သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-12-18
အမေရိကန်လွတ်တော်နှစ်ရပ်လုံးက မနေ့က မဲခွဲထောက်ခံအတည်ပြုလိုက်တဲ့ ၂ဝ၁၆ ခုနှစ်အတွက် သုံးစွဲငွေဥပဒေမူကြမ်းမှာ မြန်မာနိုင်ငံ အတွင်း လူမျိုးရေးနဲ့ ဘာသာရေးဆိုင်ရာ ဆူပူအကြမ်းဖက် မှုတွေ ဖြစ်ပွားအောင် သွေးထိုးလှုံ့ဆော်တဲ့ အဖွဲ့အစည်းတွေ ကိုဖြစ်စေ၊ တသီးပုဂ္ဂလတွေကိုဖြစ်စေ အမေရိ ကန်ပြည်ထောင်စုရဲ့ ဘဏ္ဏာငွေနဲ့ တစုံတရာ ကူညီထောက် ပံ့ခြင်း မရှိစေရလို့ ပြဌာန်းထားပါတယ်။
2015-12-18
ရခိုင်ပြည်နယ်အတွင်း ပမာဏကြီးမားတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေ သူတွေဟာ စီးပွားရေးလုပ်ငန်းတွေကို အခြေခံပြီး ဆောင်ရွက်နေကြတာကို တွေ့ရတယ်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ပြောပါတယ်။
2015-12-18
ရခိုင်ပြည်နယ်လုံးဆိုင်ရာ အရပ်ဘက် လူမှုအဖွဲ့အစည်းများ ဆွေးနွေးပွဲ ကို ကျောက်ဖြူမြို့နယ်မှာ ဒီနေ့စတင် ကျင်းပရာမှာ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍနဲ့ ဖက်ဒရယ်ဒီမိုကရေစီအကြောင်းကို ဥပဒေပညာရှင်တွေ ၊ နိုင်ငံရေးလေ့လာသူတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေက ဆွေးနွေးကြပါတယ်။
2015-12-18
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမျိုးသားလူငယ်ကွန်ဂရက်က စောင့်ကြည့်လေ့လာခဲ့တဲ့ မဲရုံတွေထဲက တချို့မဲရုံအနီးတဝိုက်မှာ မဲဆွယ်စည်းရုံးတဲ့ အသုံးအဆောင်ပစ္စည်းတွေ ရှိနေသလို မဲရုံအတွင်း ဝင်ရောက်ခွင့်မရှိတဲ့ ရပ်ကျေးအကြီးအကဲတွေ ဝင်ထွက်သွားလာနေတဲ့အတွက် မဲဆန္ဒရှင်တွေရဲ့ လွတ်လပ်စွာ မဲပေးခွင့်အပေါ် သက်ရောက်မှုရှိကြောင်း အမျိုးသားလူငယ်ကွန်ဂရက်က ဒီနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။
2015-12-18
သတင်းမီဒီယာသမားတွေအပေါ် ဖိနှိပ်မှုရပ်တန့်ဖို့နဲ့ ဥပဒေနဲ့အညီ အကာ အကွယ်ပေးဖို့အတွက် ဆုတောင်းပွဲကျင်းပခဲ့တဲ့ သတင်းထောက်တွေထဲက သမဂ္ဂဂျာနယ် သတင်းထောက် ချုပ် မရွှေမှုန်ကို ပုဒ်မ ၁၉ နဲ့ ကျောက်တံတားမြို့နယ် တရား ရုံးက ဒဏ်ငွေ ကျပ်တစ်သောင်း သို့မဟုတ် ထောင်ဒဏ် ၁၅ ရက်ကျခံဖို့ အမိန့်ချလိုက်ပါတယ်။
2015-12-18
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ မြေပြိုကျ မှုကြောင့် နေအိမ်ပျက်စီးသွားသူတွေနဲ့ ဆက်လက်နေထိုင်ဖို့ မသင့်တော် တဲ့ နေအိမ်တွေက အိမ်ထောင်စုတွေကို လာမယ့် သီတင်းပတ်အတွင်း နမ်ဟောင်ကမ်းတောင်ကြော မှာ နေရာချထားပေးမယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက ပြောပါတယ်။
2015-12-18
ဒီနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း သွားလာသူများနေ့ အထိမ်းအမှတ် အခမ်းအနား မှာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခွင့်အရေးကို အကာအကွယ်ပေးဖို့ မြန်မာရွှေ့ပြောင်းအလုပ်သမား များဆိုင်ရာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ အလုပ်သမားအဖွဲ့အစည်းများကွန်ရက်က အစိုးရ ကို တောင်းဆိုလိုက်ပါတယ်။
2015-12-18
ဒိန်းမတ်အခြေစိုက် Danish Institute for Parties and Democracy DIPD အဖွဲ့က ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေရဲ့ ပါဝင်မှုနဲ့ အတွေ့အကြုံတွေ အခက် အခဲတွေ ဆွေးနွေးဖလှယ်ပွဲကို ဒီကနေ့ ရန်ကုန်မြို့ Novotel Hotel မှာ စတင်ကျင်းပနေပါတယ်။
2015-12-18
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ဟာ အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ဖွဲ့က ခေါင်းဆောင်တွေနဲ့ ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
2015-12-18
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်က မြေဧက ၆ထောင်ကျော်မှာ ကရင်အမျိုးသားအစည်းရုံး / ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် ငြိမ်းချမ်းရေးကောင်စီ KNU/KNLA က မြေကွက်ရိုက်ပြီး ရောင်းချထားပါတယ်။
2015-12-18
တရုတ် မြန်မာနယ်စပ် ကျယ်ဂေါင်မြို့မှာ ကုန်စည်ပြပွဲတစ်ခု ကျင်းပနေပါတယ်။
2015-12-18
လှိုင်သာယာစက်မှုဇုန် ၄ က "ထိပ်တန်းမြန်မာ" အထည်ချုပ်စက်ရုံ အလုပ်သမား ၂ ရာကျော်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွက် လုပ်ခလစာ အပြည့်မရတာကြောင့် စက်ရုံရှေ့မှာ ဆန္ဒပြနေကြရာကနေ ဒီဇင်ဘာလ ၁၇ရက်နေ့မှာ စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့်လိုက်ပါတယ်။
2015-12-18
ရန်ကုန်တိုင်း လှည်းကူးမြို့နယ်၊ ရတနာအောင်ကျေးရွာသစ်မှာ ကရင်အမျိုးသား လွတ်မြောက်ရေး ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဆီကနေ မြေကွက်တွေဝယ်ပြီး နေအိမ်ဆောက်ထားတာတွေဟာ တရားမဝင်ဘူးဆိုပြီး AG အမှတ်တံဆိပ်ပါ ဆင်တူအင်္ကျီဝတ်ထားသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဒီကနေ့ မနက်ပိုင်းကစပြီး မြေထိုးစက်တွေနဲ့ ဖြိုချဖျက်ဆီးခဲ့ပါတယ်။
2015-12-18
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေရဲ့ ပါဝင်မှုနဲ့ အတွေ့အကြုံ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖလှယ်ပွဲကို ရန်ကုန်မြို့ Novotel Hotel မှာ ဒီဇင်ဘာလ ၁၇ ရကေ်န့ စတင်ကျင်းပနေပါတယ်။
2015-12-18
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကို အာဆီယံ အင်ဂျင်နီယာအသင်းများအဖွဲ့ချုပ်က Distinguished Honorary Fellow- ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် ချီးမြှင့်လိုက်ပါတယ်။