သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-02-15
ကလေးမြို့မှာ ခရစ်ယာန်ဓမ္မကျမ်းစာကျောင်း တက်ရောက်နေတဲ့ ချင်းအမျိုးသားတစ်ဦး ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီးနောက် စစ်ကြောရေးမှာ သေဆုံးသွားတယ်လို့ ဒေသခံတွေနဲ့ မိသားစုဝင်တွေက ပြောပါတယ်။
2024-02-15
မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့အနီးက နေရာလေးခုမှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
2024-02-15
ချင်းပြည်နယ်၊ ဟားခါးမြို့ဒေသခံ နှစ်ဦးနဲ့ မင်းတပ်မြို့ဒေသခံ နှစ်ဦး၊ စုစုပေါင်းလေးဦးကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့က စစ်ကောင်စီရဲ့ စစ်ခုံရုံးက ထောင်ခုနစ်နှစ်ကနေ ထောင်တစ်သက်အထိ အသီးသီး ချမှတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-02-15
စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးဟာ အခုနှစ်မှာ ကျရောက်တဲ့ တရုတ်နဂါးနှစ်အတွင်းမှာပဲ ပြီးပြတ်နိုင်မယ်လို့ မြောက်ပိုင်းညီနောင် သုံးဖွဲ့က ထုတ်ပြန်ပါတယ်။
2024-02-15
စစ်ကောင်စီနဲ့ ပတ်သက်တဲ့ လူပုဂ္ဂိုလ် ၁၆၁ ဦး၊ အဖွဲ့အစည်းနဲ့ ကုမ္ပဏီ ၇၅ ခုကို အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ၊ ဩစတြေးလျ၊ ကနေဒါနဲ့ နယူးဇီလန်တို့က ပိတ်ဆို့အရေးယူခဲ့ပါတယ်။
2024-02-14
ရသေ့တောင်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေကို ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ဘက်ကလည်း ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး ခုခံကာကွယ်နေပါတယ်။
2024-02-14
ကျွန်းလှနဲ့ တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့ပါတယ်။
2024-02-14
ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေက စစ်ကြောင်းထိုးစဉ် လူ ၁၀ ဦးသတ်ဖြတ်ခံရပြီး နေအိမ်တချို့လည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
2024-02-14
စစ်မှုမထမ်းမနေရ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် တစ်နှစ်ကို အင်အား ငါးသောင်းနှုန်း ခေါ်ယူသွားမယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်း ပြောပါတယ်။
2024-02-14
ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးမှာ တစ်ရက်ကို ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားသူ လေးရာသာ လက်ခံပါတော့မယ်။
2024-02-14
မြန်မာနိုင်ငံမှာလည်း ပဋိပက္ခနဲ့ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ငတ်မွတ်မှု အဆုံးသတ်ရေး မျှော်လင့်ချက်တွေ ပြောင်းပြန်ဖြစ်ကုန်တယ်လို့ ပြောပါတယ်။
2024-02-14
အမေရိကန်အင်ဂျင်နီယာတပ်ရင်းရဲ့ တပ်ဖွဲ့ဝင်တစ်ဦးအနေနဲ့ ဥရောပနိုင်ငံတွေမှာ သုံးနှစ်ကျော်ကြာနေထိုင်ခဲ့ပါတယ်။
2024-02-14
စကခ (၉) တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကိုလည်း ဖေဖော်ဝါရီလ ၇ ရက်နဲ့ ၈ ရက်တွေက ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး ရေကြောင်းတိုက်ပွဲတွေမှာ ဖမ်းမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
2024-02-14
တိုက်ပွဲမရှိဘဲ စစ်ကောင်စီက ရွာထဲကို လေကြောင်းနဲ့ ဗုံး ငါးကြိမ် ကြဲချတိုက်ခိုက်ခဲ့လို့ ဆီဆိုင်မြို့နယ်က အရပ်သားနှစ်ဦးသေဆုံးပြီး ရှစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
2024-02-14
သန်လျင်မြို့နယ် ငွေသန်းဝင်းရပ်ကွက်ထဲက လူငယ် ၂၅ ဦးထက်မနည်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးသွားတယ်လို့ (NUG) ရဲ့ ရန်ကုန်တိုင်း တောင်ပိုင်းတိုင်း အမှတ်(၂)စစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ရဲဘော်တစ်ဦးက ပြောပါတယ်။