သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-01-14
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ကနေ ကော့ကရိတ်ကိုသွားတဲ့ နယ်ခြားစောင့်တပ် (ဘီဂျီအက်ဖ်)ပိုင် ကားနှစ်စီးကို ဒီကေဘီအေ ခွဲထွက်အဖွဲ့ဝင်တွေက ဇန်နဝါရီလ ၁၄ ရက်နေ့ ဒီကနေ့မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့လို့ ကားပေါ် မှာပါလာတဲ့ ဘီဂျီအက်ဖ် တပ်ဖွဲ့ဝင်တွေနဲ့ ခရီးသည်စုစုပေါင်း ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။
2011-01-14
၂၀၁၀ ခု နှစ်လယ်ပိုင်းတုန်းက ရန်ကုန်-ရွှေပေါက်ကံ စက်မှုဇုံ ဗုံးပေါက်ကွဲမှုမှာ ပါဝင် ပတ်သက်တယ်ဆိုပြီး ပုဒ်မ ၅ ခုစီနဲ့ အစွပ်စွဲခံခဲ့ရသူ ၁၂ ဦးကို အင်းစိန်တရားရုံးက ၂၀၁၀ စက်တင်ဘာလ ၂၉ ရက်နေ့မှာ ပြစ်ဒဏ်ချမှတ်ခဲ့တာကို ကြည့်ရင် တရားဥပဒေအရ ညီညွတ်မှု မရှိဘူးလို့ ဟောင်ကောင်အခြေစိုက် AHRC အာရှ လူ့အခွင့်အရေး ကော်မရှင်က ဇန်နဝါရီ ၁၄ ရက် ဒီကနေ့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
2011-01-14
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ တသီးပုဂ္ဂလ ဒီမိုကရက်များအဖွဲ့ကို ဇန်နဝါရီ ၁၄ ရက် ဒီကနေ့ လက်ခံတွေ့ဆုံပြီး အဲဒီအဖွဲ့ ဆောင်ရွက်နေတဲ့ လူမှုရေးလုပ်ငန်း အတွေ့အကြုံ တင်ပြချက်တွေကို လက်ခံ နားထောင်ခဲ့သလို၊ NLD ရဲ့ လူမှုရေးအလုပ်တွေနဲ့ ပူးတွဲ ဆောင်ရွက်နိုင်မဲ့ အကြောင်းတွေ ဆွေးနွေးကြတယ်လို့ သတင်းရရှိပါတယ်။
2011-01-14
မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင် ဖွဲ့ရေး နိုင်ငံပေါင်း ၁၃ နိုင်ငံက အပြည့်အဝ ထောက်ခံထားပေမဲ့ နောက်ထပ် နိုင်ငံတွေပါ ဝိုင်းဝန်းပံ့ပိုးဖို့ လိုတယ်လို့ ဗြိတိန်အခြေစိုက် Burma Campaign UK အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။ လက်ရှိ အခြေအနေမှာဆိုရင် မြန်မာနိုင်ငံက လူ့အခွင့်အရေးဟာ ပိုပြီး ဆိုးရွားလာတယ်လို့ အဖွဲ့ရဲ့ ပြောခွင့်ရ မဇိုရာဖန်းက ဆိုပါတယ်။
2011-01-13
နိုဝင်ဘာလဆန်းက စတင်ခဲ့တဲ့ စစ်အစိုးရနဲ့ ကရင် ဗုဒ္ဓဘာသာတပ် (DKBA) တို့ အကြားက တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွါးနေပါတယ်။
2011-01-13
၂၀၁၀ ပြည့်နှစ်အတွင်း ကမ္ဘာတလွှား ဒီမိုကရေစီစနစ်နဲ့ တန်ဖိုးတွေ ကျဆင်းခဲ့ပြီး နိုင်ငံပေါင်း ၂၅ နိုင်ငံမှာ သိသိသာသာ ဆုတ်ယုတ်သွားခဲ့ကြောင်း ဇန်နဝါရီ ၁၃ ရက် ဒီကနေ့ ထုတ်ပြန်တဲ့ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီ အခြေစိုက် Freedom House အဖွဲ့ကြီးရဲ့ နှစ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
2011-01-13
မြန်မာနိုင်ငံမှာ အသက် ပြည့်ပြီးသူတိုင်း စစ်မှုထမ်းဖို့ ပြည်သူ့စစ်မှုထမ်း ဥပဒေကို စစ်အစိုးရက ပြဋ္ဌာန်းလိုက်တဲ့ အပေါ် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက ကန့်ကွက်ကြောင်း ဒီကနေ့ ဇန်နဝါရီ ၁၃ ရက်မှာ ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။
2011-01-13
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဇိုမီး အမျိုးသား ကွန်ဂရက်က ဥက္ကဋ္ဌ ပူကျင်ရှင်းထန်နဲ့ နယ်က ရောက်ရှိလာတဲ့ ဇိုမီးလူငယ် ကိုယ်စားလှယ်တွေက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ လာရောက် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါတယ်။
2011-01-13
၂၀၁၀ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ ပြဌာန်းချက်မှာ အရန်တပ်ဖွဲ့ဥပဒေကိုပါ စစ်အစိုးရက ထည့်သွင်းထားတယ်လို့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ အထွေထွေ အတွင်းရေးမှူး ဦးအောင်ထူးက ဇန်နဝါရီ ၁၂ ရက် မနေ့က ပြောကြားလိုက်ပါတယ်။
2011-01-12
အမေရိကန် ပြည်ထောင်စုမှာ ရွှေ့ပြောင်းနေထိုင်ခွင့် ရထားတဲ့ မြန်မာနိုင်ငံဖွား တိုင်းရင်းသားတွေထဲက ကျောင်းသားတပ်မတော်လို့ လူသိများတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ကို ငွေကြေးပစ္စည်း ကူညီထောက်ပံ့ ပေးဖူးသူတွေအပေါ် ထိန်းချုပ်ထားတဲ့ အခွင့်အရေးတချို့ကို အမေရိကန် လူဝင်မှုကြီးကြပ်ရေးဌာနက ပြန်လည် ဖွင့်ပေးလိုက်ပြီလို့ သိရပါတယ်။
2011-01-12
ကရင်ပြည်နယ် ဝေါလေ၊ ဖလူး ဒေသ တိုက်ပွဲတွေမှာ အခြေစိုက်တဲ့ စစ်အစိုးရတပ်တွေမှာ ကလေးစစ်သားတွေ များကြောင်း ကရင်အမျိုးသား အစည်းအရုံး ၊ KNLA တပ်ရင်း ၁၀၁ ကို လက်နက်ချလာတဲ့ ကလေးစစ်သား တဦးက RFA ကို ပြောပါတယ်။
2011-01-12
ကလေးမြို့မှာ ကျောင်းကားခတွေ ရုတ်တရက် မြှင့်တင်လိုက်တဲ့အတွက် တက္ကသိုလ် ကျောင်းသား ၃၀၀ ခန့်က အာဏာပိုင်တွေဆီမှာ ဇန်နဝါရီ ၁၂ ရက် ဒီကနေ့ မနက် အရေးဆို တင်ပြကြတယ်လို့ သတင်းရရှိပါတယ်။
2011-01-12
ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်အတွက် အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ (NDF) ကနေ ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရရှိခဲ့တဲ့ ဒေါက်တာ မြတ်ဉာဏစိုးကို ရှုံးနိမ့်သွားခဲ့တဲ့ ပြိုင်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် စာရေးဆရာ တက္ကသိုလ် မြတ်သူက ရွေးကောက်ပွဲ မသမာမှုနဲ့ တရားစွဲဆိုလိုက်တယ်လို့ NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက RFA ကို ဇန်နဝါရီ ၁၂ ရက် ဒီကနေ့ ပြောပါတယ်။
2011-01-12
ရခိုင်ပြည်နယ်က မုန်တိုင်းဒုက္ခသည်တွေကို စားနပ်ရိက္ခာထောက်ပံ့နိုင်ဖို့ အမေရိကန်အစိုးရက နောက်ထပ် ဒေါ်လာ တသန်းခွဲ လှူဒါန်းမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ဇန်နဝါရီ ၁၁ ရက် မနေ့က ပြောပါတယ်။
2011-01-12
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအကျဉ်းသား ကိုမျိုးရန်နောင်သိန်း ဦးဆောင်တဲ့ အမျိုးသားလူငယ် ကွန်ရက် အဖွဲ့က NLD ရုံးချုပ်မှာ လာရောက် တွေ့ဆုံ ဆွေးနွေးကြောင်း သိရပါတယ်။