သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-07-28
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှာ တရုတ်နိုင်ငံပိုင် CNPC (China National Petroleum Cooperation) ကုမ္ပဏီက သိမ်းဆည်းထားတဲ့ လယ်ယာမြေ ဧက ၁၀၀ ကျော်အတွက် လာမယ့် သြဂုတ်လအတွင်းမှာ လျော်ကြေးပေး မှာဖြစ်ကြောင်း ကုမ္ပဏီတာဝန်ရှိသူတွေက ဒေသခံတွေနဲ့ ဒီနေ့ ညှိနှိုင်းကြပါတယ်။
2015-07-28
တစ်နိုင်ငံလုံးနီးပါးမှာ မိုးကြီးနေတဲ့အတွက် ဧရာဝတီ၊ သံလွင်၊ ချင်းတွင်းနဲ့ စစ်တောင်းမြစ်တွေဟာ ဒီရက်ပိုင်း အတွင်းမှာ သက်ဆိုင် ရာမြို့နယ်တွေအလိုက် စိုးရိမ်ရေအမှတ်တွေကို ရောက်ရှိ လာပြီး ရေကြီးနိုင်ကြောင်း မိုးလေဝသနဲ့ ဇလဗေဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
2015-07-28
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ မြို့နယ် ဇေကမ္ဘာအိမ်ရာဝင်းအနီး ဘီးပေါက်နေတဲ့ ကုန်တင်ကားတစ်စီးပေါ်က ငွေကျပ် သိန်းပေါင်းတစ်သန်းကျော် (ကျပ်ငွေ ၁၃၃ ဘီလျံ၊ ဒေါ်လာငွေ သန်း ၁၃၀ ကျော်) တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို မင်္ဂလာဒုံမြို့မရဲစခန်းက ဖမ်းဆီးရမိခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
2015-07-28
လက်ပံတန်းမြို့ ကျောင်းသားသပိတ် စစ်ကြောင်းကို ဖြိုခွင်းခဲ့တဲ့ လက်ပံတန်း မြို့နယ်ရဲမှူး ဖုန်းမြင့်နဲ့ စခန်းမှူး ဒုရဲမှူး စန်းမြင့်တို့ကို မတရားဖမ်းဆီးချုပ်နှောင်မှုနဲ့ အရေးယူပေး ဖို့ ကျောင်းသူ ကျောင်းသားတွေရဲ့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က သာယာဝတီခရိုင်တရားရုံးထံ ဒီနေ့ တိုင်ကြားလိုက်ပါတယ်။
2015-07-28
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေ နဲ့ ရွေးကောက်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စား လှယ်လောင်းအမည်စာရင်းကို မနက်ဖြန် ဇူလိုင် ၂၉ ရက်ကစပြီး ထုတ်ပြန်ကြေညာသွားမယ်လို့ ပါတီပြော ခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။ ကိုယ်စား လှယ်လောင်းတွေရဲ့ အမည်စာရင်းနဲ့တကွ သူတို့ဝင်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်မြေစာရင်းများကိုပါ ထုတ်ပြန်ကြေညာသွားမှာဖြစ်တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
2015-07-28
အမျိူးသားဒီမိုကရေစီအဖွဲချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ဇူလိုင်လ ၂၅ ရက်နေ့က ဧရာဝတီတိုင်း ကျိုက်လတ်မြို့ကို သွားရောက်ပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပညာပေးဟောပြောခဲ့ပါတယ်။
2015-07-28
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နဲ့ ၂၆ ရက်နေ့က ဧရာဝတီတိုင်း ကျိုက်လတ်မြို့ နဲ့ မော်လမြိုင်ကျွန်းမြို့တွေမှာ ရွေးကောက်ပွဲဆိုင်ရာ ပညာပေး ဟောပြောပွဲတွေ ပြုလုပ်ခဲ့ပါတယ်။
2015-07-28
ဒေါ်အောင်ဆန်းစုကြည်ဟာ ကျိူက်လတ်မြို့နဲ့ မော်လမြိုင်ကျွန်းမြို့က ဟောပြောပွဲတွေမှာ တက်ရောက်လာသူတွေရဲ့ မေးခွန်းတွေကိုလည်း ဖြေကြားခဲ့ပါတယ်။
2015-07-28
ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး တောင်းဆိုလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးအကျဉ်းကျခံခဲ့ရသူတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေ ဆုံးရံှုးနစ်နာခဲ့ မှုတွေကို ပြန်လည်ဖော်ထုတ်တဲ့… “ပေးဆပ်သူတို့ စကားဝိုင်း” အမည်ရှိဆွေးနွေးပွဲကို ရန်ကုန် စမ်းချောင်းမြို့နယ်က မြန်မာနိုင်ငံ ကက်သလစ်ဆရာတော် များ ကျောင်းတိုက်ဝင်းမှာ ပြုလုပ်ခဲ့ပါတယ်။
2015-07-28
မြန်မာပြည်အထက်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ ပြီးခဲ့တဲ့ သီတင်းတပတ်လုံးနီးပါး မိုးသည်းထန်ခဲ့ တဲ့အတွက် အခုရက်ပိုင်းအတွင်း မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာ တံတားကျိုးတာတွေ ကျေးရွာတွေ ရေနစ်မြုပ်တာတွေ ဖြစ်ပွားနေပြီး ဒေသခံတွေ အကူအညီ လိုအပ်နေပါတယ်။
2015-07-28
ဂျာမနီနိုင်ငံမှာ ဇူလိုင် ၂၅နဲ့ ၂၆ ရက်နေ့က ကျင်းပသွား တဲ့ ၁၉ ကြိမ်မြောက် ဥရောပ ရောက်မြန်မာများ ညီလာခံမှာ မြန်မာနိုင်ငံရှေ့နေများကွန်ရက်အနေနဲ့ တက်ရောက်ဆွေးနွေးခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထားပါတယ်။
2015-07-28
စင်္ကာပူနိုင်ငံမှာ မြန်မာ အိမ်ဖေါ်တစ်ဦး လူသတ်မှု နဲ့ ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံခဲ့ ရပါတယ်။ စင်္ကာပူက မိသားစုတစ်ခုဆီမှာ အိမ်ဖေါ်အဖြစ် လုပ်ကိုင်နေတဲ့ မသန်းသန်းဝင်းဟာ ပြီးခဲ့တဲ့နှစ် မတ်လက အသက် ၈၇ နှစ်အရွယ် အဖွားအို တစ်ဦးကို ကတ်ကြေးနဲ့ ထိုးသတ်ခဲ့မှုနဲ့ ထောင်ဒဏ်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
2015-07-28
တရားမဝင်ကျောက်မျက်တူးဖော်တယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ မိုးကုတ် မြို့ ရေပူ ကျောင်းတိုက်ဆရာတော် ဦးဣန္ဒကကို ပြင်ဦးလွင်ခရိုင်တရားရုံးမှာ ရုံးထုတ်ရာ မှာ တရားလိုနဲ့ တရားလိုပြ သက်သေတွေကို ဒီနေ့စတင် စစ်ဆေးခဲ့ပါတယ်။
2015-07-27
လူမှောင်ခိုကိစ္စ တိုက်ဖျက်ရေးလုပ်ငန်း အခြေအနေတွေနဲ့ ပတ်သက်ပြီး၊ မြန်မာနိုင် ငံဟာ ဆက်လက် စောင့်ကြည့်သွားရမယ့် နိုင်ငံစာရင်းထဲမှာ ပါဝင်နေ ဆဲဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာနက မနေ့က ထုတ်ပြန်ခဲ့တဲ့ ၂၀၁၅ နှစ်လည် အစီရင်ခံစာ မှာ ဖော်ပြထားပါတယ်။
2015-07-27
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ရက်နေ့ကစပြီး မန္တလေး၊ စစ်ကိုင်း၊ ကချင်၊ ရှမ်း၊ ပဲခူး စတဲ့ တိုင်းနဲ့ ပြည်နယ် အသီးသီးမှာ မိုးဆက်တိုက်ရွာနေတာကြောင့် ရေ ကြီးရေလျှံမှုတွေ ဖြစ်နေပြီး လူသေဆုံးမှုတွေ အထိ ဖြစ်နေပါတယ်။