သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-07-08
တပ်မတော်နဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်တွေအကြား နေပြည်တော်မှာ နှစ်ရက်ကြာကျင်းပတဲ့ ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်ရေးကော်မတီ အစည်း အဝေးဟာ ထူးခြားတဲ့ သဘောတူညီချက် တစ်စုံတစ်ရာပေါ်ထွက်ခြင်းမရှိဘဲ မနေ့က ပြီးဆုံးသွားပါတယ်။
2020-07-07
ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေမှာ နှစ်စဉ်နှစ်တိုင်း မြေပြိုကျမှုတွေဖြစ်နေပြီး လူသေဆုံးမှုတွေလည်းရှိနေပါတယ်။
2020-07-06
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် စီတာပူစစ်ဘေးဒုက္ခသည်စခန်းက အိမ်ထောင်စု ၁ဝ စုရှိတဲ့ ဒုက္ခသည် စုစုပေါင်း အယောက် ၆ဝ ကို အစိုးရနဲ့ ကချင်လူသားချင်း စာနာထောက်ထားမှု ကော်မတီ KHCC တို့ ပူးပေါင်းပြီး ပထမဆုံးအသုတ်အနေနဲ့ ဇူလိုင်လ ၄ ရက်နေ့က နေရပ်ပြန်ပို့ခဲ့ပါတယ်။
2020-07-06
ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်တလျှောက်က ကုန်သွယ်ရေးလုပ်နေတဲ့ လှေဂိတ် ၃၃ ဂိတ်ကို ဒီနေ့ပြန်ဖွင့်မယ်လို့သိရပါတယ်။
2020-07-05
ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ် သြဂုတ်လက ဖြစ်ခဲ့တဲ့ ဂူတာပြင်ကျေးရွာက ရိုဟင်ဂျာတွေကို အစုလိုက် အပြုံလိုက် သတ်ခဲ့တဲ့ ရာဇဝတ်မှုနဲ့ပတ်သက်လို့ စစ်ခုံရုံးနဲ့ အရေးယူလိုက်တယ်ဆိုတာဟာ အစိုးရရဲ့ တာဝန်ခံမှုနဲ့ပတ်သက်လို့ ရှောင်လွှဲတဲ့ လုပ်ရပ်တစ်ခုသာဖြစ်တယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ဆောင်းပါးတစ်စောင်ရေးပြီး ထောက်ပြလိုက်ပါတယ်။
2020-07-03
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါကျေးရွာမှာ မြေစာပုံပြိုကျမှုကြောင့် လူနှစ်ရာနီးပါး အသက်ဆုံးရှုံးရတဲ့အရေးမှာ တာဝန်ယူဖြေရှင်းမှုမရှိဘဲ အစိုးရအဖွဲ့က လျစ်လျူရှုနေတယ်လို့ ဝေဖန်နေကြပါတယ်။
2020-07-02
ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ဝှေခါကျေးရွာမှာ ဇူလိုင် ၂ ရက် မနက်က မြေစာပုံ ပြိုကျတဲ့အတွက် ရေမဆေးကျောက်တူးသမား နှစ်ရာဝန်းကျင် မြေစာပုံပိပြီး သေဆုံးခဲ့ပါတယ်။ မနေ့က ညနေအထိ သေဆုံးသူ ၁၆၂ ဦးရဲ့အလောင်းတွေကို ရှာဖွေတွေ့ရှိထားပြီလို့ မီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီကိစ္စဘာကြောင့် ဘယ်လိုဖြစ်ခဲ့သလဲ၊ ဘယ်သူတွေမှာ တာဝန်ရှိပါသလဲ။
2020-07-02
၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပသွား မယ်လို့ ရွေးကောက်ပွဲကော်မရှင်က မနေ့က ကြေညာလိုက်ပါတယ်။ ကပ်ရောဂါ ကာလမှာကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတပါ့မလား ဆိုတာကို နိုင်ငံရေးပါတီတွေကြား စိုးရိမ်မှုတွေ ရှိနေပါတယ်။
2020-07-02
ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်ရေးပဋိပက္ခတွေကြား မြေဇာပင်ဖြစ်နေရတဲ့ အရပ်သား ဒဏ်ရာရသူတွေကို ဆေးရုံအရေးပေါ် ပို့ဆောင်ခွင့်မရတဲ့အတွက် အချိန်မီ ကုသမှု မပေးနိုင်ဘဲ လမ်းမှာပဲ အသက်ဆုံးရှုံးနေရတယ်လို့ ပရဟိတကူညီရေးအဖွဲ့တွေက ထောက်ပြနေကြပါတယ်။
2020-07-01
မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာ့နိုင်ငံရေးမှာ ပါဝင်လုပ်ဆောင်ဖို့ စဉ်းစားမယ်လို့ ရုရှားနိုင်ငံ ခရီးစဉ်အတွင်း မီဒီယာတွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။ လာမယ့်ရွေးကောက်ပွဲအပြီးမှာ သူ သမ္မတဖြစ်လာနိုင်ပါသလား။
2020-07-01
ကယားပြည်နယ် ရှားတောမြို့နယ်က ကျေးရွာတွေဟာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ဖွံ့ဖြိုးတိုးတက်မှုနဲ့ ကျန်းမာရေးကိစ္စတွေမှာ အားနည်းချက်တွေ များစွာရှိနေပါတယ်။
2020-07-01
အာဏာခွဲဝေခွင့်ကစလို့ ပြည်နယ်အခြေခံဥပဒေတွေ ပေါ်ပေါက်ရေးအချက်တွေပါဝင်တဲ့ ဖက်ဒရယ်မူတွေကို ချမှတ်နိုင်ဖို့ တပ်မတော်၊ အစိုးရ၊ လွှတ်တော်နဲ့ အပစ်ရပ်လက်မှတ်ရေးထိုးပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကြား ညှိနှိုင်းဆွေးနွေးနေကြပါတယ်။
2020-06-30
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် ဂူတာပြင်ရွာမှာ ၂ဝ၁၇ ခုနှစ်က မြန်မာ့တပ်မတော်ရဲ့ စစ်ဆင်ရေးအတွင်း လူအစုအပြုံလိုက်သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး အရာရှိ ၂ ဦးနဲ့ စစ်သည် ၁ ဦးကို စစ်တရားရုံးက အပြစ်ရှိကြောင်းနဲ့ ပြစ်ဒဏ်ချမှတ်ချက်တွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက အတည်ပြုပြီးဖြစ်ကြောင်း တပ်မတော်က မနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
2020-06-30
၂၀၁၇ ခုနှစ်က ဂူတာပြင်ကျေးရွာမှာ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး စစ်တရားရုံးရဲ့ ပြစ်ဒဏ်ချမှတ်ချက်တွေကို သက်ဆိုင်ရာအတည်ပြုအာဏာပိုင်က အတည်ပြုလိုက်တယ်လို့ တပ်မတော်က ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။ တပ်မတော်ရဲ့ စစ်တရားစီရင်ရေးနဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက်တွေဟာ ပွင့်လင်းမြင်သာမှုမရှိဘူးလို့လည်း ဝေဖန်မှုတွေရှိနေပါတယ်။
2020-06-30
အရင်ရွေးကောက်ပွဲနှစ်ကြိမ်ဆက်တိုက် မကျင်းပနိုင်ခဲ့တဲ့ ၀ ဒေသနဲ့ လက်ရှိ တိုက်ပွဲ တွေကြောင့် နယ်မြေမတည်မငြိမ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်အပါအဝင် မဲဆန္ဒနယ် ၃၃၀ မှာ ၂၀၂၀ ရွေးကောက်ပွဲကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဇွန် ၂၉ ရက် မနေ့ညက ကြေညာလိုက်ပါတယ်။