သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-03-24
ဒီကနေ့ မတ်လ ၂၄ ရက် နေ့လည်ပိုင်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်ရုံးမှာ အဂတိ လိုက်စားမှု အကြောင်း ဆွေးနွေး ဟောပြောပွဲ တရပ် ကျင်းပခဲ့ပါတယ်။
2011-03-23
ဒီနေ့ မတ်လ ၂၃ ရက်နေ့ဟာ ငြိမ်းချမ်းရေး ဗိသုကာ ဆရာကြီးသခင် ကိုယ်တော်မှိုင်းရဲ့ မွေးနေ့ပါ။ ဆရာကြီးဟာ ၁၀ နှစ်သားအရွယ် မန္တလေးမြို့မှာ ပညာသင်ကြားနေတုန်း အင်္ဂလိပ်တွေက မြန်မာဘုရင် သီပေါမင်းကို နန်းကချပြီး ခေါ်ဆောင်သွားတာကို ကိုယ်တိုင် တွေ့မြင်လိုက်ရပြီးတဲ့နောက်၊ အင်္ဂလိပ် နယ်ချဲ့ဆန့်ကျင်ရေးနဲ့ အမျိုးသား လွတ်မြောက်ရေးအတွက် ထိပ်တန်းကနေ ကြိုးပမ်းခဲ့သူ ဖြစ်ပါတယ်။
2011-03-23
မြန်မာနိုင်ငံတွင်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေဟာ ဒီကနေ့အထိ ထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှု မလုံလောက်လို့ ရောဂါဝေဒနာတွေ ဆိုးဆိုးဝါးဝါး ခံစားနေရဆဲ ဖြစ်တယ်လို့ မတ်လ ၂၃ ရက် ဒီကနေ့ ကျရောက်တဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း မြန်မာနိုင်ငံ (AAPP) ရဲ့ ဖွဲ့စည်းတည်ထောင်ခြင်း ၁၁ နှစ်ပြည့် အခမ်းအနားမှာ AAPP အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောပါတယ်။
2011-03-23
နိုင်ငံတကာ အစိုးရတွေက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းပေးဖို့ မြန်မာစစ်အစိုးရက လိုလားတယ်ဆိုရင် မြန်မာပြည်သူတွေအပေါ် စစ်အစိုးရက ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို အရင်ဆုံး ရုပ်သိမ်းပေးဖို့ လိုမယ်လို့ သံဃာ့တပ်ပေါင်းစု၊ ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့နဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်တို့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2011-03-23
နာရေးကူညီမှုအသင်း ရန်ကုန်ရဲ့ နာရေးအကူ လုပ်ငန်း တသိန်းပြည့် အထိမ်းအမှတ်ကို မတ်လ ၂၂ ရက် မနေ့က မြောက်ဒဂုံ မြို့နယ်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
2011-03-23
စစ်ကိုင်းတိုင်း အထက်ပိုင်း နာဂတောင်တန်းမှာ နာဂလက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ဒေသခံ ရွာသားတွေ ထွက်ပြေးကြရပြီး ရွာပြင် တောင်ယာတဲတွေမှာ ခိုလှုံ နေထိုင် နေကြရတယ်လို့ သိရပါတယ်။
2011-03-23
မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေက စီးပွားရေးအရ ပိတ်ဆို့ထားတာတွေကို ဆက်ပြီး ထားဖို့ လိုမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၂၃ ရက် ဒီကနေ့ ဂျာမနီက သတင်းစာတစောင်နဲ့ မေးမြန်းခန်းမှာ ပြောကြားလိုက်ပါတယ်။
2011-03-22
မလေးရှားနိင်ငံမှာ ရှိတဲ့ ဂျပန်ကုမ္ပဏီ Asahi Kosei စက်ရုံမှာ အလုပ်ကိုင်နေကြတဲ့ မြန်မာ အလုပ်သမား ၃၁ ယောက်နဲ့ ပတ်သက်ပြီး ကူညီ ဆောင်ရွက်ပေးနေတဲ့ လူ့အခွင့်အရေး ရှေ့နေ Charles Hector အပေါ် ဂျပန်ကုမ္ပဏီက အသရေဖျက်မှုနဲ့ တရားစွဲဆိုခဲ့တဲ့ အမှုကို သက်ဆိုင်ရာက မတ်လ ၂၁ ရက် မနေ့က စစ်ဆေးပြီး ရှေ့လ ၁၉ ရက်ကို ရုံးချိန်း ထပ်ပေးလိုက်ပါတယ်။
2011-03-22
ဂီရိ မုန်တိုင်းဒဏ်သင့်ထားတဲ့ ရခိုင်ပြည်နယ် မြေပုံမြို့နယ်က ဒေသခံ ပြည်သူတွေမှာ အခု မိုးဦးမတိုင်ခင် လယ်ကွင်းတွေ ရေငံမဝင်အောင် တာဖို့လို့ မပြီးခဲ့ရင် လာမဲ့ မိုးတွင်းမှာ စပါးစိုက်ဖို့ အခက်အခဲ ရှိပြီး၊ အကျိုးဆက်က ဆန်ရေစပါး မလုံလောက်တာနဲ့ ကြုံရမဲ့အရေး ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောပါတယ်။
2011-03-22
ဥရောပ အခြေစိုက် မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူများဟာ မတ်လ ၂၁ ရက် မနေ့က ညနေ ၃ နာရီမှာ ဂျာမနီနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိကြီးများဖြစ်ကြတဲ့ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသ ဌာန ဒုတိယ ဌာနကြီးမှူး Theo Kidess, လူ့အခွင့်အရေး ဌာန တာဝန်ခံ အရာရှိ Dirk Sander တို့နဲ့ တနာရီခွဲကြာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
2011-03-22
စစ်ကိုင်းတိုင်း မုံရွာမြို့မှာ မတ်လ ၂၁ ရက် မနေ့ညက မီးလောင်မှု ဖြစ်ပွားခဲ့ရာမှာ မြို့ပတ်လမ်းရှိ မူလတန်းကျောင်း တကျောင်းနဲ့ အိမ်ခြေ ၅၀ ခန့် မီးထဲ ပါသွားတယ်လို့ သိရပါတယ်။
2011-03-22
စစ်အစိုးရ ရုံးစိုက်နေတဲ့ နေပြည်တော် မြို့တော်သစ်မှာ အနှိပ်ခန်းနဲ့ ကာရာအိုကေခန်းတွေကို အခု ရက်ပိုင်းအတွင်း ဖမ်းဆီး အရေးယူနေပေမဲ့ အာဏာပိုင်တွေရဲ့ ဆောင်ရွက်ချက် အောင်မြင်မှာ မဟုတ်ဘူးလို့ လေ့လာသူတွေက ပြောပါတယ်။
2011-03-21
မြန်မာကဗျာဆရာပေါင်း ၂၀၀ ကျော်က ဒီနေ့ မတ်လ ၂၁ ရက်မှာ ကျရောက်တဲ့ ၁၂ နှစ်မြောက် ကမ္ဘာ့ကဗျာနေ့ကို ရန်ကုန်မြို့ ပြည်လမ်းမှာ ရှိတဲ့ ယုဒသန်ရိပ်သာမှာ ကျင်းပခဲ့ကြပါတယ်။
2011-03-21
မန္တလေးမြို့မှာ မျိုးပွားအင်္ဂါနဲ့ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါလက္ခဏာကြောင့် ဝက်ကောင်ရေ စုစုပေါင်း ၆၀၀ နီးပါးသေဆုံးခဲ့တယ်လို့ ဒေသထုတ် သတင်းတွေမှာ မတ်လ ၂၀ ရက် မနေ့က ဖော်ပြခဲ့ပါတယ်။
2011-03-21
ရခိုင်ဒီမိုကရေစီအဖွဲ့ အထွေထွေ အတွင်းရေးမှူး ဦးအေးသာအောင် ဦးစီးပြီး ဂီရိ မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ် မြေပုံမြို့နယ်က ကျေးရွာတွေမှာ သောက်ရေကန် တူးတာ အပါအဝင် တခြားလုပ်ငန်းတွေ ဆောင်ရွက် ပေးနေတယ်လို့ သိရပါတယ်။