သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-05-14
WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မော်တော်ယာဉ် ပစ်ခတ်တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံး က ဖွဲ့စည်းပေးထားတဲ့ စုံစမ်းရေးကော်မတီအဖွဲ့ဝင်တွေဟာ စတင်စစ်ဆေးဖို့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိ နေပါတယ်။
2020-05-14
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး နေပြည်တော်နဲ့ မန္တလေး အပါအဝင် မြို့ကြီးအတော်များများမှာ ညမထွက်ရအမိန့်ကို အနည်းငယ်ဖြေ လျှော့ပေးခဲ့ပေမဲ့ ရန်ကုန်မှာတော့ မူလအတိုင်း ဆက်လက်ထားရှိပါတယ်။
2020-05-14
အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ကို အစိုးရ ပေးပို့ရမယ့် ပထမဆုံး အစီရင်ခံစာကို မေလ ၂၃ ရက်နေ့ မတိုင်ခင် တင်သွင်းသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။
2020-05-14
ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် ဈေးကွက်ပျက်နေချိန်မှာ စိုက်ပျိုးရေးထွက် ကုန်တွေ ဝယ်လက်မရှိတာကြောင့် တောင်သူအများအပြား အရှုံးပေါ်ပြီး အကြွေးတင်နေကြပါတယ်။ တောင်သူတွေမှာ စိုက်ပျိုးစရိတ်တောင် မရှိတော့တဲ့ အခြေအနေ ဖြစ်နေပါတယ်။
2020-05-13
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးပေါ်တဲ့အထိ ကျောင်းတွေ ပိတ်ထားဖို့ မဖြစ်နိုင်တာကြောင့် ကျောင်းတွေ မဖြစ်မနေ ပြန်ဖွင့်ရမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ကပ်ရောဂါကာလ အတောအတွင်း ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားချက်တွေနဲ့အညီ ကျောင်းပညာရေး စတင်နိုင်ပါ့မလားဆိုတာ စိုးရိမ်ပူပန်နေကြပါတယ်။
2020-05-13
နှာခေါင်းစည်းမတပ်ရင် ကူးစက်ရောဂါများကာကွယ်နှိမ်နှင်းရေးဥပဒေအရ ငွေဒဏ် ငါးထောင်ချမှတ်ခံရမယ်လို့ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း က ပြောပါတယ်။
2020-05-13
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် ကန့်သတ်မှုအချို့လုပ်ခဲ့ပြီး တစ်လကျော်လာတဲ့အခါမှာတော့ နေရာငှားရမ်းလုပ်ကိုင်ရသူတွေ အလုပ်သမားဝန်ထမ်းတွေနဲ့ လည်ပတ်ရတဲ့ အသေးစားလုပ်ငန်းရှင်တွေ အခက် အခဲများစွာ ရင်ဆိုင်နေရပါတယ်။
2020-05-12
အစိုးရနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေဖြစ်တဲ့ UNDP နဲ့ UNHCR အဖွဲ့တွေဟာ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး အပါအဝင် လူသားချင်းစာနာမှု အကူညီပေးရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာကို တစ်နှစ်သက်တမ်း တိုးဖို့ မနေ့က သဘောတူ လက်မှတ်ရေးထိုးလိုက်ပါတယ်။
2020-05-12
လူထုထောက်ခံမှု အားကောင်းပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးမူကို ကိုင်စွဲထားတဲ့ NLD ပါတီဟာ ညွန့်ပေါင်းအစိုးရဖွဲ့စည်းဖို့ မူဝါဒ မရှိပေမယ့် နိုင်ငံရေးပါတီ အတော်များများကတော့ ၂၀၂၀ ရွေးကောက်ပွဲ အလွန်မှာ အမျိုးသားညီညွတ်ရေးအစိုးရတစ်ရပ် ပေါ်ထွက်လာဖို့ လိုလားနေကြပါတယ်။
2020-05-11
ကိုရိုနာဖြစ်ပွားနေတဲ့ကာလမှာ တိုက်ပွဲတွေကို ရပ်တန့်ပြီး ရောဂါကို အဓိကထား တိုက်ဖျက်ဖို့ တောင်းဆိုနေချိန်မှာ ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA တို့တိုက်ပွဲတွေ နေ့စဉ် ဖြစ်ပွားနေပါတယ်။
2020-05-10
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ရွာမှာ ၂၀၁၇ ခုနှစ်က လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး စစ်ခုံရုံးက စုံစမ်းစစ်ဆေးပြီးသွားပြီလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က မေလ ၈ ရက်နေ့က သတင်းထုတ် ပြန်ခဲ့ပါတယ်။
2020-05-08
တစ်ကမ္ဘာလုံးနီးပါး ရင်ဆိုင်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြားမှာ မြန်မာနိုင်ငံက တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အမြောက်အမြား ရှိနေသလို ကပ်ရောဂါကြောင့် ကဏ္ဍအသီးသီးမှာလည်း လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့ အရပ်ဖက်အဖွဲ့တွေက ပြောလိုက်ပါတယ်။
2020-05-08
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ကာကွယ်ရေးအတွက် အစိုးရ ထုတ်ထားတဲ့ အမိန့်ညွှန်ကြားချက်တွေကို လိုက်နာမှု မရှိဘဲ ဖောက်ဖျက်သူတွေကို အရေးယူတာတွေမှာ ပြစ်ဒဏ်မညီမျှမှုတွေကြောင့် အငြင်းပွားစရာ ဖြစ်နေပါတယ်။
2020-05-07
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းက၊ အိမ်ထောင်စု ၁၆၀၀ ကျော်၊ စစ်ဘေး ဒုက္ခသည် ၉၀၀၀ ကျော်အတွက် မိုးမကျမီ နေစရာဆောက်လုပ်ဖို့ အစိုးရ၊ အရပ်ဖက် အဖွဲ့တွေက စီစဉ်နေရာမှာ ငွေကြေးလိုအပ်ချက်တွေရှိနေပါတယ်။
2020-05-07
ကိုရိုနာထိန်းချုပ်ကာကွယ်ရေးအတွက် ထိုင်းနိုင်ငံအတွင်း အရေးအပေါ် ကြေညာချက်တွေ ရုပ်သိမ်းမယ့် ဇွန်လဆန်းမှ တာ့ခ်ခရိုင်ထဲက နယ်စပ်ဂိတ်ကို ဖွင့်လှစ်မယ်လို့ ထိုင်းအစိုးရက မေ ၆ရက် မနေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။