သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-01-04
ချင်းပြည်နယ် မတူပီမြို့မှာ ဇန်နဝါရီ ၃ ရက် မနေ့က စစ်ကောင်စီတပ် နဲ့ CDF မတူပီတပ်တို့ တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီဘက်က ငါးယောက် သေဆုံးပြီး စစ်သားနှစ်ဦးကိုလည်း အရှင်ဖမ်းမိထားတယ်လို့ CDF မတူပီက ထုတ်ပြန်ပါတယ်။
2022-01-04
ဇန်နဝါရီ ၄ ရက် ဒီနေ့ကျရောက်တဲ့ လွတ်လပ်ရေးနေ့မှာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့် အမိန့်ထုတ်ပြန်တာ မရှိသေးသလို အကျဉ်းထောင်ရှေ့တွေမှာ မိသားစုဝင်တွေလည်း စောင့်ဆိုင်းနေကြပါတယ်။
2022-01-03
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်မှာ စစ်ကောင်စီရဲ့ အကျိုးတူစီးပွားရေးလုပ်ငန်းတွေထဲက ထုတ်ကုန်တွေကို ရောင်းဝယ်တာ၊ သယ်ယူပို့ဆောင်တာတွေ မလုပ်ကြဖို့တားမြစ်ကြောင်း မြစ်ကြီးနားခရိုင် ကေအိုင်အိုအုပ်ချုပ် ရေးရုံးက ဇန်နဝါရီလ ၄ ရက် ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
2022-01-03
မြန်မာစစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်က တိုက်တွန်းလိုက်ပါတယ်။
2022-01-03
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းအပြီး၊ ပြည်တွင်းမှာ စစ်တပ်ရဲ့ အကြမ်းဖက်မှု တွေ မြင့်တက်လာ ခဲ့သလို၊ တဘက်မှာလည်း တရုတ်အစိုးရထံက တပတ်ရစ် တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတစီး ဝယ်ယူခဲ့ပါတယ်
2022-01-03
အခု ၂ဝ၂၂ ခုနှစ် ဧပြီလကစပြီး မြန်မာပြည်သူတွေအနေနဲ့ တိုးတက် ပြောင်းလဲမှု တွေကို ကြုံတွေ့ခံစားကြရ လိမ့်မယ်လို့ နာမည်ကျော် ဗေဒင် နက္ခတ်ပညာရှင် တွေက ခန့်မှန်း ကြပါတယ်။ ရဟန်းသံဃာတချို့ ကလည်း ဗုဒ္ဓ ဟောကြားချက်နဲ့ အညီ ပြည်သူတွေ စည်းစည်းလုံးလုံး ကြိုးပမ်းနေကြတာကြောင့် အောင်မြင်လိမ့်မယ်လို့ မိန့်ကြားကြပါတယ်။
2022-01-03
ရန်ကုန်မြို့မှာရှိတဲ့ ကမ္ဘောဒီးယားသံရုံးအနီးမှာ ဒီဇင်ဘာလ ၃၁ မနက်ပိုင်းက ဗုံးပေါက်ကွဲမှု နှစ်ခုဖြစ်ခဲ့တယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က သတင်းဌာနတွေကို ပြောခဲ့တဲ့အကြောင်း ခမာတိုင်းစ် သတင်းမှာ ဇန်နဝါရီလ ၁ရက်နေ့က ဖော်ပြပါတယ်။
2022-01-03
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက် ခရစ္စမတ်အကြိုနေ့က ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် မိုဆိုရွာမှာ လူ ၃၅ ယောက်ထက် မနည်း အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရတဲ့ လုပ်ရပ်ဟာ စစ်ကောင်စီတပ်က ကျူးလွန်ခဲ့တာလို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က အထောက်အထား သက်သေတွေနဲ့ ပြောဆိုလိုက်ပါတယ်။ ဒီသက်သေတွေကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ကို တင်ပြမယ်လို့လည်း ဆိုပါတယ်။
2022-01-03
ကယားပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုရွာအနီးမှာ လူ ၃၅ ယောက်ထက်မနည်း အစုလိုက် အပြုံလိုက် မီးရှို့သတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ စစ်ကောင်စီကို သက်သေ အထောက်အထားတွေနဲ့အတူ နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ထံ တင်ပြမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောပါတယ်။
2022-01-03
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်အတွင်း စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေက ဆိုးဝါးလွန်း ခဲ့တာကြောင့် အခု ၂၀၂၂ နှစ်သစ်မှာ ပြည်သူတွေ လိုလားတောင့်တတဲ့ လွတ်လပ်မှု တွေ၊ လူ့အခွင့်အရေးတွေကို အပြည့်အဝပြန်ရဖို့ကို အလွှာပေါင်းစုံက ပြည်သူတွေက မျှော်လင့်နေကြပါတယ်။
2022-01-03
ပခုက္ကူတံတားကို ဇန်နဝါရီ ၃ ရက် ဒီကနေ့ မနက် ၁၁ နာရီလောက်ကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် တွေက ဖြတ်သန်းခွင့်မပြုဘဲ ပိတ်ထားတယ်လို့ ဒေသခံတွေ က ပြောပါတယ်။
2022-01-03
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် ဒု-ရဲအုပ် ချယ်ရီထက်ကို ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေနဲ့ ထောင်သုံးနှစ်ချမှတ်ခံရပြီး နေပြည်တော်အချုပ်ထောင် ကနေ ရမည်းသင်းအကျဉ်းထောင်ကို ပြောင်းရွှေ့ခံထားရတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2022-01-03
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် အချိန် ၁၁ လအတွင်း အသက်မပြည့်သေးတဲ့ ကလေးသူငယ် အယောက် ၉၀ နီးပါး အသတ်ခံခဲ့ရသလို မိဘတွေကိုယ်စား ဓားစာခံအဖြစ်နဲ့ ဖမ်းဆီးခံရသူ ၁၉၀ ကျော်ရှိနေပါတယ်။
2022-01-03
စစ်အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ဒီဇင်ဘာလ ၃၁ ရက်ထိ ၁၁ လတာကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် တစ်နိုင်လုံးက NLD ပါတီဝင် ၆၀၀ ကျော် အဖမ်းခံခဲ့ရပြီး အဲဒီအထဲက ၅၀၀ နီးပါးဟာ အခုချိန်ထိ အကျဥ်းထောင် အသီးသီးမှာ ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဇန်နဝါရီ ၁ ရက်နေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
2022-01-03
ရှမ်းပြည်တောင်ပိုင်းအခြေစိုက် သံလွင်သွေးချင်းသတင်းဌာန အယ်ဒီတာချုပ် မမြဝန်းရံကို ညောင်ရွှေ တောင်လေးလုံး အကျဉ်းထောင်မှာ ဒီဇင်ဘာလ ၃၀ ရက်က ထောင် နှစ်နှစ် ချမှတ်ခံလိုက်ရတယ်လို့ အဲဒီသတင်းဌာနက ပြောပါတယ်။