သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-08-01
အရပ်ဘက်ကိုယ်စားလှယ်ကိုပဲ စေလွှတ်ဖို့ အာဆီယံအသင်းက ဖိတ်ပေမယ့် စစ်ကောင်စီဘက်က လက်မခံလို့ ဒီထိပ်သီးအစည်းအဝေးမှာလည်း မြန်မာကိုယ်စားလှယ်ထိုင်ခုံနေရာမှာ လစ်လပ်နေဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
2022-08-01
အရင်က လာရောက်တန်းစီတဲ့သူ အနည်းငယ်သာရှိပေမယ့်အခုနောက်ပိုင်း လာရောက်သူ ၄၀၀ ကျော် ရှိလာတယ်လို့ ချက်ပြုတ်လှူဒါန်းနေတဲ့ ဆရာတော် အရှင်ဥတ္တမသီရိက မိန့်ပါတယ်။
2022-08-01
ဇူလိုင်လ ၃၀ ရက်နေ့က အဖမ်းခံရတဲ့ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့က အလှဓာတ်ပုံရိုက်ကူးသူ အသက် ၄၈ နှစ်အရွယ် ဦးအေးကျော်ဟာ ၂၄ နာရီအတွင်း စစ်ကြောရေးမှာ လက်လွန်သေဆုံးသွားတယ်လို့ ဒေသခံတွေနဲ့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။ RFA က သီးသန့်ပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းထားတဲ့အချိန် ၁၈ လအတွင်း အဖမ်းခံရပြီးတဲ့နောက် နာရီပိုင်း၊ ရက်ပိုင်းအတွင်း စစ်ကြောရေးမှာ လက်လွန်သေဆုံးခဲ့သူ အရေအတွက်ဟာ ဦးအေးကျော် အပါအဝင် ၁၃၇ ဦး ရှိနေပါပြီ။
2022-08-01
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းကို ဇူလိုင်လ ၃၁ ရက် မနေ့ညနေပိုင်း စစ်ကောင်စီတပ်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အသက်မပြည့်တဲ့ ကလေးတစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့တယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။
2022-08-01
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မဟာမုနိဘုရားမှာ ဩဂုတ်လ ၁ ရက်နေ့ ဒီနေ့ နေ့လယ်ပိုင်း ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်နှစ်ဦးနဲ့ သရက်တပင်ရွာက ဒေသခံတစ်ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-08-01
စစ်အာဏာသိမ်း တစ်နှစ်ကျော်အတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ စီမံခန့် ခွဲမှုအားနည်းချက်တွေကြောင့် မြန်မာ့စီးပွားရေးကဏ္ဍဟာ ခန့်မှန်းရခက်အောင် ထိုးစိုက်ကျဆင်းနေတယ်လို့ စီးပွားရေး လေ့လာသုံးသပ် သူတွေက ထောက်ပြကြပါတယ်။
2022-08-01
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်အတွင်းမှာ ဇူလိုင်လ ၂၀ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ ၁၂ ရက်အတွင်း ဒေသခံ ၁၈ ဦးကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-08-01
စစ်တပ်က အာဏာသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့အထိ တစ်နှစ်ခွဲအတွင်း ကယား (ကရင်နီ) ပြည်နယ်ထဲမှာ အရပ်သား ၂၉၃ ဦး သေဆုံးတယ်လို့ တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု (PKPF) က ဩဂုတ်လ ၁ ရက် ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
2022-08-01
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သုံးနှစ်ကျော်ကြာ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေကို စစ်ကောင်စီက ဆန်ရိက္ခာတွေ ပုံမှန်မထောက်ပံ့တော့တဲ့အတွက် ဒုက္ခသည်လေးသောင်းကျော် စားဝတ်နေရေးအခက်အခဲနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဒုက္ခသည်တွေနဲ့ ဒုက္ခသည်အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။
2022-08-01
အာဏာသိမ်း တစ်နှစ်ခွဲကျော်အတွင်း စစ်ဘေးဒုက္ခသည် ရှစ်သိန်းခြောက်သောင်းကျော် ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) က ဇူလိုင်လ ၃၁ ရက်မှာ ထုတ်ပြန်ပါတယ်။
2022-08-01
ရှမ်းပြည်နယ်မြောက်ပိုင်း မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့က အမှတ် (၁) ဈေး မီးပွိုင့်လမ်းဆုံမှာ ဩဂုတ်လ ၁ ရက် ဒီနေ့မနက် ၁၁ နာရီလောက် ဗုံးပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ယာဉ်ထိန်းရဲတစ်ဦး၊ ပြည်သူ့စစ်သုံးဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မူဆယ်မြို့ခံတွေက ပြောပါတယ်။
2022-08-01
အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ် ဖားကန့်မြို့မှာ တရားမဝင် ကျောက်တူးဖော်မှုတွေ ပိုများလာလို့ နှစ်ပေါင်း ၃၀ ကျော်နေထိုင်ခဲ့တဲ့ ကုဋေရွာအပါအဝင် ရွာတချို့ ပြောင်းရွှေ့ပေးရမယ့်အထိ ဖြစ်လာပြီလို့ ဒေသခံတွေက ပြောကြပါတယ်။
2022-08-01
၂၀၂၂ ခုနှစ်အတွင်း နိုင်ငံရေးအခြေအနေတွေ တိုးတက်လာတာကြောင့် အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးချက်ထဲက ဦးစားပေးလုပ်နိုင်တာကို လုပ်ဆောင်သွားမယ်လို့ သြဂုတ်လ ၁ ရက် ဒီနေ့ပြောဆိုတဲ့ အာဏာသိမ်း တစ်နှစ်ခွဲကာလ မိန့်ခွန်းမှာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်ပြောခဲ့ပါတယ်။
2022-08-01
စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် ဇူလိုင်လကုန်အထိ အာဏာသိမ်း ၁၈ လအတွင်း ဖမ်းဆီးထားသူ ၆၂၃၆ ဦးရှိတယ်လို့ ဩဂုတ်လ ၁ ရက် ဒီနေ့ မနက်ပိုင်း မိန့်ခွန်းမှာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝန်ခံပါတယ်။