေ့တုန်းကပဲ ရုံးထုတ်ခဲ့တာပါ။
2020-06-27
လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေမှာပါ ရွေးကောက်ပွဲကျင်းပနိုင်အောင် စီစဉ်နေတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောပါတယ်။
2020-06-27
ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ဒီမနက်အထိ ၁၂ ဦးရှိပြီး၊ စောင့်ကြည့်ခံရသူတွေလည်း ရှိနေပါတယ်။
2020-06-26
နိုင်ငံရေးရှုပ်ထွေးမှုတွေဖြစ်အောင် အင်တာနက်ကနေ သတင်းမှားတွေ ဖြန့်နေတဲ့အဖွဲ့ရှိနေလို့ ဒီအဖွဲ့ကို ဖော်ထုတ်အရေးယူမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောလိုက်ပါတယ်။
2020-06-26
ကပ်ရောဂါကာလ ဂျော်ဒန်နိုင်ငံမှာ သောင်တင်နေကြတဲ့ မြန်မာအလုပ်သမားတွေ နေရပ်ပြန်နိုင်ရေး မြန်မာအစိုးရက အခုနောက်ဆုံး ကြားဝင်ညှိနှိုင်းဖို့ ကြိုးပမ်းနေပါပြီ။ ဒီလိုကြားဝင်လာတဲ့အတွက် အလုပ်သမား တွေ နေရပ်ပြန်နိုင်ရေး ဘယ်လောက်အထိ နီးစပ်လာနေပါပြီလဲ။
2020-06-26
ရခိုင်ပြည်နယ်မှာ တပ်မတော်က ဘုရားစေတီတွေ ရှိတဲ့နေရာမှာ တပ်စွဲထားတာ မရှိဘူးလို့ ဇွန်လ ၂၃ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုပေမယ့် ဒေသခံ မျက်မြင်တွေကတော့ တပ်မတော်က ဘုရားကုန်းပေါ်မှာ တပ်စခန်းချထားတာ ဒီနေ့အထိရှိနေဆဲလို့ ပြောကြပါတယ်။
2020-06-26
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖမ်းဆီးရမိထားတဲ့ အမေရိကန်ဒေါ်လာသန်းပေါင်း ၈၄၀ နီးပါး တန်ဖိုးရှိတဲ့ မူးယစ်ဆေးနဲ့ ဆက်စပ်ပစ္စည်းတွေကို ဇွန်လ၂၆ ရက် ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင်ရောင်းဝယ်တိုက်ဖျက်ရေးနေ့မှာ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
2020-06-26
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းတိုက်နယ်ကျေးရွာနဲ့ အနီးတဝိုက်ကကျေးရွာတွေမှာ AA အဖွဲ့နဲ့ပတ်သက်လို့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်သွားဖို့ရှိတဲ့အတွက် ဒေသခံတွေ ဘေးလွတ်ရာကို ခေတ္တတိမ်းရှောင်နေကြဖို့ ပြည်နယ်အစိုးရက အကြောင်းကြားထားပါတယ်။
2020-06-26
ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ရာကနေ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် အလုပ်လက်မဲ့ဖြစ်ပြီး ကချင်ပြည်နယ်ကို ပြန်လာတဲ့ မြန်မာနိုင်ငံသား တစ်ထောင်နီးပါး ရှိနေပါပြီ။ နေအိမ်ပြန်ရောက်ပေမယ့်လည်း အများစုက အလုပ်လက်မဲ့ဖြစ်နေကြတဲ့အတွက် အခက်အခဲ တွေ့နေကြရပါတယ်။
2020-06-25
ရခိုင်ပြည်နယ် ရသေ့တောင်မြို့အနီး နယ်မြေခံ တပ်မတော်မိသားစုဝင် သုံးဦးကို အမည်မသိ လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဖမ်းဆီးခံ သုံးဦးကို ရှာဖွေတဲ့ စစ်ကြောင်းကို AA က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ AA ပြောခွင့်ရသူကတော့ ဒီလိုဖမ်းဆီးထားတာ ဟုတ်မှန်ကြောင်း ဒီနေ့ RFA ကို အတည်ပြုပြောပါတယ်။
2020-06-25
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် သင်းကျစ်တောင်ဘုရားကုန်းနဲ့ ဘူးသီးတောင်မြို့နယ်က (၃၁)ဘုံဘုရားတွေမှာ တပ်မတော်က တပ်မတော်က တပ်စခန်းချထားတာမရှိဘဲ လုံခြုံရေးအရ တက်ရောက်စစ်ဆေးတာ ဖြစ်တယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။