သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-11-18
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးကို တာဝန်ကနေ ရပ်ဆိုင်းပေးဖို့ စစ်ကိုင်းမြို့မှာ ဒေသခံ ၂၀ ခန့်က ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2014-11-18
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်တဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့အတွက် ပြည်သူတွေရဲ့ လက်မှတ်ငါးသန်းကို ပြည်ထောင်စုလွှတ်တော်အနေနဲ့ အကောင်အထည်ဖော်ပေးဖို့ လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ဒေါက် တာဇော်မြင့်မောင်က ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ ဆွေးနွေးခဲ့ပါတယ်။
2014-11-18
လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခုသက်တမ်းအတွင်း ပြင်ဆင်လို့မရကြောင်း၊ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကို လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း ကျင်းပသွား မှာဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဒီနေ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောကြားလိုက်ပါတယ်။
2014-11-18
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်သပိတ်မှောက်နေတဲ့ ကျောင်းသားတွေကို အစိုးရတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုဂျင်မီ က ပြောပါတယ်။
2014-11-18
မကွေးတိုင်း၊ ချောက်မြို့ကို ဗဟိုပြုပြီး ပြင်းအား ၅ ဒသမ ၄ ရှိတဲ့ ငလျင်တစ်ခုလှုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတစ်လျှောက်မှာလည်း ဒီရက်ပိုင်းအတွင်း ငလျင်ငယ်လေးတွေ မကြာခဏလှုပ်နေပါတယ်။
2014-11-18
ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းလိုက် တဲ့ အမျိုးသားပညာရေးဥပဒေကို ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေ ပြီးခဲ့တဲ့ ၁၄ ရက်နေ့ကတည်းက စတင် သပိတ်မှောက်နေကြတာ ဒီနေ့ဆိုရင် လေးရက်ရှိ သွားပြီ ဖြစ်ပါတယ်။
2014-11-18
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်သပိတ်မှောက်နေတာနဲ့ ပတ်သက်ပြီး သပိတ် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကို ကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက တွေ့ဆုံမေးမြန်းထားပါတယ်။
2014-11-18
ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ထောက်ပံ့လာတဲ့ ဘယ်လို ထောက်ပံ့ကူညီမှုမျိုးကိုမဆို လက်မခံပဲ ငြင်းပယ်သွားမယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောလိုက်ပါတယ်။
2014-11-18
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးအပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၃၄ ဦးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ ဆွေးနွေးခဲ့ကြပါတယ်။
2014-11-17
အရှေ့အာရှနဲ့ အာဆီယံ ဆွေးနွေးပွဲတွေ တက်ရောက်ဖို့အတွက် မြန်မာနိုင်ငံကိုလာရောက်ခဲ့တဲ့ အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီ ရဲ့ Air India One လေ ယာဉ်ဟာ နေပြည်တော်လေဆိပ်မှာ လေယာဉ်ဆီဖြည့်ဖို့ တစ်နာရီခွဲကျော်ကြာ စောင့်ဆိုင်းခဲ့ရတယ်လို့ အိန္ဒိယ သတင်းစာတွေက မနေ့က ဖော်ပြခဲ့ကြပါတယ်
2014-11-17
မြန်မာနိုင်ငံမှာ စင်္ကာပူရဲ့ ရင်းနှီးမြှပ်နှံ မှုပမာဏက တရုတ်ပြည်ကို ကျော်လွန် သွားခဲ့တာဟာ အမေရိကန် ကုမ္ပဏီတွေကြောင့် ဖြစ်တယ် လို့ မြန်မာအစိုးရ ဘဏ္ဍာရေး ဒုတိယဝန်ကြီးက ပြော ဆိုကြောင်း South China Morning Post သတင်း ကဖော်ပြပါတယ်။
2014-11-17
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ မြို့သာစက်မှုဇုန် စီမံကိန်းနဲ့ ဂေါက်ကွင်းဖော်ဆောင်ဖို့အတွက် MMDC အများပိုင်ကုမ္ပဏီက သိမ်းထားတဲ့ မြေနေရာတွေ အတွက် လျော်ကြေးပေးဖို့ ဒေသခံ ၈ဝဝ ကျော်က ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2014-11-17
ပဲခူးတိုင်းဒေသကြီး နတ္တလင်းမြို့နယ် ဒါးမာငယ်ကျေးရွာမှာ လယ်ယာမြေဧက ၅၀၀ လောက်ကို ပြန်ပေးဖို့အတွက် ဒေသခံလယ်သမား ၂၀၀လောက် ဒီကနေ့ နတ္တလင်းမြို့ မြေစာရင်းဦးစီးဌာန ရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2014-11-17
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးဖို့ အတွက် အစိုးရဖက်က ၂ လအတွင်း တစုံတရာ အရေး ယူဆောင်ရွက်ပေးမှုမရှိရင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆန္ဒပြတောင်းဆိုသွားမယ်လို့ သပိတ်မှောက်ကျောင်း သူ ကျောင်းသားတွေနဲ့ ဖွဲ့စည်းထား တဲ့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှုကော်မတီက ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။
2014-11-17
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက် သပိတ်မှောက်နေတဲ့ ကျောင်းသားတွေနဲ့ အစိုးရတာဝန်ရှိ သူတွေ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်နေပြီဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း က ပြောပါတယ်။