သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-09-23
ရခိုင်ပြည်နယ်အရေးအပါအဝင် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်မယ့်ကိစ္စတွေနဲ့ပတ်သက်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ဒီကနေ့ ရန်ကုန်မြို့၊ သံလွင်လမ်းမှာရှိတဲ့ ကြံ့ခိုင်ရေးပါတီ ဗဟိုရုံးချုပ်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
2018-09-23
စက်တင်ဘာလ ၂၂ ရက်နေ့ည စနေစကားဝိုင်း အစီအစဉ်မှာ "အကျဉ်းထောင်၊ အဂတိလိုက်စားမှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးကြမှာဖြစ်ပါတယ်။ ပင်တိုင်ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ ဦးခင်မောင်မြင့် ( ဥပဒေအရာရှိ ) ၊ ဦးဇော်သက်ထွေး ( အယ်ဒီတာချုပ်၊ Tomorrow Journal ) ၊ အင်းစိန်အောင်စိုး ( စာရေးဆရာ ) တို့ ဖြစ်ပါတယ်။
2018-09-23
အမေရိကန်ပြည်ထောင်စု ကယ်လ်ဖေါနီးယားပြည်နယ် လော့စ်အန်ဂျလစ်ခရိုင် Culver City ကာလ်ဗာစီးတီးမြို့မှာ ရိုဟင်ဂျာခေါင်းဆောင်တွေ စုဝေးပြီး မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေသော လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ညီလာခံ (Convention on Myanmar’s Ongoing Genocide) လို့ အမည်ပေးထားတဲ့ ဆွေးနွေးပွဲတစ်ခုကို မြန်မာစံချိန် တနင်္ဂနွေနေ့ မနက်ပိုင်းမှာ ကျင်းပမှာဖြစ်ပါတယ်။
2018-09-22
အမေရိကန်ပြည်ထောင်စု ကယ်လ်ဖေါနီးယားပြည်နယ် လော့စ်အန်ဂျလစ်ခရိုင် Culver City ကာလ်ဗာစီးတီးမြို့မှာ ရိုဟင်ဂျာခေါင်းဆောင်တွေ စုဝေးပြီး မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ် ပွားနေသော လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ညီလာခံ (Convention on Myanmar’s Ongoing Genocide) လို့ အမည်ပေးထားတဲ့ ဆွေးနွေးပွဲတစ်ခုကို မြန်မာစံချိန် ဒီနေ့ တနင်္ဂနွေနေ့ မနက် ၈ နာရီခန့်မှာ ကျင်းပဖို့ ရှိပါတယ်။
2018-09-22
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနဲ့ ပဲခူးတိုင်းဝန်ကြီးချုပ်တို့ဟာ ရေတာရှည်မြို့နယ်က ဆွာချောင်းရေလှောင်တမံ ကျိုးပေါက်ခဲ့တဲ့နေရာကို ဒီနေ့ လာရောက်ကြည့်ရှုခဲ့ကြပေမယ့် ဒေသခံတွေ အနေနဲ့ လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေတွေကို တင်ပြခွင့်မရခဲ့ဘူးလို့ သိရပါတယ်။
2018-09-22
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျရယ်မီ ဟန့်အနေနဲ့ နိုင်ငံအတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ် ရခိုင်ပြည်နယ်က ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ပြောခဲ့တာတွေဟာ အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုရဲ့ ပြည်တွင်းရေးကို ဗြောင်ကျကျ ဝင်ရောက်စွက်ဖက်တာဖြစ်တယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပြောခွင့်ရသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောပါတယ်။
2018-09-22
နိုင်ငံတော်အထိတ်တလန့်ဖြစ်စေမှု၊ လူမျိုးခွဲခြားပြောဆိုမှုတွေကြောင့် ရွှေဘိုခရိုင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ အပါအဝင် ၃ ဦးကို နိုင်ငံတော် အကြည်အညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ ခ နဲ့ ရွှေဘိုမြို့နယ် ရဲတပ်ဖွဲ့မှူးက တရားလိုလုပ်ပြီး တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
2018-09-22
ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် အကူအညီပေးမယ့် ကမ္ဘာ့ဘဏ်က ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို ရခိုင်ပြည်နယ်အလယ်ပိုင်းက ဖွံ့ဖြိုးမှုအနည်းဆုံးဒေသတွေမှာ အဓိက ဦးစားပေး အကောင်အထည်ဖော်ဖို့ စစ်တွေမြို့ခံတွေက အကြံပြုခဲ့ကြတယ်လို့ သိရပါတယ်။
2018-09-22
ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ကမ္ဘာ့ဘဏ်က အကူအညီပေးမယ့် ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို မြေပုံ၊ ရမ်းဗြဲနဲ့ မာန်အောင်မြို့နယ်တွေမှာ အဓိက ဦးစားပေး အကောင်အထည်ဖော်ဖို့ စစ်တွေမြို့ခံတွေက အကြံပြုခဲ့ကြပါတယ်။
2018-09-22
ဧရာဝတီမြစ်ကြောင်းတလျှောက် ကမ်းပါးတွေပြိုကျမှု တစ်နှစ်ထက်တစ်နှစ် ပိုများလာတဲ့အတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက သဘာဝဘေးအန္တရာယ် အမျိုးအစားတွေ ခွဲခြားသတ်မှတ်တဲ့အထဲမှာ မြစ်ကမ်းပါးပြိုကျမှုကို ခေါင်းစဉ်တစ်ခုအနေနဲ့ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်က စပြီး သီးခြားစာရင်း ပြုစုခဲ့ပါတယ်။
2018-09-21
အမေရိကန်ပြည်ထောင်စု ကယ်လ်ဖေါနီးယားပြည်နယ် လော့စ်အန်ဂျလစ်ခရိုင် Culver City မြို့မှာ ရိုဟင်ဂျာအရေး ညီလာခံတစ်ခု စက်တင်ဘာ ၂၂ ရက်နေ့ ဒီကနေ့ ကျင်းပမှာဖြစ်ပါတယ်။
2018-09-21
အမေရိကန်ပြည်ထောင်စု နဘယားစကားပြည်နယ် အိုမာဟာမြို့က တိုက်ခန်းတွဲကြီးတစ်ခုမှာ နေထိုင်ကြတဲ့ မြန်မာဒုက္ခသည် ၅ဝဝ ခန့်ကို သူတို့လက်ရှိနေထိုင်ရတဲ့ အခန်းတွေမှာ ညစ်ပတ်ပေရေပြီး အဆင့်အတန်း နိမ့်ပါးလွန်းတဲ့အတွက် အရေးပေါ်ကယ်တင်ပြီး သင့်တော်ရာနေရာတွေကို ပြောင်းရွှေ့ပေးဖို့ သက်ဆိုင်ရာ လူမှုရေးအဖွဲ့တွေက အပူတပြင်း ကြိုးစားနေကြပါတယ်။
2018-09-21
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာမွတ်စလင် လူငယ်နဲ့ ကလေးသူငယ် ၃ သိန်းခွဲရဲ့ စိတ်ဒဏ်ရာတွေကို ကုစားဖို့နဲ့ ပညာသင်ကြားရေးအတွက် အမေရိကန် ဒေါ်လာ ၂၅ သန်း ထပ်မံထောက်ပံ့ဖို့ ကမ္ဘာ့ဘဏ်က သောကြာနေ့ မနေ့က အတည်ပြုလိုက်ပါတယ်။
2018-09-21
မြန်မာနိုင်ငံကိုသွားရောက်ခဲ့တဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျရယ်မီ ဟန့်က သူ့ခရီးစဉ်နဲ့ ပတ်သက်ပြီး ကြေညာချက်တစ်စောင် မနေ့က ထုတ်ပြန်ခဲ့ရာမှာ လူမဆန်ရက်စက်မှုကျူးလွန်ခဲ့ သူတွေကို တရားဥပဒေအရ မဖြစ်မနေ အရေးယူဖို့လိုအပ်ကြောင်း ဖော်ပြထားပါတယ်။
2018-09-21
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ်လိစ်ခရိုင် Culver City ကာလ်ဗာစီးတီးမြို့မှာ ရိုဟင်ဂျာပြဿနာ အဖြေရှာရေးအတွက် ညီလာခံတစ်ခု ဒီကနေ့ စနေနေ့ ညနေမှာ ကျင်းပမှာဖြစ်ပါတယ်။