သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-11-11
NLD ပါတီနဲ့ မဟာမိတ်အဖြစ် ဆက်လက် တည်ရှိရေးဟာ NLD ပါတီပေါ်မှာသာ မူတည်တယ်လို့ ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြော ပါတယ်။
2015-11-11
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အာင်ဆန်း စုကြည်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ၊ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နဲ့ တွေ့ဆုံဆွေးနွေး လိုကြောင်း မေတ္တာရပ်ခံလိုက်ပါတယ်။
2015-11-11
ကမ္ဘာ့နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ ဟာ စေတနာ သဒ္ဓါတရားအကောင်းဆုံး၊ အလှူအတန်း အရက်ရောဆုံးဖြစ်တယ် လို့ လေ့လာချက်တစ်ရပ်က ဆိုပါတယ်။
2015-11-10
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့ နိုဝင်ဘာလ ၁ဝ ရက်နေ့ ညနေပိုင်း က နေပြည်တော်က သတင်းမီဒီယာ စင်တာမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
2015-11-10
မန္တလေးတိုင်းအတွင်းက မြို့နယ် ၃၆ မြို့နယ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မြို့နယ်ပေါင်း ၃၁ မြို့နယ်မှာ အားလုံး အနိုင်ရထားပြီလို့ မန္တလေးတိုင်း NLD ရုံးက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2015-11-10
ရခိုင်ပြည်နယ်တောင်ပိုင်းက တောင်ကုတ်၊ သံတွဲ၊ ဂွနဲ့ မာန်အောင်- မြို့နယ် ၄ ခုမှာ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်းအားလုံး အနိုင်ရခဲ့ပါတယ်။
2015-11-10
နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ မဲတွေကို ပြန်လည် ရေတွက်ပေးဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တောင်းဆိုရာမှာ NLD ပါတီက ကန့်ကွက်လိုက်ပါတယ်။
2015-11-10
ရွေးကောက်ပွဲမှာ စောင့်ကြည့်လေ့လာခဲ့တဲ့ EU ဥရောပသမဂ္ဂ လေ့လာရေးအဖွဲ့ရဲ့ ပဏာမအစီရင်ခံစာကို ဒီကနေ့ နိုဝင်ဘာလ ၁ဝ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
2015-11-10
နိုဝင်ဘာလ ၈ ရက်ရွေးကောက်ပွဲမှာ မွန်အမျိုးသားပါတီက ကိုယ်စားလှယ်လောင်း ၅ဝ ကျော်နဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် နေရာ အတော်များများ ရံှုးနိမ့်ခဲ့ပါတယ်။
2015-11-10
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက နဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ ဥက္ကဌ ဦးတင်ဦးက လက်ရှိရရှိပြီးသား ရွေးကောက်ပွဲရလာဒ်တွေအရ မိမိတို့ ပါတီအနေနဲ့ ပျမ်းမျှအားဖြင့် ၈ဝ% အနိုင်ရတယ်လို့ ခန့်မှန်းထားကြောင်း ဒီကနေ့ပြောကြားလိုက်ပါတယ်။
2015-11-10
ဒီကနေ့ နိုဝင်ဘာလ ၁ဝ ရက်နေ့ ညနေ ၆ နာရီ မှာ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စာရင်းကို ထုတ်ပြန်ရာမှာ NLD က ၂၉ ဦး ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက ၂ ယောက် ဦး ရရှိခဲ့ပါတယ်။
2015-11-10
နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲမှာ ကြိုတင်မဲတွေနဲ့ ပတ်သက်ပြီး သတ်မှတ် ထားတဲ့ စည်းကမ်းချက်တွေနဲ့ မညီတဲ့အပြင် ပွင့်လင်းမြင်သာ မှုလည်း မရှိဘူးလို့ ဥရောပသမဂ္ဂ(အီးယူ)ရဲ့ ရွေးကောက် ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။
2015-11-10
မွန်အမျိုးသားပါတီက ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်အတော်များများမှာ ရှုံးနိမ့် ခဲ့ပေမယ့် တိုင်းရင်းသားတန်းတူညီမျှရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတို့ကို လွှတ်တော်ပြင် ပကနေ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ မွန်အမျိုးသားပါတီ ဥက္ကဌ နိုင်ငွေသိမ်းက ပြောပါတယ်။
2015-11-10
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် နဲ့ အောက်ခြေအဆင့်ဆင့် ကော်မရှင်အဖွဲ့ခွဲတွေအကြား ဆက်သွယ်မှု ချိတ်ဆက် မှုအားနည်းတာ တွေ့ရှိ ရကြောင်း ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အဖွဲ့ အကြီးအကဲတစ်ဦးက ပြောပါတယ်။
2015-11-10
ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ ယှဉ်ပြိုင်ကြတဲ့ ကိုယ်စားလှယ် ဦးရေ ၆ဝဝဝ ကျော်မှာ အမျိူးသမီး ကိုယ်စားလှယ် ၈ဝဝ သာ ပါတဲ့အတွက် ရွေးကောက်ပွဲပြီးတဲ့အချိန်မှာ အမျိုးသမီး ကိုယ်စားလှယ်ဦးရေ ဘယ်လောက် ရွေးချယ်ခံရမလဲဆိုတာ ကို စောင့်ကြည့်သွားရမယ်လို့ အမေရိကန်နိုင်ငံအခြေစိုက် ကာတာစင်တာအဖွဲ့ဝင် အိုင်ယာလန်နိုင်ငံ သမ္မတဟောင်း Mary Robinson က ပြောပါတယ်။