သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-12-03
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ၁၁ မြို့နယ်မှာ စက်မှုဇုန်တွေ အကောင်အထည်ဖော်ဖို့ စီစဉ်နေကြောင်း တိုင်းအစိုးရအဖွဲ့က မနေ့က တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တေ့ွဆုံ စဉ် ပြောကြားလိုက်ပါတယ်။
2017-12-03
ငွေကျပ် သိန်း ၁၅၀၀ ခန့် ကုန်ကျမယ့် နေပြည်တော်က ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဖြစ်မြောက်ရေး အတွက် ဘဏ္ဍာငွေစာရင်းကို စာရင်းစစ်နဲ့ စစ်ဆေးပြီး တိတိကျကျဖြစ်အောင်ဆောင်ရွက်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ဒီနေ့ သတိပေးခဲ့ပါတယ်။
2017-12-03
လာမယ့် ဒီဇင်ဘာလ ၁၁ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးတဲ့လုပ်ငန်းကို ရပ်ကွက်ကျေးရွာတွေထဲမှာ စတင်ထိုးနှံပေးတော့မှာဖြစ်ကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့က ဦးဆောင်ပြီး ဒီကနေ့ ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။
2017-12-03
ဘင်္ဂလားဒေ့ရှ်ဘက်ရောက် ဒုက္ခသည်တွေအနေနဲ့ ဘယ်သူ့ခြိမ်းခြောက်မှုမှ မပါဘဲ မြန်မာနိုင်ငံထဲမှာ ပြန်လည်နေထိုင်လိုကြောင်း၊ မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေတွေနဲ့အညီ လိုက်နာနေထိုင်မှာဖြစ်ကြောင်း ဝန်ခံချက်တွေနဲ့ ပြန်လာခွင့်လျှောက်လွှာ တင်ပြရမှာဖြစ်တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင် က ဒီနေ့ ပြောပါတယ်။
2017-12-03
တစ်ရက်လုပ်အားခ အနည်းဆုံး ကျပ် ၅၆၀၀ ရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်မှာ စက်ရုံ အလုပ်သမား ၁၅၀၀ လောက်နဲ့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2017-12-03
တရုတ်နိုင်ငံက အကောင်အထည်ဖော်နေတဲ့ ခေတ်သစ် ပိုးလမ်းမ စီမံကိန်းကို ပူးပေါင်းပါဝင်ဖို့ မြန်မာနိုင်ငံက ဒီနှစ်ထဲမှာ သဘောတူ လက်မှတ် ထိုးလိုက်တဲ့အတွက် မြစ်ဆုံရေးအားလျှပ်စစ် စီမံကိန်းကို အပြီးရပ်ဆိုင်းဖို့ ညှိနှိုင်းလို့ ရနိုင်တယ် ဆိုတဲ့ ထင်မြင်ယူဆချက်တွေ လက်ရှိအချိန်မှာ ထွက်ပေါ်နေပါတယ်။
2017-12-03
ဒီဇင်ဘာလ ၂ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ " ပုဂံရှေးဟောင်းအမွေအနှစ်တွေကို ဘယ်လိုလက်ဆင့်ကမ်းကြမလဲ" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဒေါ်ဥမ္မာမျိုး ( Program Officer UNESCO ) နဲ့ ဦးမျိုးဆွေသန်း (Designer) တို့က ပင်တိုင်ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
2017-12-02
လုပ်ငန်းရှင်တွေ ပေးနိုင်တဲ့ အနည်းဆုံးလုပ်ခလစာကို နိုင်ငံတော်သမ္မတထံ တင်ပြထားပေမယ့် အလုပ်သမားတွေ တောင်းဆိုနေတဲ့ ကျပ် ၅၆၀၀ ကို အထည်ချုပ်လုပ်ငန်းရှင်တွေ ပေးနိုင်ဖို့ အခက်အခဲရှိတယ်လို့ ရွှေလင်ဗန်းစက်မှုဇုန် ဥက္ကဌ ဦးအေးသောင်းက ဒီနေ့ ပြောပါတယ်။
2017-12-02
မြန်မာနိုင်ငံရဲ့တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာကိစ္စတွေကို နိုင်ငံတကာ ဥပဒေရေးရာကော်မရှင် ICJ အဖွဲ့နဲ့ မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်း ILAM တို့ ပူးပေါင်းလုပ်ဆောင်ဖို့ ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2017-12-02
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့အနီးမှာ တည်ဆောက်မယ့် ဟံသာဝတီ အပြည်ပြည်ဆိုင် ရာ လေဆိပ်စီမံကိန်း ဧရိယာထဲမှာရှိနေတဲ့ ကျူးကျော်နေအိမ် ၁ ထောင်ကျော်ကို လျော်ကြေးပေး ဖယ်ရှားကာ မြေနေရာပြန်ပေးဖို့ ပဲခူးတိုင်းအစိုးရအဖွဲ့က စီစဉ်နေတယ်လို့ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးညွန့်ရွှေက ဒီနေ့ ပြောပါတယ်။
2017-12-02
ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့အကြား တိုက်ပွဲတွေကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ် ရှင်းလက်ဝကျေးရွာမှာ ထွက်ပြေးခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်တွေထံ အကူအညီတွေ တိုက်ရိုက်သွားပေးခွင့် မပြုသေးကြောင်း ချင်းပြည်နယ် စည်ပင်သာယာရေး လျှပ်စစ်နဲ့ စက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က ဒီနေ့ ပြောပါတယ်။
2017-12-02
ကချင်ပြည်နယ်မှာ တရုတ် တစ်ရှူးငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းတွေအပါအဝင် စိုက်ပျိုးရေးနဲ့ နှီးနွှယ်လုပ်ကိုင်နေကြတဲ့ ကုမ္ပဏီတွေနဲ့ ဒေသခံပြည်သူတွေအကြား ဖြစ်ပွားနေတဲ့ မြေယာပြဿနာတွေမှာ အစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းမှုတွေဟာ အားနည်းကြောင်း ဝိုင်းမော်မြို့နယ်ရဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနော်လီ က ပြောပါတယ်။
2017-12-01
Jude Jude Family ၊ သင့်မြတ်အများနဲ့ သက်ဆိုင်တဲ့ ကုမ္ပဏီလီမိတက်ရဲ့ ပိုင်ရှင်ဟာ အစုရှယ်ယာရှင်တွေ ထည့်ဝင်ထားတဲ့ ခန့်မှန်းငွေကြေး သိန်းပေါင်း ရှစ်သောင်းခန့်ကို အတိုးရော အရင်းပါ ပြန်မပေးတဲ့အတွက် ကုမ္ပဏီ ရုံးခန်းဖွင့်ထားတဲ့ ဆီဒိုးနားဟိုတယ်ရှေ့ကို နိုဝင်ဘာလ ၃၀ ရက်နေ့ညက ရှယ်ယာရှင် ၂၀၀ ခန့်က သွားရောက်စုဝေးပြီး ငွေကြေးတောင်းခံခဲ့ပါတယ်။
2017-12-01
ဆန်ဈေးကွက်ထဲမှာ အရင်က ကျပ်သိန်းပေါင်း သောင်းချီတဲ့ လိမ်လည်မှုဖြစ်ခဲ့သလို လက်ရှိအချိန်မှာလည်း နောက်ထပ် ဖြစ်ပေါ်နေပါတယ်။
2017-12-01
မြန်မာနိုင်ငံမှာ လက်ရှိ တရားဝင်ထုတ်ပြန်ထားတဲ့ "တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး" ရှိမရှိအငြင်းပွားနေတဲ့ ကိစ္စကို လွှတ်တော်ကိုတင်ပြပြီး အတည်ပြု ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။