သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-02-07
၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ ဖေဖော်ဝါရီ ၇ ရက်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် ၂၀ ဦး သေဆုံးခဲ့တယ်လို့ AAPP က ထုတ်ပြန်ပါတယ်။
2024-02-07
ရှားတောမြို့နယ်မှာ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် အမျိုးသမီးသုံးဦးနဲ့ ကလေးသုံးဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တယ်လို့ IEC တာဝန်ရှိသူတွေက ပြောပါတယ်။
2024-02-07
မန္တလေး မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် သုံးဦးကို ဖေဖော်ဝါရီ ၄ ရက်က အောင်မြေသာစံမြို့နယ်က နေအိမ်တွေမှာ လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။
2024-02-07
မင်းပြားမြို့က စစ်ကောင်စီတပ်ရဲ့ အခြေစိုက်တပ်ရင်း ခမရ (၃၇၉)၊ (၃၈၀)နဲ့ (၅၄၁) စတဲ့ တပ်ရင်းသုံးရင်းလုံးကို (AA) က အပြီးသတ်သိမ်းပိုက်လိုက်ကြောင်း AA ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။
2024-02-07
ဖားကန့်မြို့နယ် မအူပင်ရွာကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် တစ်ရွာလုံးနီးပါး မီးလောင်ပျက်စီးခဲ့ပါတယ်။
2024-02-07
အိုးဘိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသူ မယဉ်မိုးဟာ ဆေးကုသမှုမလုံလောက်တာကြောင့် ဖေဖော်ဝါရီ ၄ ရက်မှာ သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။
2024-02-07
စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေ ဝင်ရောက်စီးနင်းအထိုင်ချနေတဲ့ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာထဲမှာ သတ်ဖြတ်ခံထားရတဲ့ အရပ်သား ရှစ်ဦးရဲ့ ရုပ်အလောင်းတွေ တွေ့ထားပါတယ်။
2024-02-07
သရက်ချောင်းမှာ ဖေဖော်ဝါရီ ၄ ရက်ကစတင်ပြီး စစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲဖြစ်နေတာကြောင့် ရွာငါးရွာက ဒေသခံ နှစ်ထောင်ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
2024-02-07
ရှမ်းမြောက်နဲ့ ကရင်ပြည်နယ်မှာ တိုက်ပွဲတွေပိုပြင်းခဲ့တဲ့ ၂၀၂၃ အောက်တိုဘာ လကုန်ပိုင်းကစပြီး တရုတ်နဲ့ ထိုင်းနိုင်ငံက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်သွားခဲ့ပြီးတဲ့နောက် ငရုတ်စျေးတွေကျသွားတယ်လို့ တောင်သူတွေကပြောပါတယ်။
2024-02-07
မြင်းခြံမြို့နယ် ကန်ဆွယ်ရွာကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ကန်ဆွယ်ရွာခံ သုံးဆယ်ကျော်နဲ့ နွားထိုးကြီးမြို့နယ်ထဲက နနွင်းတော်ဘိုရွာခံ ၃၀၀ ကျော်ကို ဖမ်းဆီးထားပါတယ်။
2024-02-07
သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှုပုံစံမှာ အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို မသွေဖည်သွားသရွေ့ တခြား အာဆီယံအဖွဲ့နိုင်ငံတွေရဲ့ ပါဝင်မှုကို မပိတ်ပင်ထားဘူးလို့လည်း ဆိုပါတယ်။
2024-02-07
တရုတ်ရဲ့ လိုအပ်ချက်ဖြစ်နေတဲ့ မြေရှားသတ္တုတွေကို စစ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းနှစ်ကာလတွေအတွင်း ကချင်ပြည်နယ်မှာ ပိုပြီးတူးဖော်ထုတ်လုပ်လာနေပါတယ်။
2024-02-07
ကိုးကန့်ဒေသအတွင်းမှာ အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ဆက်စပ်တယ်လို့ သံသယရှိတဲ့နိုင်ငံခြားသား ၁၄ ဦးကို ထပ်မံဖမ်းဆီးရမိတယ်လို့ (MNDAA) က တရုတ်ဘာသာနဲ့ သတင်းထုတ်ပြန်ပါတယ်။
2024-02-07
လုံခြုံရေးအခြေအနေ ယိုယွင်းလာတဲ့ ရခိုင်ပြည်နယ်ကနေ အိန္ဒိယနိုင်ငံသားတွေ အမြန်ဆုံးထွက်ခွာဖို့ အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနက တိုက်တွန်းထားကြောင်း India Today က ဖော်ပြပါတယ်။
2024-02-06
ရေဦးမြို့နယ် ကုက္ကိုစုရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် ရွာထဲမှာသတ်ဖြတ်ခံထားရတဲ့ ရွာခံနှစ်ဦးရဲ့အလောင်းတွေကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။