သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-12-22
ပုဂ္ဂလိက ဘဏ်လုပ်ငန်းရှင်တွေအနေနဲ့ အာဏာဖီဆန်ရေး (CDM) မှာ ပါဝင်တဲ့ ဝန်ထမ်းတွေအပေါ် ဖိနှိပ်ခြိမ်းခြောက်တာတွေမလုပ်ဖို့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က ဒီဇင်ဘာလ ၂၂ ရက် ဒီကနေ့ သတိပေး ထုတ်ပြန်လိုက်ပါတယ်။
2021-12-22
ထောင်ဒဏ် ၇၇ နှစ် အမိန့်ချမှတ်ခံထားရပြီးဖြစ်တဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ဟာ ဒီဇင်ဘာ ၂၂ ရက် ဒီနေ့ ဘားအံထောင်တွင်း တရားရုံး ကနေ နောက်ထပ် ထောင်သုံးနှစ် အမိန့်ချခံရလို့ စုစုပေါင်း ထောင်ဒဏ် နှစ်ပေါင်း ၈၀ အမိန့်ချခံထားရပါတယ်။
2021-12-22
ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်ဘက် ရသေ့ဂူနဲ့ သေ့ဘောဘိုးရွာ အနီးတို့မှာ ဒီဇင်ဘာ ၂၂ ရက် ဒီနေ့မနက် တိုက်ပွဲဖြစ်ပွားနေလို့ ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-22
တိုက်ပွဲတွေပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်အတွင်း ချင်းတွင်းမြစ်ကူး တံတားကနေ ကလေး၀ - ယာကြီးလမ်းပိုင်းကို ဒီဇင်ဘာ ၂၂ ရက် ဒီနေ့ကစပြီး ပြည်သူတွေ ခရီးမသွားကြဖို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ PDF တွေက သတိပေး ကြေညာလိုက်ပါတယ်။
2021-12-22
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ပြည်သူ့လွှတ်တော် ဒု-ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်ဟာ စစ်ကောင်စီက ပုဒ်မ ၅၀၅ (က)၊ (ခ) အမှုတွေအတွက် ဒီဇင်ဘာ ၂၂ ရက် ဒီနေ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် လေးနှစ် ချမှတ်ခံလိုက်ရ ပါတယ်။
2021-12-22
မန္တလေးတိုင်း မိတ္ထီလာမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးလွင်မောင်မောင်ဟာ မတရား အသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁) နဲ့ ဒီဇင်ဘာ ၂၁ ရက် မနေ့က ထောင်ဒဏ် သုံးနှစ် အမိန့်ချခံရတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။
2021-12-22
မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်း နားနဲ့ ကုမ္ပဏီပိုင် နေရာတွေမှာ WeChat ဝီချက် အသုံးပြုပြီး ကျောက်မျက် ရောင်း ဝယ်နေသူ ၃၀၀ ကျော်ကို စစ်ကောင်စီက မြန်မာ့ကျောက်မျက်ရတနာ ဥပဒေ ၅၂ (ခ) ၊ ၅၄ အရ လိုင်စင်မရှိဘဲ လုပ်ကိုင်တယ်ဆိုတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်လိုက်ပါတယ်။
2021-12-22
စစ်ကောင်စီကို တော်လှန်တိုက်ခိုက်မှု အများဆုံးဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း နဲ့ ရှမ်းမြောက်ဒေသတွေမှာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်ကနေ ၁၇ ရက်နေ့အထိ ၁၀ ရက်အတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွေ အပါအဝင် အသတ်ခံရသူ စုစုပေါင်း ၂၆ ဦး အထိရှိခဲ့ပါတယ်။
2021-12-22
စစ်တပ်က လေကြောင်းကနေ တိုက်တိုက်တာခံခဲ့ရပြီး ရွာထဲမှာ တပ်စွဲခံထားရတဲ့ စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ရေမြက်ရွာမှာ ဒီဇင်ဘာ ၂၂ ရက် ဒီနေ့မနက်ပိုင်းက ရွာထဲကနေအိမ်တွေ မီးလောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-22
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ရဲစခန်းမှာ ဒီဇင်ဘာ ၂၂ ရက် ဒီနေ့ မနက် ငါးနာရီခွဲကျော်မှာ ဗုံးနှစ်လုံးဆင့် ပေါက်ကွဲခဲ့ပါတယ်။
2021-12-22
ကချင်ပြည်နယ် ဖားကန့်မြို့နယ် သာယာကုန်းကျေးရွာအနီးက ကျောက်စိမ်း တူး ဖော်ရေး လုပ်ကွက်တစ်ခုမှာ ဒီနေ့မနက်က မြေစာပုံ ပြိုကျခဲ့တာကြောင့် လူ ၈၀ ထက်မနည်း ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-22
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကော့နွဲရွာမှာ ဒီဇင်ဘာ ၂၁ ရက် မနေ့မနက်က တိုက်ပွဲဖြစ်ပွားခဲ့လို့ ရွာသုံးရွာက ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ KNU ဒူးပလာယာခရိုင်က ထုတ်ပြန်ပါတယ်။
2021-12-22
နေပြည်တော် လယ်ဝေးမြို့က အာဏာရှင်ဖီဆန်ရေး CDM လုပ်ထားတဲ့ ကျောင်းဆရာ ဦးလှမင်းမောင် ဟာ စစ်ကောင်စီတပ်တွေ ဖမ်းဆီးတာခံရပြီး နှစ်ဆယ့်လေးနာရီအတွင်း စစ်ကြောရေးမှာ သေဆုံးခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2021-12-21
ကမ္ဘာကျော် အမှတ်တံဆိပ်တွေဖြစ်တဲ့ Adidas၊ Zara နဲ့ H&M တို့ပါဝင်တဲ့ ACT (Action Collaboration Transformation) အဖွဲ့ဟာ မြန်မာနိုင်ငံကနေ ထွက်ခွာ တော့မယ်လို့ ပြီးခဲ့တဲ့ သတင်းပတ်အတွင်းက ကြေညာပါတယ်။
2021-12-21
အခုလာမယ့် ၂၀၂၂ အာဆီယံဥက္ကဋ္ဌအသစ် ပြောင်းလွှဲချိန်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အာဆီယံရဲ့ ရပ်တည်ချက် ပြောင်းလဲသွားမလားဆိုတာ စိုးရိမ်နေကြပါတယ်။