သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-06-07
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဂျင်မီနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် အပါအဝင် လေးဦးကို ကွပ်မျက်ဖို့ စစ်ကောင်စီက အတည်ပြုလိုက်တဲ့အပေါ် ကုလသမဂ္ဂအပါအဝင် ပြည်တွင်းပြည်ပက ကန့်ကွက်ရှုတ်ချနေကြပါတယ်။
2022-06-07
လက်နက်ကိုင်ခုခံမှု အရှိန်မြင့်တက်လာတဲ့ မကွေးတိုင်းအထက်ပိုင်း မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေရဲ့ ဖမ်းဆီးသတ်ဖြတ်မှု၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးမှုတွေကြောင့် ပြီးခဲ့တဲ့ မေလအတွင်း လူအနည်းဆုံး ၁၁ ဦး သေဆုံးပြီး ၃၁ ဦး အဖမ်းခံခဲ့ရပါတယ်။
2022-06-07
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ခမရ (၃၆၇) တပ်က နှောကုန်းနဲ့ လျှော်ဖြူကုန်း ရွာတွေကို ဇွန်လ ၆ ရက် မနေ့က ဝင်ရောက်စီးနင်းပြီး အိမ်ခြေ ၂၅၀ ကျော်နဲ့ စပါးကျီ ၆၀ ကျော်က စပါးတင်း ၆၅၀၀ လောက် မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-06-07
၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့စစ်တပ်က အာဏာသိမ်းပြီးနောက် ဆင်းရဲမှုဒဏ်ကို အပြင်းအထန်ခံစားရတဲ့ အလုပ်သမားတွေဟာ ၁၉၇၄ ခုနှစ်မှာ ကုန်ဈေးနှုန်းကျဆင်းရေးနဲ့ လုပ်ခလစာတိုးပေးရေး အပါအဝင် အခွင့်အရေးတချို့ကို ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
2022-06-06
မြန်မာနိုင်ငံဟာ စွမ်းအင်မလုံလောက်မှုအပါအဝင် စီးပွားရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရတာပါ။ ဒီအတွင်း ရင်းနှီးမြှုပ်နှံသူတွေနဲ့ အာဏာသိမ်းစစ်ကောင်စီ အဆင်မပြေဖြစ်မှာ အငြင်းပွားဖွယ် စွမ်းအင်စီမံကိန်းတွေကို ဇွတ်တိုး ဆောင်ရွက်လာမယ့်အရေးတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေလည်း ပေါ်ပေါက်လာနေကြောင်း Nikkei Asia သတင်းက ဖော်ပြပါတယ်။
2022-06-06
စစ်တပ်က အာဏာသိမ်းပြီးနောက် ချင်းလူမျိုးစု တော်လှန်ရေးအဖွဲ့တွေက စစ်ကောင်စီကို တော်လှန်ခဲ့ကြလို့ ချင်းပြည်နယ်ဟာ စစ်မြေပြင်ဖြစ်ခဲ့ရပြီး ဒေသခံ ကိုးသောင်းနီးပါးဟာလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။
2022-06-06
လက်နက်ကိုင်ခုခံမှု အရှိန်မြင့်တက်လာတဲ့ စစ်ကိုင်းနဲ့ မကွေးတိုင်းထဲမှာ စစ်တပ်က PDF တွေနဲ့ သူတို့ကို ထောက်ခံတဲ့ ရွာတွေကို နှိမ်နင်းဖို့ ပျူစောထီးအဖွဲ့တွေကို ပိုဖွဲ့စည်းလာပြီး တစ်ရွာကို လူ ၃၀ နှုန်းနဲ့ ဖိအားပေးတောင်းယူနေပါတယ်။
2022-06-06
စစ်ကိုင်းတိုင်း ကနီနဲ့ ခင်ဦးမြို့နယ်တွေမှာ ဇွန်လ ၄ ရက် တစ်ရက်တည်းမှာတင် သေဆုံးနေတဲ့ ရုပ်အလောင်း ငါးလောင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
2022-06-06
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီနဲ့ ပျူစောထီးတို့ ပူးပေါင်းစစ်ဆင်ရေး တိုးမြှင့်နေသလို၊ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တွေကလဲ လက်လုပ်စိန်ပြောင်းတွေ တိုးချဲ့ထုတ်လုပ်ပြီး၊ ပြည်သူကို ကာကွယ်နေတယ်လို့ အဖွဲ့ခေါင်းဆောင် ဗိုလ်ကျားကြီးကပြောပါတယ်။
2022-06-05
တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာ ထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည် တစ်သောင်းကျော်ဟာလည်း တောတောင်တွေထဲမှာ ဖြစ်သလိုနေထိုင်ကြရတာ တစ်နှစ်ကျော်ရှိလာပြီး အချိန်ကြာလာတာနဲ့အမျှ အခက်အခဲတွေက များသထက် များလာနေပါတယ်။
2022-06-05
သေဒဏ်ပယ်ဖျက်ထားတဲ့ ကမ္ဘာ့ ၁၀၈ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံမပါဘဲ ၁၉၉၀ ပြည့်နှစ်ကတည်းက မကျင့်သုံးခဲ့ပေမယ့် အာဏာသိမ်း စစ်ကောင်စီလက်ထက်ရောက်မှ သေဒဏ်ဆိုတဲ့အမိန့်နဲ့ လူထုကို ခြိမ်းခြောက်လိုက်ပါတယ်။
2022-06-05
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း (၅) က အမျိုးသမီးအထူးတပ်ခွဲ တစ်ခုကို ပြီးခဲ့တဲ့ မေလအတွင်းမှာ ဖွဲ့စည်းခဲ့ပါတယ်။ ဒါဟာ KNDF တပ်ရင်း (၅) ရဲ့ ပထမဆုံး အမျိုးသမီး အထူးတပ်ဖွဲ့ဖြစ်ပြီး ဒီအဖွဲ့က ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်နိုင်ဖို့အတွက် ဖွဲ့စည်းခဲ့တာလို့ ဆိုပါတယ်။
2022-06-04
ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေအပါအဝင် ဒေသတချို့မှာ ပြည်တွင်းစက်သုံးဆီ ပြတ်တောက်တာနဲ့ စက်သုံးဆီ ဈေးနှုန်းမြင့်တက်နေတာတွေကို ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်သုံးဆီ ဈေးနှုန်း မြင့်တက်နေတာမှန်ပေမဲ့ အရောင်းဆိုင်တွေမှာ ဆီအလုံအလောက်မရှိ ဖြစ်နေတာက ပြဿနာ ဖြစ်နေတာလို့လည်း ပြောကြပါတယ်။
2022-06-04
ကွယ်လွန်သူစာရေးဆရာမ မိုးမိုး-အင်းလျားရဲ့ မြန်မာပြည်မှာနေကြသည် စာအုပ်ကို Penguin စာအုပ်တိုက်က Born and bred in Myanmar ဆိုပြီး အင်္ဂလိပ်ဘာသာနဲ့ ဖြန့်ချိလိုက်ပါတယ်။
2022-06-03
"သူတို့ကတော့ သေဒဏ်ပေးပြီး တကယ်သတ်မှာနော်လို့ ခြိမ်းခြောက်လိုက်တာ၊ တကယ်ကျတော့ ဇေယျာသော်တို့တွေ ကိုဂျင်မီတို့ကို ကွပ်မျက်ဖို့ဆိုတာ လက်တွေ့မှာ မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဲ့ဒီဟာက ကမ္ဘာကြီးကိုလည်း ဆန့်ကျင်ရမယ်။ နောက်တစ်ခုက ပြည်သူလူထုကိုလည်း ဆန့်ကျင်ရမယ်။"