သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-03-31
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနဲ့ မန်တုံမြို့နယ်တွေမှာ အစိုးရတပ်မတော်နဲ့ တအာင်းပလောင် လွတ်မြောက်ရေး တပ်မတော် TNLA တို့ မနေ့က တိုက်ပွဲတွေ ဖြစ်ပွားခဲ့ ပါတယ်။
2016-03-31
ရက္ခိုင့်တပ်မတော် (AA) နဲ့ ဆက်သွယ် တယ်ဆိုပြီး တရားစွဲဆိုခံထားရသူ ၁၁ ဦးကို မတရားအသင်း ဆက်သွယ်မှုဥပဒေနဲ့ ရခိုင်ပြည် နယ် ကျောက်တော်မြို့နယ် တရားရုံးက ဒီနေ့ ထောင်ဒဏ် ၃ နှစ်ကနေ ၅ နှစ်အထိချမှတ်လိုက်ပါတယ်။
2016-03-31
လက်ရှိ တည်ဆဲဥပဒေတွေထဲက ဥပဒေ ၁၄၂ ခုကို ပြင်ဆင်ဖို့၊ ပယ်ဖျက်ဖို့၊ ရုပ်သိမ်းဖို့နဲ့ အသစ်ပြန်လည်ရေးဆွဲဖို့ လိုအပ်ကြောင်း သူရဦးရွှေမန်းဦးဆောင်တဲ့ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင်က လွှတ်တော်ဥက္ကဋ္ဌတွေ ထံ ပေးပို့ထားပါတယ်။
2016-03-31
ဒုတိယသမ္မတဟောင်း ဦးဉာဏ်ထွန်း ၊ ဒေါက်တာ စိုင်းမောက်ခမ်းနဲ့ စက်မှု ဝန်ကြီးဌာန ဝန်ကြီးဟောင်း ဦးမောင်မြင့်တို့ဟာ လွှတ်တော် ကိုယ်စားလှယ်တွေအဖြစ် ဒီကနေ့ကျင်းပတဲ့ ပြည်သူ့ လွှတ်တော်မှာ ကတိသစ္စာပြုကြပါတယ်။
2016-03-31
နိုင်ငံတော်သမ္မတ ဦးထင်ကျော်ရဲ့ ဇနီး ဒေါ်စုစုလွင် တာဝန်ယူခဲ့တဲ့ ပြည်သူ့ လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော် မတီ ဥက္ကဌ တာဝန်ကို ဝါးခယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်သိန်းနဲ့ အစားထိုး တာဝန်ပေးအပ် လိုက်ပါတယ်။
2016-03-31
ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်အပ်တာဝန်ပေးနိုင်မယ့် "နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ"ကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ဒီနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေး မှာ တင်သွင်းလိုက်ပါတယ်။
2016-03-31
ဝန်ကြီးချုပ်ဟောင်း ဦးရဲမြင့် ဦးဆောင်တဲ့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က မနေ့က တာဝန်လွဲှပြောင်းပေးဖို့ရှိရာမှာ ဝန်ကြီးချုပ်အသစ် ဒေါက်တာ ဇော်မြင့်မောင်ကို တာဝန် လွဲှပြောင်းပေးတာ မလုပ်ခဲ့ဘူးလို့ ဒေါက်တာ ဇော်မြင့်မောင် က ပြောပါတယ်။
2016-03-30
ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ထားရှိမယ့် ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော် မတီဝင် ဦးအောင်ကြည်ညွန့်က လွှတ်တော်မှာ ဒီကနေ့ တင်သွင်းမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
2016-03-30
နိုင်ငံတော်သမ္မတ ဦးထင်ကျော်က မတ်လ ၃ဝ ရက်နေ့မှာ သမ္မတတာဝန် စတင် ထမ်းဆောင်ပြီးနောက် ကြေညာချက် ၄ ခုကို ပထမဆုံး လက်မှတ်ရေးထိုးလိုက်ပါတယ်။
2016-03-30
ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တော မြို့နယ်မှာ ည ၁၁ နာရီကနေ မနက် ၄ နာရီ အထိ ထုတ်ပြန်ထားတဲ့ ပုဒ်မ- ၁၄၄ ည မထွက်ရအမိန့်ကို နောက်ထပ် သက်တမ်း ၂ လ တိုးမြှင့် လိုက်ပါတယ်။
2016-03-30
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဓာတ်ပုံကို ပြုပြင်ပြီး သရော်တဲ့စာသားတွေ နဲ့ ဖေ့စ်ဘွတ်မှာ တင်ခဲ့တာကြောင့် ထောင် ဒဏ် ၆ လ ချမှတ်ခံထားရတဲ့ ချစ်သမီး (ခေါ်) မချောစန္ဒီထွန်း ဟာ ဒီနေ့ မအူပင်အကျဉ်းထောင်ကနေ ပြစ်ဒဏ်ကာ လပြည့်မြောက်ပြီး လွတ်မြောက်လာပါတယ်။
2016-03-30
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် NLD ပါတီ ဂွမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီပုကို အဆိုပြုထားတာကို ရခိုင်အမျိုးသားပါတီက ကန့်ကွက်ခဲ့ပေ မယ့် ပြည်နယ်လွှတ်တော်က ဒီကနေ့ အတည်ပြုခန့်အပ် လိုက်ပါတယ်။
2016-03-30
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ရက္ခိုင့်တပ်မတော် (AA) နဲ့ ဆက်သွယ် မှုကြောင့် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)၊ ၁၇(၂) တို့နဲ့ ဖမ်းဆီးခံထားရသူ ၁၂ ဦး ကို ကျောက်တော်မြို့နယ် တရားရုံးက ထောင်ဒဏ် ၃ နှစ် ကနေ ၅နှစ်အထိ ဒီနေ့ အမိန့်ချမှတ်လိုက်ပါတယ်။
2016-03-30
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွ့ဲ သစ်ထံ ကော်မရှင်ဥက္ကဌဟောင်း ဦးတင်အေးက တာဝန်လွှဲပြောင်းပေးအပ်တဲ့ အခမ်းအနားကို နေပြည်တော်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဒီကနေ့ နေ့လည်က ကျင်းပခဲ့ပါတယ်။
2016-03-30
ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ဖြစ်ပေါ်လာရေး အတွက် ဆောင်ရွက်ရမယ့်တာဝန်ရှိပြီး အဲ့ဒီနိုင်ငံရေး ရည်မှန်းချက် အကောင်အထည်ပေါ်လာဖို့အတွက် စိတ်ရှည်သည်းခံပြီး ဆောင်ရွက်သွားရမှာကို နား လည်ထားကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော် က ပထမဆုံး တိုင်းပြည်ကို ပြောကြားတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားလိုက်ပါတယ်။