သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-12-07
ပြီးခဲ့တဲ့ဒီဇင်ဘာလ ၅ ရက်က ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ လူအုပ်ထဲကို စစ်ကားနဲ့ ဝင်တိုက်ခဲ့တဲ့လုပ်ရပ်ဟာ အရိုင်းအစိုင်းဆန်တဲ့ အကြမ်းဖက်မှုဖြစ်တယ်လို့ နိုင်ငံတကာလေ့လာသုံးသပ်သူတွေက ပြောလိုက်ပါတယ်။
2021-12-07
ဒီဇင်ဘာ ၇ ရက်နေ့မှာ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ကို ရောက်နေတဲ့ စစ် ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က လက်ခံတွေ့ဆုံပြီး အာဆီယံနဲ့ မြန်မာအကြား ဆက်ဆံရေးပြန်ကောင်းဖို့ ဆွေးနွေးခဲ့ကြောင်း မစ္စတာဟွန်ဆန်ရဲ့ ပြောရေးဆိုခွင့်ရှိသူကို ကိုးကားပြီး နိုင်ငံတကာသတင်းတွေမှာ ရေးထားပါ တယ်။
2021-12-07
စစ်ကောင်စီရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လျော့နည်းလာတာကြောင့် ဝန်အားလျှော့တဲ့အနေနဲ့ အလှည့်ကျ မီးဖြတ်မှုတွေ လုပ်ဆောင်လာနေပါတယ်။
2021-12-06
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ NLD နာယကဖြစ်တဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရ ဦးတင်ဦးကို ဒီဇင်ဘာ ၅ ရက်နေ့က ဗဟန်းမြို့နယ်က နေအိမ်မှာ သွားရောက်တွေ့ဆုံခဲ့တာဟာ ပြည်တွင်းအခြေ အနေဆိုးနေပြီး နိုင်ငံတကာ ဖိအားတွေများနေချိန်မှာ နိုင်ငံရေးအရ အမြတ်ထုတ်တဲ့လုပ်ရပ်လို့ NLD ပါတီဝင်တချို့ က ဝေဖန်ပါတယ်။
2021-12-04
ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက် အကြမ်းမဖက် အာဏာဖီ ဆန်ရေး ပြည်သူ့လှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့ကြတဲ့ အစိုးရဝန်ထမ်းတွေ ရုံးပြန် တက်ကြဖို့ စစ်ကောင်စီက ခြိမ်းခြောက် ဖိအားပေးနေပေမယ့် ဝန်ထမ်းအများစုက ရုံးပြန်မတက်ကြဘဲ ဆက်ပြီး တောင့်ခံနေပါတယ်။ ဒီ CDM ဝန်ထမ်းတွေ အလုပ်အကိုင်ရှာတဲ့အခါ အခက်အခဲ ကြုံတွေ့နေရပါတယ်။
2021-12-03
ပြည်သူလူထုကို ဖိနှိပ်သတ်ဖြတ်မှုနဲ့ ရှေ့တန်းစစ်မျက်နှာမှာ ထိခိုက်ကျဆုံးများပြီး ကာလကြာရှည် ပင်ပန်းဆင်းရဲမှုတွေကြောင့် အခု စစ်အာဏာသိမ်း ၁၀ လအကြာမှာ တပ်မတော်သား မိသားစုတွေကိုယ်တိုင် အာဏာသိမ်းစစ်ကောင်စီကိုဆန့်ကျင်မှု တွေ ပိုများလာတယ်လို့ တပ်မိသားစုဝင်တွေက ပြောပါတယ်။
2021-12-03
စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်၊ မကွေး စတဲ့တိုင်းတွေက မြို့နယ်ပေါင်း ၂၀ ကျော်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ တတိယပတ်လောက်ကစပြီး အမျိုးသားနှစ်ယောက် ဒါမှမဟုတ် အမျိုးသားက ဆိုင်ကယ်နောက်ကနေ မစီးဖို့ ဒေသန္တရအမိန့်တွေ ထုတ်ပြန်ပြီးနောက် ဆိုင်ကယ်စီးတဲ့ လူငယ်တွေ လိုက်လံပစ်သတ်ခံရတာတွေ ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-02
မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးဆန့်ကျင်ဆန္ဒပြသူတွေကို စစ်တပ်က ပိတ်ဆို့၊ အင်အားသုံး ပစ်ခတ်သတ်ဖြတ်နေတာဟာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာ ဖြစ်ကြောင်း HRW လူ့အခွင့်အရေးအဖွဲ့က ကြာသပတေးနေ့ မနေ့က ထုတ်ပြန်ပါတယ်။
2021-12-02
ကမ္ဘာမှာ ဆန္ဒပြပွဲတွေရှိနေပြီး ရုန်းရင်းဆန်ခတ်ဖြစ်လာရင်လည်း ရော်ဘာကျည် လောက်ပဲသုံးပါတယ်။ မြန်မာနိုင်ငံမှာတော့ ငြိမ်းချမ်းတဲ့နည်းနဲ့ ဆန္ဒပြရာက အကြမ်းဖက်ဖြိုခွင်းခံရလို့ နောက်ဆက်တွဲ မလိုလားအပ်တဲ့ဖြစ်ရပ်တွေ ပေါ်ပေါက်လာပြီး စစ်ရေးနဲ့ တိုက်ရိုက် မပတ်သက်သူတွေလည်း ထိခိုက်နေရပါတယ်။
2021-12-02
ဒီဇင်ဘာ ၁ ရက် မနေ့က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ ဂဌာနချုပ်မှာ ပြုလုပ်တဲ့ ကုလ အရည်အချင်းစစ်ကော်မတီရဲ့ အစည်းအဝေးအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ စစ်ကောင်စီဘက်က တင်သွင်းတဲ့ ကိုယ်စားလှယ် နှစ်ဦးအနက် ဘယ်သူ့ကို တရားဝင် အသိအမှတ်ပြုမလဲဆိုတာကို အတိအကျ မဆုံးဖြတ်ဘဲ ရွှေ့ဆိုင်းလိုက်ပါတယ်။
2021-12-02
ချင်းပြည်နယ်မှာ စစ်တပ်က နယ်မြေရှင်းလင်းတဲ့အခါ အရပ်သားတွေရဲ့ အိုးအိမ်တွေ ဖျက်ဆီးခံရတာ၊ ချင်းလူမျိုးတွေရဲ့ အမှတ်သင်္ကေတဖြစ်တဲ့ နွားနောက်တွေကို အကြောင်းမဲ့ သတ်ဖြတ်တာတွေကြောင့် ရိုးရာဓလေ့အရ လက်စားချေတဲ့အနေနဲ့ CDF အဖွဲ့တွေမှာ ပူးပေါင်းတိုက်ခိုက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-02
ကိုဗစ် ပထမလှိုင်းကနေ တတိယလှိုင်းအထိ ပရဟိတသမားတွေရဲ့ အခန်းကဏ္ဏဟာ အရေးကြီးတဲ့ နေရာကနေ ပါဝင်ကူညီနေကြပါတယ်။ ကိုဗစ်တတိယလှိုင်းရဲ့ ကူး စက်မှုနဲ့ လူသေဆုံးမှု အမြင့်ဆုံးဖြစ်တဲ့ ဇူလိုင်လမှာတော့ ပရဟိတ သမားတွေဟာ နေ့မနား၊ ညမအား သေဆုံးလူနာနဲ့ ဆေးရုံပို့လူနာ ပို့ဆောင်ရေးတွေအပြင် အောက်ဆီဂျင်ရှာဖွေရေးတွေပါ လုပ် ဆောင်ပေးခဲ့ရပါတယ်။
2021-12-01
စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းဟာ လက်နက်ကိုင်တော်လှန်မှု အမြင့်ဆုံးဒေသ တစ်ခု ဖြစ်နေပြီး စစ်ကောင်စီဘက်ကလည်း အင်အားအလုံး အရင်းနဲ့ ချေမှုန်းနေတာကြောင့် ၁၀ လ အတွင်းမှာ အရပ်သား ၄၀၀ ကျော် သေဆုံးခဲ့တာကို တွေ့ရပါတယ်။
2021-12-01
စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီးက ဧရာဝတီမြစ်တစ်ဝိုက်မှာ တရားမဝင်ရွှေတူးဖေါ်မှုတွေ အများအပြားရှိလာနေ တာကြောင့် မြစ်ရေညစ်နွမ်းမှုတွေဖြစ်ပေါ်နေပါတယ်။
2021-11-30
ရန်ကုန်မြို့မှာ တကသ အဖွဲ့ဝင်ကျောင်းသားတွေ ကျောင်းသားဟောင်းတွေ ဦးဆောင်ပြီး “စစ်ကျွန်မခံ ဘူးငြင်းဆန် အမျိုးသားနေ့ အဓိဌာန်” ဆိုတဲ့ခေါင်းစဉ်နဲ့ အာဏာရှင်တွေ ပိုင်ဆိုင်တဲ့ ပါရမီနဲ့ Omini ယာဉ်လိုင်းတွေကို ပြည်သူတွေ လိုက်ပါစီးနင်းခြင်း မပြုဖို့ နှိုးဆော်တဲ့လှုပ်ရှားမှုဟာ ၄ ရက်ရှိခဲ့ပါပြီ။