သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-12-05
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ခေါင်းဆောင်တဲ့ မြန်မာလွှတ်တော် ကိုယ်စားလှယ် အဖွဲ့ဟာ လာမယ့် သီတင်းပတ် အတွင်း အိန္ဒိယ လွှတ်တော်ကို သွားရောက် လေ့လာကြမယ်လို့ သိရပါတယ်။
2011-12-05
၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ စဉ်းစားမှာ မဟုတ်သလို ၈၈ မျိုးဆက် ကျောင်းသားများကို ကိုယ်စားပြုပြီး နိုင်ငံရေးပါတီ တစ်ခုခုကို ကိုယ်စားလှယ်ပေးပြီး ရွေးကောက်ပွဲ ဝင်ပြိုင်စေတာမျိုး ပြုလုပ်မှာ မဟုတ်ကြောင်း ကြေညာလိုက်ပါတယ်။
2011-12-05
ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်သူ တချို့က တရားဝင် ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ကို ဒီဇင်ဘာလ ၄ ရက်နေ့မှာ ရန်ကုန် ဒဂုံမြို့နယ် ရဲစခန်းမှာ တင်ပြတယ်လို့ သိရပါတယ်။
2011-12-05
ပြဋ္ဌာန်းပြီး ဥပဒေတွေကို အာဏာပိုင်တွေ ကိုယ်တိုင် လေးစား လိုက်နာ အကောင်အထည် ဖေါ်ဖို့ တိုင်းရင်းသား လွှတ်တော် အမတ်တွေ ကြိုးစားနေကြောင်း ရခိုင်အမျိုးသား တိုးတက်ရေး ပါတီ ဥက္ကဋ္ဌ အမျိုးသား လွှတ်တော်အမတ် ဒေါက်တာအေးမောင်က အာရ်အက်ဖ်အေကို ပြောပါတယ်။
2011-12-05
မိတ်ဆွေများ ၁၀ ပါတီနဲ့ ရန်ကုန်တိုင်း ကြံ့ခိုင် ဖွံဖြိုးရေး ပါတီက ဦးအောင်သိန်းလင်းတို့ မနေ့က တွေ့ဆုံ ဆွေးနွေးကြပြီး "လွှတ်တော်ပြင်ပ နိုင်ငံရေး" မှာ ပူးပေါင်း ဆောင်ရွက်နိုင်အောင် ကြိုးပမ်းသွားမယ်လို့ သဘောတူခဲ့ကြောင်း သိရပါတယ်။
2011-12-05
ဥရောပသမဂ္ဂရဲ့ ပိတ်ဆို့ အရေးယူထားတာကို ဖယ်ရှားပေးဖို့ စီးပွားရေး လုပ်ငန်းရှင် ဦးတေဇရဲ့ သားအကြီး ကိုပြည့်ဖြိုးတေဇရဲ့ အယူခံလွှာကို ဥရောပ သမဂ္ဂ တရားရုံးက နိုဝင်ဘာလ ၂၉ ရက်က အနိုင်ပေးလိုက်ပါတယ်။
2011-12-05
လာမယ့် ကြားဖြတ် ရွေးကောက်ပွဲ အတွက် ၂၁ ဦးပါဝင်တဲ့ ဗဟိုအောင်နိုင်ရေး အဖွဲ့ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
2011-12-04
မြန်မာနိုင်ငံကို မကြာခင် ရောက်ရှိလာ မယ့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာရဲ့ ချစ်ကြည်ရေးခရီးစဉ် ကို ကြိုဆိုတဲ့အနေနဲ့ မြန်မာနိုင်ငံ အကျဉ်းထောင်တွေမှာ ပြစ်ဒဏ် ကျခံနေရတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၃၅ ယောက်ကို မြန်မာ အာဏာပိုင်တွေက ပြစ်ဒဏ်တွေ လျှော့ပေါ့ပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါတယ်။
2011-12-04
မြန်မာ့ရေပိုင်နက်အတွင်း ဆလုံကျွန်း အရှေ့ဘက်၊ သူဌေးကျွန်း အနောက်ဘက်၊ ခရုကျွန်း အရှေ့ဘက်နဲ့ သိရိမြိုင် အရှေ့ရပ်ကွက်တွေမှာ စင်္ကာပူ သဲစုပ်သင်္ဘောတွေ ပြန်ရောက်လာပြီး သဲတွေ တိတ်တဆိတ် စုပ်ယူနေကြောင်း သိရပါတယ်။
2011-12-04
ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့ ဆောင်ရွက်သွားမှာဖြစ်ကြောင်း မြန်မာ အစိုးရက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ကို ကတိပေး ပြောဆိုခဲ့ပေမယ့် ကချင်ပြည်နယ်အတွင်း အစိုးရစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
2011-12-04
ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF ကနေ ၂ဝ၁၁ ခုနှစ်အတွက် တနှစ်တာ အကောင်းဆုံး သတင်းထောက်ဆု ချီးမြှင့်မယ့် အမည်စာရင်းမှာ မြန်မာနိုင်ငံက Eleven Media Group ပါဝင်တယ်လို့ သိရပါတယ်။
2011-12-04
ရွေးကောက်ပွဲကော်မရှင်က ပါတီ မှတ်ပုံတင်ခွင့် ပြုလိုက်ပြီဆိုရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အနေနဲ့ ၁၉၈၈- ၈၉ ခုနှစ် ပါတီ တည်ထောင်ခဲ့စဉ် ကာလအတိုင်း မြို့နယ်တိုင်းမှာ စည်းကော်မတီ နဲ့ ရုံးခွဲတွေ ပြန်ဖွဲ့စည်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
2011-12-04
အခုတပတ် ဦးခင်မောင်ညိန်း စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ- မြန်မာနိုင်ငံကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ကလင်တန် သွားရောက်ပြီး ဆွေးနွေးခဲ့တာတွေနဲ့ ပေါ်ထွက်လာတဲ့ ရလဒ်တွေအကြောင်း အခြေပြု ဆွေးနွေးထားကြပါတယ်။
2011-12-03
ညီညွတ်သော တိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီ UNFC က ပြည်ထောင်စု တပ်မတော်တရပ် ဖွဲ့စည်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။
2011-12-03
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် (၁၅) ကို ဒီကနေ့ ပြဌာန်းလိုက်ပါတယ်။