သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-02-21
စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းချက်ဟာ အရပ်သားပြည်သူတွေအတွက် ပိုမိုခြိမ်းခြောက်မှုဖြစ်လာတယ်လို့ တွမ်အင်ဒရူးက ပြောလိုက်ပါတယ်။
2024-02-21
ထွက်ပြေးတိမ်းရှောင်လာသူတစ်ဦးက သူတို့ ကျားဖျန့်လုပ်ငန်း အလုပ်သမားတွေအနေနဲ့ အခက်အခဲမျိုးစုံကို ရင်ဆိုင်နေရတယ်လို့ RFA ကို ပြောပါတယ်။
2024-02-21
မိုင်တစ်ထောင်ကျော် ထိစပ်နေတဲ့ နှစ်နိုင်ငံနယ်စပ်တစ်လျှောက် စည်းရိုးကာမဲ့ အိန္ဒိယအစိုးရ ဆုံးဖြတ်ချက်ကို ကန့်ကွက်ဆန္ဒပြခဲ့ကြတာပါ။
2024-02-21
တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီက ကျေးရွာတွေကို ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
2024-02-21
တစ်ပတ်ကျော်အတွင်း ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာနိုင်ငံသား လူငယ် ၁၃၀ ကျော် တရားမဝင် ဝင်ရောက်မှုနဲ့ အဖမ်းခံရတယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူတွေက ပြောပါတယ်။
2024-02-21
အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား ရိုဟင်ဂျာတွေ မဖြစ်မနေစစ်သင်တန်းတက်ဖို့ ဖိအားပေးနေပြီး ရိုဟင်ဂျာတွေကတော့ ပြေးစရာနေရာမရှိတာကြောင့် အတော် အကျပ်အတည်းဖြစ်နေတယ်လို့ ဆိုပါတယ်။
2024-02-21
မံစီမြို့နယ် စီခမ်းကြီးရွာကို စစ်တပ်က ဖေဖော်ဝါရီ ၁၇ ရက်နေ့ကစပြီး ၂၀ ရက်နေ့ အထိ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁၁ ဦး သေဆုံးပြီး ၃၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
2024-02-21
မှော်ဘီမြို့နယ် မြောင်းတကာကျေးရွာက နေအိမ် ၃၃ လုံးဟာ စက်ပစ်ကွင်းထဲမှာ ပါဝင်နေတယ်ဆိုပြီး စစ်ကောင်စီက ဖေဖော်ဝါရီလ ၂၂ ရက် နောက်ဆုံးထား ဖယ်ရှားခိုင်းထားတယ်လို့ ချင်းလူမျိုး သင်းအုပ်ဆရာတစ်ဦးက ပြောပါတယ်။
2024-02-21
တန့်ဆည်မြို့နယ် ကံထူးမရွာက တိုက်နယ်ရဲစခန်းကို ဖေဖော်ဝါရီ ၂၁ ရက် မနက် ၃ နာရီ ဝန်းကျင်လောက်က ကာကွယ်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်တပ်ဘက်ကလည်း လေကြောင်းနဲ့ လာရောက်ပစ်ခတ်ခဲ့ပါတယ်။
2024-02-21
ပဲတီစိမ်းနဲ့ မတ်ပဲကို ဒီနှစ်မှာ အိန္ဒိယနိုင်ငံက ဝယ်လိုအား များလာတာကြောင့် ပဲတီစိမ်း တစ်တင်းကို အရင်နှစ်ကထက် ကျပ် နှစ်သောင်းခွဲ၊ မတ်ပဲတစ်တင်းကိုလည်း ကျပ် သုံးသောင်းလောက် မြင့်တက်သွားပါတယ်။
2024-02-21
ရွှေဘိုမြို့ ကန်သာကုန်းရွာအနီးက ငါးကန်မှာ အစောင့်အဖြစ်နေထိုင်နေတဲ့ ကိုယ်ဝန်သည်နဲ့ သုံးနှစ်အရွယ် ကလေး အပါအဝင် အရပ်သား ခြောက်ဦး ဖေဖော်ဝါရီ ၁၅ ရက်က သတ်ဖြတ်ခံလိုက်ရပါတယ်။
2024-02-21
စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို လူမှုကွန်ရက်စာမျက်နှာမှာ ပြစ်တင်ဝေဖန်လို့ ဖမ်းဆီးခံရတဲ့သူ နှစ်နှစ်အတွင်း ၁၄၈၀ ထက်မနည်း ရှိခဲ့ပါတယ်။
2024-02-21
ဆီဆိုင်မြို့နယ်မှာ တစ်လတာတိုက်ပွဲအတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၁၆ ဦး သေဆုံးခဲ့ပါတယ်။
2024-02-20
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ နာယက သူရဦးတင်ဦးဟာ ဆေးရုံပြန်တက်နေရပြီး ကျန်းမာရေး ကောင်းမွန်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2024-02-20
အာဏာသိမ်း သုံးနှစ်အတွင်းမှာ ရွှေဆိုင်နဲ့ဘဏ်တွေ လုယက်ခံရမှုပေါင်း ၈၂ ခုအထိ ရှိခဲ့တယ်လို့ သုတေသနအဖွဲ့ Data for Myanmar က ထုတ်ပြန်ပါတယ်။