သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-04-22
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ပိုများလာနိုင်တဲ့ အလားအလာ ရှိနေတာကြောင့် စောင့်ကြည့် စစ်ဆေးမှုတွေကို အရှိန်မြှင့် ဆောင်ရွက်နေသလို၊ မြန်မာနိုင်ငံရဲ့ အခြေအနေအရ စောင့်ကြည့်စင်တာတွေနဲ့ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ဖို့ လိုအပ်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဖွဲ့စည်းထားတဲ့ "Covid-19 သတင်းပြန်ကြားရေးအဖွဲ့" က RFA ကို ပြောလိုက်ပါတယ်။
2020-04-22
ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒါးလက်ချောင်းအုပ်စုက ရွာပေါင်း ၃၈ ရွာမှာ နယ်မြေ တည်ငြိမ်အေးချမ်းမှုမရှိတာကြောင့် အသွားအလာ တားမြစ်ခံထားရတာ နှစ်လနီးပါး ရှိနေပြီလို့ သိရပါတယ်။
2020-04-22
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် မေလွမ်းရွာမှာ မနေ့က AA အဖွဲ့နဲ့ ပတ်သက်ဆက်နွယ် သူ တစ်ဦးကို အသေပစ်ခတ် ဖမ်းဆီးရမိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဧပြီလ ၂၁ ရက် မနေ့က နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
2020-04-22
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် နေပြည်တော် စည်ပင်ဧည့်ရိပ်သာ ၁ မှာ ဌာနဆိုင်ရာဝန်ထမ်း ၄၀၀ ကျော်နဲ့ ပြည်ပကပြန်လာသူ ၁၅၀ ကျော်ကို ၂၁ ရက် အသွားအလာ စောင့်ကြည့်ခံရသူတွေအဖြစ် လက်ခံထားပါတယ်။
2020-04-22
ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေတဲ့ အခုကာလမှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြား ချက်တွေနဲ့အညီ အလုပ်ရုံ စက်ရုံတွေ အမြန်ဆုံးဖွင့်နိုင်ရေး စစ်ဆေးနေကြောင်းနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေကို မလိုက်နာတဲ့သူ မည်သူကိုမဆို အရေးယူမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
2020-04-22
ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့ မန္တလေးမြို့မှာ မနေ့ညက လမ်းပေါ်ထွက်မိတဲ့ အမျိုးသားတစ်ယောက်ကို လုံခြုံရေး တာဝန်ကျ ရဲတစ်ဦးက တုတ်နဲ့ရိုက်နှက် အပြစ်ပေးခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်ရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး အများပြည်သူကြားမှာ သဘောထားအမြင် မတူညီတာတွေ ရှိနေပါတယ်။
2020-04-22
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ မြန်မာနိုင်ငံမှာ ရာဂဏန်းရှိလာတာကြောင့် မေလဆန်းပိုင်းမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို အချိန်ရွှေ့ဆိုင်းလိုက်ရပါတယ်။
2020-04-22
COVID-19 လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်၊ တားဆီးရေးလုပ်ငန်းတွေမှာ လူစုလူဝေးဖြစ်အောင်လုပ်တဲ့သူတွေ၊ သတင်းအမှား ဖြန့်ဝေသူတွေနဲ့ ကြပ်မတ်စောင့်ကြည့်မှုကို ငြင်းဆန်သူတွေကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မတွေနဲ့ အရေးယူနေပါတယ်။
2020-04-21
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ထိန်းချုပ်ရေးအတွက် စက်ရုံတွေခေတ္တပိတ်လို့ ရန်ကုန် အထည်ချုပ်စက်ရုံတွေကနေ မကွေးတိုင်း ဇာတိမြေကို ပြန်ရောက်နေကြတဲ့ သူတွေဟာ ရန်ကုန်က စက်ရုံတွေပြန်ဖွင့်လို့ အလုပ်ပြန်ဝင်ကြရတော့မယ်ဆိုပေမဲ့ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်နဲ့ စစ်ဆေးမှုတွေကြောင့် ရန်ကုန်ကို ပြန်ဖို့ အခက်တွေ့နေပါတယ်။
2020-04-21
သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်တာ ၆ နှစ်ပြည့်တဲ့ ဧပြီလ ၂၁ ရက်နေ့မှာ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ ပြည်တွင်းပြည်ပ တက်ကြွလှုပ်ရှားသူတွေက အပြာရောင်ဝတ် လှုပ်ရှားမှုနဲ့ ဦးဝင်းတင်ကို အမှတ်တရဂုဏ်ပြုကြသလို နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ကိုလည်း တောင်းဆိုကြခဲ့ပါတယ်။
2020-04-21
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်အပါအဝင် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး၊ လူမှုရေး ၀န်ကြီး၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး၊ စည်ပင်ဝန်ကြီး၊ ရှမ်းပြည် နယ်လွှတ်တော်ဥက္ကဌ၊ ရှမ်းပြည်နယ်ရဲမှူးချုပ် အပါအဝင် လူသုံးဆယ်လောက် ကျန်းမာရေးစောင့်ကြည့်ခံနေရတယ်လို့ အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က RFA ကိုပြောပါတယ်။
2020-04-21
ကမ္ဘာတဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေဟာ ဧပြီလ ၂၁ ရက် အင်္ဂါနေ့အထိ ၂ သန်းခွဲကျော်နဲ့ သေဆုံးသူ ၁ သိန်း ၇ သောင်းကျော် ရှိသွားပါပြီ။ မြန်မာနိုင်ငံမှာဆိုရင်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၂ဝ ကျော်နဲ့ သေဆုံးသူက ၅ ယောက် ရှိပါတယ်။ ဒီအထဲမှာ ကျန်းမာရေးဝန်ထမ်းတချို့လည်း ကူးစက်ခံနေရတာ ဖြစ်ပါတယ်။
2020-04-21
ရခိုင်ပြည်နယ်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတယ်လို့ သံသယရှိတဲ့ လူနာတွေအတွက် ဆေးစစ်ချက်ယူဖို့ စစ်တွေမြို့ ကနေ ရန်ကုန်ကို သွားတဲ့ WHO မော်တော်ကားဟာ မင်းပြားမြို့နယ်မှာ မနေ့ညနေက ပစ်ခတ်ခံခဲ့ရပါတယ်။
2020-04-21
ရန်ကုန်တိုင်းဧရိယာထဲက ကိုကိုးကျွန်းမြို့ဟာ ပြင်ပနဲ့ တခါတရံဆက်သွယ်နိုင်တဲ့ ရေကြောင်း၊ လေကြောင်းခရီးစဉ်တွေကို ဆိုင်းငံ့ထားလိုက်ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဟန့်တားနိုင်အောင် လုပ်ဆောင်နေပါတယ်။ နောက်ဆုံး လေယာဉ်ခရီးစဉ်နဲ့ ပါလာသူတွေကိုလည်း အသွားအလာကန့်သတ်စောင့်ကြည့်ပြီးမှ နေအိမ်တွေကို ပြန်ခိုင်းခဲ့ပါတယ်။
2020-04-21
ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့ကာလမှာ အစိုးရအဖွဲ့နဲ့ ဝန်ကြီးဌာနတချို့ရဲ့ ထုတ်ပြန် ချက်တွေဟာ အများပြည်သူ နားလည်ဖို့မလွယ်ကူဘဲ၊ ဘာကိုလုပ်ရမယ်ဆိုတာကို တိတိကျကျ မသိနိုင်တဲ့ ထုတ်ပြန်ချက်တွေ ဖြစ်နေသလို အချိန်နီးကပ်မှ ထုတ်ပြန် တာတွေလည်း တွေ့နေရပါတယ်။