သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-04-28
သမတ ဦးသိန်းစိန်ရဲ့ ပြောဆိုချက် မိန့်ခွန်းနဲ့တကွ အစိုးရသစ် လုပ်ဆောင်ချက်နဲ့ ကတိပြုချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် စိစစ် သုံးသပ်နိုင်ဖို့အတွက် လွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်ကို ပိုမို ချဲ့ထွင်ပေးအပ်ဖို့ လိုအပ်တယ်လို့ မကြာခင်က ကျင်းပခဲ့တဲ့ ပထမအကြိမ် လွှတ်တော်မှာ စတင် ဖွဲ့စည်းခဲ့တဲ့ အစိုးရအဖွဲ့၏ ကတိကဝတ်များ၊ အာမခံချက်များနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီသစ်ရဲ့ ဥက္ကဋ္ဌ၊ RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ အကြီးအကဲ အထက်လွှတ်တော် အမတ် ဒေါက်တာ အေးမောင်က ပြောကြားလိုက်ပါတယ်။
2011-04-28
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ကမ္ဘာတဝှမ်းက ထူးချွန်ပြောင်မြောက်တဲ့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ အမျိုးသမီး ၄ ဦးအတွက် အယ်လီနာ ရုစဗဲ့ဆု ချီးမြှင့်ပွဲ အခမ်းအနားကို အမေရိကန် ပြည်ထောင်စု ဟောလီးဝုဒ်က Beverly Hills ဟိုတယ်မှာ ဧပြီ ၂၆ ရက် အင်္ဂါနေ့ညက ကျင်းပခဲ့ပါတယ်။
2011-04-27
ပဲခူးတိုင်း အနောက်ဖက်ခြမ်း၊ သာယာဝတီခရိုင် အတွင်းရှိ ၈ မြို့နယ် NLD အဖွဲ့ဝင်တွေဟာ မြန်မာအစိုးရသစ် သမတ ဦးသိန်းစိန်ဆီကို နိင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ မေတ္တာရပ်ခံစာနဲ့ Signature Campaign စီမံချက်ကို စတင် အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ သာယာဝတီမြို့နယ် NLD ဥက္ကဋ္ဌက ဧပြီ ၂၇ ရက် ဒီကနေ့ RFA ကို ပြောပါတယ်။
2011-04-27
မြန်မာနိုင်ငံက ဆေးမတိုးတဲ့ ငှက်ဖျားရောဂါဟာ ကမ္ဘာ့တခြားနေရာတွေကို ကူးစက် ပြန့်ပွားသွားနိုင်တဲ့ အလားအလာတွေ ရှိနေတဲ့အတွက် အဲဒီ မြန်မာ့ ငှက်ဖျားနှိမ်နင်းရေး လုပ်ငန်းနဲ့ ပတ်သက်ပြီး ဗြိတိန်နိုင်ငံက ပံ့ပိုးကူညီမှုတွေ တိုးမြှင့်ဆောင်ရွက် သွားမယ်လို့ သိရပါတယ်။
2011-04-27
ပြီးခဲ့တဲ့ သီတင်းပတ်က ကုန်သွယ်ရေးကောင်စီကို ဖျက်သိမ်းလိုက်တာကြောင့် မြန်မာနိုင်ငံရဲ့သွင်းကုန် ထုတ်ကုန်လုပ်ငန်းတွေ ပိုမိုပြီး မြန်မြန်ဆန်ဆန် ဆောင်ရွက်လာနိုင်မယ်လို့ မြန်မာ့စီးပွားရေး အသိုင်းအဝိုင်းက မျှော်လင့်နေကြပါတယ်။
2011-04-27
ရှမ်းပြည်မြောက်ပိုင်း ဓာတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်း ဖောက်လုပ်မဲ့ နေရာမှာ တပ်စွဲထားတဲ့ ကချင်တပ်မတော် KIA တပ်မဟာ(၄) လက်အောက်ခံ တပ်များကို အစိုးရတပ်တွေက ဧပြီလ ၂၅ ရက်နေ့က တပ်စွဲထားတဲ့ နေရာတွေက ပြောင်းရွှေ့ခိုင်းတာမှာ တပ်မဟာ ၄ က ငြင်းဆိုလိုက်တယ်လို့ စုံစမ်းသိရှိရပါတယ်။
2011-04-27
မြန်မာနိုင်ငံ အစိုးရအနေနဲ့ ငြိမ်းချမ်းရေး အကောင်အထည်ဖော်ပေးဖို့ နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ဆောင် ရွက်ပေးဖို့ ရွေးကောက်ပွဲဝင် တိုင်းရင်းသား ပါတီ ၅ပါတီက အစိုးရကို တောင်းဆိုလိုက်ကြပါတယ်။
2011-04-27
ရခိုင်လူမျိုးတို့ရဲ့ အမျိုးဘာသာ သာသနာနဲ့ ယဉ်ကျေးမှု ဖော်ထုတ်ရေးနဲ့ တိုင်းရင်းသား လူထုတရပ်လုံး တန်းတူ အခွင့်အရေး ရရှိရေးတို့ အပါအဝင် အချက် ၇ ချက်ကို ရည်ရွယ်ပြီး ပထမဦးဆုံးအနေနဲ့ ရခိုင်ပြည်တွင်းမှာ လျှို့ဝှက်ထုတ်ဝေတဲ့ ရက္ခအလင်းတန်း စာစောင်ကို အခုအခါ ပြည်နယ် အတွင်းမှာ ဖြန့်ဝေနေတယ်လို့ သိရပါတယ်။
2011-04-27
၂၀၀၈ခုနှစ်မှာ တက်လာတဲ့ အမေရိကန်သမတ အိုဘားမားအစိုးရက မြန်မာပြည်ဆိုင်ရာ အမေရိကန်ရဲ့မူဝါဒ အချို့ကို ပြောင်းလဲပြီး ထိတွေ့ဆက်ဆံရေးမူရော ပြစ်ဒဏ်ခတ် ပိတ်ဆို့ရေးမူကိုပါ တပြိုင်နက်တည်း သုံးခဲ့ရာမှာ အခုချိန်ထိတော့ ထိတွေ့ဆက်ဆံရေး မူဝါဒ အောင်မြင်မှု မရသေးဘူးလို့ ဧပြီ ၂၅ ရက်နေ့မှာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကတ် ကင်းမ်ဘဲလ် ကိုယ်တိုင် ဝန်ခံပြောဆိုသွားပါတယ်။
2011-04-27
ဆယ်စုနှစ်ပေါင်း များစွာ ကြာနေပြီဖြစ်တဲ့ မြန်မာ့နိုင်ငံရေးပြဿနာကို ကိုင်တွယ်ရာမှာ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ ရှိနေတဲ့ အခက်အခဲတွေကို ဖြေရှင်းသွားဖို့ လိုအပ်တယ်လို့ သမတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေး ပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခံထားရသူ ဒေါက်တာ ဦးနေဇင်လတ်က ပြောပါတယ်။
2011-04-27
ထိုင်း-မြန်မာနယ်စပ်က မြန်မာဒုက္ခသည်တွေကို ထိုင်းအာဏာပိုင်တွေအနေနဲ့ အခုချိန်မှာ ပြန်ပို့မှာ မဟုတ်ဘူးလို့ မိမိတို့ ယုံကြည်ကြောင်း လူဦးရေ ၊ ဒုက္ခသည်နဲ့ ရွှေ့ပြောင်း အခြေချသူများအရေး ဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Eric Schwartz က ပြောကြားလိုက်ပါတယ်။
2011-04-26
ရန်ကုန်မြို့က ပုဂ္ဂလိက ဓာတ်ဆီဆိုင်တွေမှာ တနေ့ကို ကားတစီးအတွက် ၂ ဂါလံနှုန်းပဲ ရောင်းချပေးတဲ့ စနစ်ကို ဧပြီ ၂၅ ရက် မနေ့က စတင်ကျင့်သုံးနေပြီး ပြင်ပ မှောင်ခိုဈေးကွက်မှာ ဓာတ်ဆီဈေး တက်သွားတယ်လို့ စုံစမ်း သိရှိရပါတယ်။
2011-04-26
မြန်မာနိင်ငံမှာ အခုအချိန်ကာလဟာ စစ်အစိုးရက အရပ်သား အစိုးရအဖြစ် ပြောင်းလဲသွားပေမဲ့ နိင်ငံရေး အကျဉ်းသားတွေ ရှိနေဆဲ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေဆဲ စတဲ့ အချက်အလက်တွေ ပါဝင်တဲ့ စာတစောင်ကို ဂျပန်ကုန်သည်ကြီးများအသင်းကို မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေက ဧပြီ ၂၆ ရက် ဒီကနေ့ ပေးအပ်လိုက်တဲ့အပြင် လက်ကမ်းစာစောင်တွေကိုပါ ဝေငှ ခဲ့ကြပါတယ်။
2011-04-26
ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ တောင်ပိုင်းမှာ မိုးသည်းထန်ပြီး လေပြင်းတွေ ကျရောက်လို့ သစ်ပင်တွေကျိုး အိမ်တွေ ပျက်စီးပြီး အနည်းဆုံး လူ ၇ ဦး သေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။
2011-04-26
လယ်ယာစိုက်ပျိုးရေးနဲ့ ပတ်သက်လို့ ပထမအကြိမ် ပညာပေးသင်တန်းကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ရွှေဂုံတိုင်ဌာနချုပ်မှာ ဧပြီ ၂၆ ရက် ဒီကနေ့ ဖွင့်လှစ်ကျင်းပခဲ့ပါတယ်။