သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-08-22
ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးရောဂါ ကာကွယ်ထိန်းချုပ်နိုင်ဖို့ အရေးပေါ် အခြေအနေကို တစ်လ ထပ်တိုးလိုက်တဲ့အတွက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အတွက် အခက်အခဲတွေ ရှိနေပါတယ်။
2020-08-22
မြန်မာနိုင်ငံထဲကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးပြီး ကုလသမဂ္ဂမှာ မှတ်ပုံတင်ထားတဲ့ ရိုဟင်ဂျာ ကိုးသိန်းနီးပါးအတွက် အဖြေရှာဖို့ UNHCR သောကြာနေ့က တိုက်တွန်းလိုက်ပါတယ်။
2020-08-21
၂၁ ရာစုပင်လုံညီလာခံ နောက်ဆုံးနေ့မှာ အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ်လက်မှတ် ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁ဝ ဖွဲ့အကြား ဒီမိုကရေစီနဲ့ ဖက်ဒရယ်နိုင်ငံ တည်ဆောက်ရေးအတွက် သဘောတူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးနိုင်လိုက်တာဟာ အခြေခံ အားဖြင့် နှစ်ပေါင်း ၇ဝ ကျော်ကြာ ငြင်းဆန်လာခဲ့တဲ့ ဖက်ဒရယ်စနစ်ကို တပ်မတော်က တရားဝင်လက်ခံလိုက်တာဖြစ် လို့ ထူးခြားတဲ့ ခြေလှမ်းတခုလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
2020-08-21
ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ကာလမှာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအတွက် နိုင်ငံရေးပါတီတွေ ကိုယ်စားလှယ်လောင်းတွေ ရုန်းကန်နေရချိန်မှာ နောက်ခံပါတီမရှိတဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေအတွက် စိန်ခေါ်မှုက ပိုကြီးမားနေပါတယ်။
2020-08-20
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့ပေါ်က အစ္စလာမ်ဘာသာဝင် ကျောင်းသားလေးတစ်ဦးဖြစ်တဲ့ မာမတ်အာယက်ဟာ အခုနှစ် ၁၀ တန်းကို ၆ ဘာသာဂုဏ်ထူးနဲ့ ထူးထူးချွန်ချွန်အောင်မြင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ သူရဲ့ အိပ်မက်ကတော့ ဆေးကျောင်းတက်ခွင့်ရဖို့ဖြစ်ပြီး ဆရာဝန်ဖြစ်တဲ့တစ်နေ့ကျရင် လူမျိုးဘာသာမရွေးကို ဆေးကုသပေးချင်တာလို့ RFA ကိုပြောပါတယ်။
2020-08-19
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံမှာ တိုင်းရင်းသားအားလုံး တန်းတူညီမျှအခွင့်အရေး ရရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။ အခုလို ဗိုလ်ချုပ်မှူးကြီးရဲ့ ပြောကြားချက်တွေကို တိုင်းရင်းသားခေါင်းဆောင်အားလုံးလိုလိုက ငြင်းဆိုခဲ့ပါတယ်။
2020-08-18
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး နောက်ဆုံးအခြေအနေ ဘယ်လိုရှိပါသလဲ။ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံပြင်ဆင်ရေး ၃ဝ ဦးကော်မတီဝင် ရှေ့နေကြီး ဦးအောင်သိန်းက လက်ရှိအစိုးရသက်တမ်းအတွင်းမှာတော့ ဒီကိစ္စမဖြစ်နိုင်တော့ဘူးလို့ RFA ကိုပြောပါတယ်။
2020-08-13
လာမယ့်ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတချို့လည်း ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ မြန်မာပြည်မှာ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေရဲ့အခန်းကဏ္ဍနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရနိုင်ခြေကကော ဘယ်လိုရှိပါသလဲ။
2020-08-13
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အုန်းတောကြီး မွတ်ဆလင် ဒုက္ခသည်စခန်းမှာ လူဝင်မှုကြီးကြပ်ရေးဌာနက နိုင်ငံသားစိစစ်ရေးကတ်လုပ်ပေးဖို့ဆိုပြီး ဇန်နဝါရီလ ၇ ရက်နေ့ကတည်းက ကွင်းဆင်းဆောင်ရွက်သွားပေမယ့် ခုနှစ်လကျော်တဲ့ ဒီနေ့အချိန်အထိ တစ်စုံတစ်ရာ ထူးခြားမှု မရှိသေးဘူးလို့ ဒုက္ခသည်တွေ က RFA ကိုပြောပါတယ်။
2020-08-13
၂၀၂၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ပါတီအသီးသီးက ကိုယ်စားလှယ်လောင်း စာရင်းတွေထဲမှာ နိုင်ငံရေးဖြတ်သန်းမှုအတွေ့အကြုံရှိတဲ့ လူကြီးတွေ ပါဝင်မှု ပိုများနေပြီး လူငယ်တွေ ပါဝင်မှု နည်းနေတယ်လို့ သုံးသပ်မှုတွေနဲ့အတူ နိုင်ငံရေးမှာ လူငယ်မျိုးဆက် ပြတ်သွားမှာကို စိုးရိမ်သူတွေ ရှိနေပါတယ်။
2020-08-12
ကိုဗစ်ကာလအတွင်း မြန်မာနိုင်ငံမှာ ပလတ်စတစ်သုံးစွဲမှုဟာ ၂ဝ ရာခိုင်နှုန်း အထိတိုးလာတယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တခုက နောက်ဆုံး လေ့လာတွေ့ရှိ ထားပါတယ်။
2020-08-11
မန္တလေးအခြေစိုက် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ရွေးကောက်ပွဲကို သပိတ်မှောက်မယ့် လှုပ်ရှားမှုကို စတင်ကြောင်း သြဂုတ်လ ၈ ရက်နေ့က သတင်းစာရှင်းလင်းပွဲကျင်းပပြီး ကြေညာခဲ့ပါတယ်။
2020-08-10
ကယားပြည်နယ်လို့ခေါ်တဲ့ ကရင်နီဒေသ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းတွေကို အားရကျေနပ်မှုမရှိဘူးလို့ ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လေ့လာသူတွေက ပြောဆိုနေကြပါတယ်။ ပြည်နယ်အစိုးရနဲ့ အာဏာရ NLD ပါတီကတော့ ဒေသတွင်း ငြိမ်းချမ်းရေးလုပ်ငန်းအတွက် အထောက်အကူဖြစ်နိုင်တာတွေ ဆောင်ရွက်နေတယ်လို့ တုံ့ပြန်ပါတယ်။
2020-08-09
မြန်မာ့သမိုင်းမှာ အထင်ကရရှိခဲ့တဲ့ ရှစ်လေးလုံး အရေးတော်ပုံဟာ ဘယ်လိုကနေ ပေါ်ပေါက်လာတာလဲ၊ ဘာတွေဖြစ်ခဲ့လဲဆိုတာနဲ့ ပတ်သက်လို့ အထွေထွေဖြစ်ရပ်တွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။
2020-08-07
၁၉၈၈ လူထုအရေးတော်ပုံ ဖြစ်ပွားခဲ့တာ ဒီကနေ့ ၃၂ နှစ် ပြည့်ခဲ့ပါပြီ။ လူတွေထောင်နဲ့ချီသေဆုံးခဲ့ရတဲ့ အဲဒီအရေးတော်ပုံမှာ ပြည်သူတွေ တောင်းဆိုခဲ့ကြတဲ့ ဒီမိုကရေစီ အခွင့်အရေးတွေ ဘယ်လောက် ရရှိခဲ့ကြပါပြီလဲ။