သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-12-13
ရှမ်းပြည်ပြန်လည်ထူထောင်းရေးကောင်စီ RCSS အဖွဲ့ကပစ်ခတ်မှုကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ နမ်းဟူးရွာသား ၅ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာ ရရှိခဲ့တာကို စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး အစိုးရက အရေးယူပေးဖို့ ပအိုဝ်းအဖွဲ့အစည်း ၂၃ ဖွဲ့စုပေါင်းပြီး ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
2018-12-13
ရန်ကုန်တိုင်းဒေသကြီးအတွင်း စီမံကိန်းတွေဆောင်ရွက်ဖို့ ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ AFD ကနေ ယူရိုသန်း ၇ဝ ချေးယူမယ့်ကိစ္စကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး ပယ်ချလိုက်ပါတယ်
2018-12-13
ရခိုင်ပြည်နယ်က ဖြစ်ရပ်တွေကို သက်သေထွက်ဆိုဖို့ ကြေညာချက် ထုတ်ပြန်ထားပေမဲ့ မြန်မာနိုင်ငံမှာ လာရောက် ထွက်ဆိုဖို့ထက် ဘင်္ဂလာဒေ့ရ်ှနိုင်ငံမှာပဲ သက်သေ ထွက်ဆိုလိုကြတယ်လို့ အာရကန်ရိုဟင်ဂျာ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးအဖွဲ့ကပြောပါတယ်။
2018-12-13
တရုတ်မြန်မာ ၂နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ပြပွဲကို တလှည့်စီကျင်းပရာမှာ ဒီနှစ်တော့မြန်မာနိုင်ငံ မူဆယ်မြို့ မင်္ဂလာမူဆယ် လမ်းလျှောက်ဈေး အတွင်းမှာ ၂နိုင်ငံက တာဝန်ရှိသူတွေ တက်ရောက်ပြီး ဖွင့်ပွဲကျင်းပခဲ့ပါတယ်။
2018-12-12
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအရာရှိတွေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တို့ နေပြည်တော်မှာ ဒီနေ့တွေ့ဆုံပြီး ရခိုင်ပြည်နယ်အရေး အနီးကပ် ပိုပြီး ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။
2018-12-12
ဘာသာရေးလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ “အထူးစိုးရိမ်ဖွယ်ကောင်းသည့်နိုင်ငံ” Country of Particular Concern (CPC) ၁ဝ နိုင်ငံစာရင်းကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ရာမှာ… လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်အပေါ် ချိုးဖောက်မှုတွေ ဆက်လက် ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံကိုလည်း စာရင်းမှာ ထည့်သွင်းထုတ်ပြန်လိုက်ပါတယ်။
2018-12-12
ရခိုင်ပြည်နယ် မောင်တောဒေသမှာ မြန်မာ့တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ နယ်မြေရှင်းလင်း ရေးစစ်ဆင်ရေးလုပ်ခဲ့ရာမှာ ဒေသခံ ရိုဟင်ဂျာတွေကို ရက်စက်စွာနဲ့ ကျူးလွန်ခဲ့တာတွေဟာ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်တယ်လို့ မနေ့က ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ကျင်းပတဲ့ အမေရိကန် အောက် လွှတ်တော်မှာ ဆွေးနွေးကြပါတယ်။
2018-12-11
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့သား ပိုင်တဲ့ Myanmar Naing Group Co, Ltd က အင်းလေးမှာ တည်ဆောက်မယ့် ဟိုတယ်စီမံကိန်းကို ဒေသခံအများစုက ထောက်ခံကြလို့ သမ္မတရုံးညွှန်ကြားရေးမှူး ပြောတာဟာ လက်တွေ့နဲ့ ကင်းကွာနေတယ်လို့ ညောင်ရွှေပြည်သူ့လွှတ်တော်ကိုယ်စားလှယ် က ပြောပါတယ်။
2018-12-11
ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ မြန်မာ့တပ်မတော်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်တာ တေ့ွရှိရတယ်ဆိုတဲ့ ကုလသမဂ္ဂစုံစမ်းရေးအဖွဲ့ရဲ့ အစီရင်ခံစာပါအကြောင်းအရာနဲ့ပတ်သက်ပြီး မြန်မာ့တပ်မတော် ခေါင်းဆောင်ပိုင်းတွေကို ပိုမိုထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သွားမယ်ဆိုပြီး ဥရောပသမဂ္ဂကောင်စီက ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်လိုက်ပါတယ်။
2018-12-11
အခုရက်ပိုင်းအတွင်း တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ မြန်မာအမျိုးသမီးတွေကို အငှားကိုယ်ဝန်ဆောင်ဖို့၊ တရုတ်အမျိုးသားတွေနဲ့ပေါင်းသင်းဖို့ ခေါ်တဲ့ကြော်ငြာတွေနဲ့ ပတ်သက်ပြီး အရေးယူကိုင်တွယ်ဖို့ နှစ်နိုင်ငံ တာဝန်ရှိသူတွေ ပူးပေါင်းဆောင်ရွက်နေပြီလို့ မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးရေးဌာနက ပြောလိုက်ပါတယ်။
2018-12-10
ရန်ကုန်မြို့မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို တက်ရောက်လာတဲ့ အစိုးရတာဝန်ရှိသူတွေ နဲ့ သံအမတ်တချို့ရဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေအပေါ် ပြောစကားတွေကို RFA သတင်းထောက် ကိုထက်အာကာ က ကောက်နုတ်တင်ပြထားပါတယ်။
2018-12-10
ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကြေငြာစာတမ်းပါ အချက်တွေနဲ့ ကိုက်ညီမှုမရှိဘဲ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေ ဆိုးဆိုးဝါးဝါး ရှိနေဆဲပဲတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေက ပြောကြပါတယ်။
2018-12-10
သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က "အစွန်းရောက်ဘာသာကြီး" လို့ သုံးနှုန်းလိုက်တာကို ပြန်လည်ရုပ်သိမ်းကြောင်း ကြေညာပေးဖို့ ပြည်ထောင်စုဝန်ကြီးဆီ လိပ်မူပြီး တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ချိုက အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့လိုက်ပါတယ်။
2018-12-10
မြန်မာနိုင်ငံမြောက်ပိုင်းက ထောင်နဲ့ချီတဲ့ အမျိုးသမီးတွေဟာ တရုတ်နိုင်ငံကို ရောင်းစားခံနေရပြီး တရုတ်အမျိုးသားတွေနဲ့ အလိုမတူဘဲ လက်ထပ်ရတာ၊ ကလေးမွေးပေးရတာတွေ ရှိနေတယ်လို့ အမေရိကန်သုတေသီတွေက ပြီးခဲ့တဲ့ရက်ပိုင်းက အစီရင်ခံစာထုတ်ပြန်လိုက်ပါတယ်။
2018-12-07
၂ဝ၁၈ မြေလွတ်၊ မြေလပ်၊ မြေရိုင်းစီမံခန့်ခွဲမှု ဥပဒေသစ်နဲ့ ဆက်စပ်ကြေညာချက်ကြောင့် ဘိုးစဉ်ဘောင်ဆက် ဓားမဦးချလုပ်ကိုင်လာတဲ့ တိုင်းရင်းသားတွေ မြေယာအရေးအတွက် စိုးရိမ်ပူပန်နေကြပါတယ်။