သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-08-20
RFA ကနေ အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်လွှင့်နေတဲ့ "ယနေ့နိုင်ငံရေး" အစီအစဥ်မှာ၊ ရွေးကောက်ပွဲအကြိုကာလ အထူးအစီအစဥ်အဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းကို တင်ဆက်ပေးမှာပါ။
2020-08-20
RFA ပေးစာ ပြန်စာ အစီအစဉ်ကို ထုတ်လွှင့်မှာ ဖြစ်ပါတယ်။
2020-08-20
ပါတီတံဆိပ်ကို အစွဲပြုပြီး ကျားခေါင်းပါတီလို့လည်းခေါ်ကြတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အမတ်လောင်းတစ်ဦးဖြစ်တဲ့ ဦးမော်ထွန်းအောင်ကို RFA သတင်းထောက် မဖြူဖြူခိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။
2020-08-20
ဖွဲ့စည်းပုံ အခြေခံဥပဒေပါပြဋ္ဌာန်းချက်ကို ဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ပြည်နယ်လွှတ်တော်က ဖွဲ့စည်းလိုက်တဲ့ စုံစမ်းရေးအဖွဲ့က စစ်ဆေးနေပါတယ်။
2020-08-20
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကာလအတန်ကြာ ရပ်တန့်နေရာကနေ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရန်ကုန် နဲ့ ရခိုင်ပြည်နယ်မှာ အတည်ပြုလူနာတွေ ထပ်တိုးလာပါတယ်။ ရခိုင်ပြည်နယ် စစ်တွေမြို့မှာဆိုရင် ဒီတစ်ပတ်အတွင်း အတည်ပြုလူနာ ခြောက်ဦးအထိ ရှိသွားပြီးဖြစ်တာကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေကြပါတယ်။
2020-08-20
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာက ဒေသခံ ခြောက်ဦးကို သြဂုတ်လ ၁၉ ရက် မနေ့က တပ်မတော်က ဖမ်းဆီး စစ်ဆေးပြီး ပြန်လွှတ်လိုက်ပြီဖြစ်ပါတယ်။
2020-08-20
၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး နောက်ဆုံးရက်မှာ၊ သမိုင်းဝင် လက်မှတ်ထိုးကြမယ့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) ပါ သဘောတူညီချက်တွေကို၊ ဒီနေ့ ပင်လုံဒုတိယနေ့မှာ ကျင်းပတဲ့ UPDJC အစည်းအဝေးမှာ အပြီးသတ်အတည်ပြုလိုက်ပါပြီ။
2020-08-20
တပ်မတော်က ရာဇသတ်ကြီးပုဒ်မ ၅၀၀ (အသရေဖျက်မှု)နဲ့ တရားစွဲဆိုထားတဲ့ ဆရာတော် ဦးစိန္တိတကို ပြင်ပကနေ တရားရင်ဆိုင်ဖို့ မန္တလေး ပြည်ကြီးတံခွန်မြို့နယ် တရားရုံးက ခွင့်ပြုလိုက်ပါတယ်။
2020-08-20
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး ပြန်ကောင်းလာတဲ့သူတွေရဲ့ သွေးရည်ကြည်နဲ့ ရောဂါပိုးကူးစက်ခံရသူတွေကို ကုသလို့ ပျောက်ကင်းတာ ရှစ်ယောက်ရှိပြီလို့ မြန်မာ နိုင်ငံ ကျန်းမာရေးကဏ္ဍ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာရေးရ်မရက ပြောပါတယ်။
2020-08-20
တစ်နှစ်ကြာ ထိန်းသိမ်းခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုရင်ဆိုင်ခဲ့ရတဲ့ မြောက်ဦးမြို့နယ် အိုးထိန်းကျေးရွာက ကျောင်းတိုက်ဆရာတော် ဦးကဝိဓဇနဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝေစိုးထွန်းတို့ကို တရားရုံးက သြဂုတ်လ ၁၉ ရက်နေ့ မနေ့က လွှတ်ပေးလိုက်ပါတယ်။
2020-08-19
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံမှာ တိုင်းရင်းသားအားလုံး တန်းတူညီမျှအခွင့်အရေး ရရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။ အခုလို ဗိုလ်ချုပ်မှူးကြီးရဲ့ ပြောကြားချက်တွေကို တိုင်းရင်းသားခေါင်းဆောင်အားလုံးလိုလိုက ငြင်းဆိုခဲ့ပါတယ်။
2020-08-19
ဧရာဝတီမြစ်ရေကြီးမှုကြောင့် မန္တလေးတိုင်း စဉ့်ကူးမြို့နယ်မှာ ရေဘေးဒုက္ခသည်တချို့ ဘေးလွတ်ရာ ရွှေ့ပြောင်းနေကြရပါတယ်။ စဉ့်ကူးမြို့နယ် မြေနုကျေးရွာမှာ မြစ်ရေတိုက်စားပြီး ကမ်းပါးတွေပြိုကျလို့ နေအိမ်တချို့ ပြောင်းရွှေ့နေရပါတယ်။ ကမ်းပါးပြိုမှုတွေ နှစ်စဉ်ဖြစ်နေတာကို အစိုးရက အကာအကွယ်ပေးဖို့ လွှတ်တော်မှာ တင်ပြခဲ့ပေမယ့်လည်း ပယ်ချခံခဲ့ရပါတယ်။
2020-08-19
ထောင်ဒဏ် နှစ်နှစ်ချမှတ်ခံခဲ့ရတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် မဆုရတနာမြင့်ဟာ လွတ်ရက်စေ့လို့ အင်းစိန်ထောင်ကနေ ဒီကနေ့ သြဂုတ် ၁၉ ရက်နေ့မနက်မှာ ပြန်လွတ်လာပါတယ်။
2020-08-19
မွေးရပ်ဇာတိနဲ့ ကြီးပြင်းရာနေရာမဟုတ်လို့ စိန်ခေါ်မှုကြီးမားပေမယ့် သဘာဝသယံဇာတပေါများပြီး ဖွံ့ဖြိုးမှုအားနည်းနေတဲ့ တနင်္သာရီတိုင်း ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လိုတဲ့အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တိုင်းနဲ့ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးတွေကို ဆောင်ရွက်လိုတာကြောင့် တနင်္သာရီတိုင်း၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ အမှတ် (၉) ကနေ ရွေးကောက်ပွဲ ဝင်တာလို့ ဒေါ်ညိုညိုသင်းက ပြောပါတယ်။
2020-08-19
"ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင် လက်နက်အားကိုးပြီး အင်အားသုံးမှ ထိရောက်မယ်၊ အောင်မြင်မယ်ဆိုတဲ့ နိုင်ငံရေးဓလေ့ဆိုးနဲ့ ဒီစိတ်ဓာတ်ကို ဖြစ်ပေါ်စေတဲ့အကြောင်းအရင်းကို နိဂုံးချုပ်ဖြတ်တောက်ဖို့အထိ၊ ရည်ရွယ် ဆောင်ရွက်နေကြောင်း" နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ကျင်းပတဲ့ ၂၁ ရာစု ပင်လုံညီလာခံမှာ ပြောကြားလိုက်ပါတယ်။