သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-06-17
နောင်ချိုနဲ့ မိုးမိတ်မြို့နယ်တွေထဲကို စစ်ကောင်စီတပ်က နှစ်ပတ်ကျော်အတွင်း ဒရုန်းနဲ့ လက်နက်ကြီး အသုံးပြုပြီး အကြိမ်လေးဆယ်ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
2024-06-17
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က ရွာပေါင်းကိုးရွာခန့်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်မှုတွေရှိနေပြီး လူသေဆုံးမှုတွေအထိ ရှိနေတယ်လို့ ဒေသခံတွေက ဇွန်လ ၁၇ ရက်နေ့မှာ ပြောပါတယ်။
2024-06-17
မောင်တောမြို့မှာ ကျန်ရှိနေတဲ့ စစ်ကောင်စီ စခန်းတွေအားလုံးကို ထိုးစစ်ဆင်တိုက်ခိုက်တော့မှာဖြစ်လို့ မြို့ခံတွေ မြို့ကနေ အမြန်ဆုံးထွက်ခွာကြဖို့ ULA/AA က ထုတ်ပြန်ပါတယ်။
2024-06-17
စစ်ကောင်စီက ဖမ်းဆီးထောင်ချထားတဲ့ ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးမောင်နီ (ခေါ်) ဦးမြင့်မောင်ဟာ ဇွန်လ ၁၆ ရက်နေ့မှာ အင်းစိန်ထောင်တွင်း ဆေးကုသခွင့် အပြည့်အဝမရဘဲ အဆုတ်ကင်ဆာရောဂါနဲ့ သေဆုံးခဲ့ပါတယ်။
2024-06-17
စစ်ကောင်စီဥက္ကဋ္ဌဟာ လာမယ့်အောက်တိုဘာလမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူဦးရေစာရင်းနဲ့ သန်းခေါင်စာရင်းကောက်ယူပြီး ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပသွားမယ်လို့ ဇွန်လ ၁၅ ရက်နေ့က ပြောလိုက်ပါတယ်။
2024-06-17
မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့သစ်ရပ်ကွက်မှာ လျှပ်စစ်ဓာတ်ကြိုးပြတ်ကျလို့ ကလေးငယ်တစ်ဦး အပါအဝင် သုံးဦး ဓာတ်လိုက်သေဆုံးခဲ့ပါတယ်။
2024-06-17
မြန်မာပြည်တွင်း ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံကို တရားဝင်ရော၊ တရားမဝင် လမ်းကြောင်းတွေကနေပါ ဝင်ရောက်လာသူတွေ များနေတာကြောင့် ဘန်ကောက်မြို့မှာ အရင်ကထက် ဖမ်းဆီးစစ်ဆေးတာတွေ ပိုများလာပါတယ်။
2024-06-17
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့် မွေးနေ့အကြိုအဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်၊ မဲဆောက်နဲ့ နယ်သာလန်နိုင်ငံတွေမှာ ဇွန်လ ၁၆ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2024-06-17
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ မောင်တောမြို့ (၃) မိုင်ဘုန်းကြီးကျောင်းမှာစစ်ဘေးရှောင်တိမ်းလာတဲ့ မြိုတိုင်းရင်းသား ခြောက်ရာနီးပါး (၅၉၅ ဦး) တိုက်ပွဲကြားပိတ်မိနေပြီး ကယ်ဆယ်ရေး အကူအညီတွေ လိုအပ်နေပါတယ်။
2024-06-17
စစ်တွေမြို့ မင်းဂံရပ်ကွက်အတွင်းက အမျိုးသားနှစ်ရာခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ပြန်လွတ်လာတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
2024-06-17
ဆီဆိုင်မြို့နယ်၊ နန့်စေမြဲရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ PNLA တို့ တိုက်ပွဲတွေဖြစ်နေတာကြောင့် ဒေသခံခုနစ်ရာခန့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပြောပါတယ်။
2024-06-17
မြန်မာနယ်စပ်ကိုဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို မှောင်ခိုလက်နက်တွေ အကြီးအကျယ်ဝင်နေတယ်လို့ BNP ရဲ့ တွဲဖက် အထွေထွေအတွင်းရေးမှူး ရာဟူး ကာဘီရာ ရစ်ဇ်ဗီက စွပ်စွဲပြောဆိုလိုက်တဲ့အကြောင်း ဒါကာထရီဗြွန်းသတင်းမှာ ဖော်ပြထားပါတယ်။
2024-06-17
ဝါးခယ်မမြို့နယ်၊ ရွှေလောင်းမြို့မှာ စစ်ကောင်စီတပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး သတ်ဖြတ်ခံရပါတယ်။
2024-06-17
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ကြိမ်ခွေမော်ရွာကို စစ်ကောင်စီတပ်က ဇွန်လ ၁၆ ရက်နေ့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျောင်းထိုင်ဆရာတော်နဲ့ ဒေသခံသုံးဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းဆောင်တွေလည်း ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-06-16
မြင်းခြံမြို့နယ် ပြားရွာနဲ့ စဥ့်ကူးမြို့နယ် တရော်ပင်ရွာက နေအိမ်နှစ်ရာနီးပါး ဇွန်လ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေမှာ မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။