သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-09-23
တောင်ကြီးမြို့မှာ ကျင်းပတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲဟာ ပင်လုံစိတ်ဓာတ်အခြေခံတဲ့ ညီလာခံကြီးရဲ့ အကြိုညီလာခံ သဘောမျိုးဖြစ်တယ်လို့ ဆွေးနွေးပွဲ ပွဲဖြစ်မြောက်ရေးကော်မတီ အဖွဲ့ခေါင်းဆောင်(၂) ကယန်းပြည်သစ်ပါတီ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးကြီး စောလွင်က ဒီနေ့ ပြောကြားလိုက်ပါတယ်။
2013-09-23
ပြည်ပရောက် မြန်မာတွေအနေနဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းကူညီပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။
2013-09-23
ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္ဂနွေနေ့က စင်္ကာပူ စီမံခန့်ခွဲရေးတက္ကသိုလ်မှာ ဦးဆောင်မှု အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ဟောပြောခဲ့ ပါတယ်။
2013-09-23
ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ တနင်္ဂနွေနေ့ နေလည်ပိုင်းကတည်းက ဆန္ဒပြနေကြတဲ့ ရန်ကုန်တိုင်း ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်မှာရှိတဲ့ ဟုန်ရှင်းအအေးခန်းစက်ရုံက အလုပ်သမားတွေဟာ မိမိတို့အနေနဲ့ လျော်ကြေးမလိုပဲ အလုပ်သာပြန်ပေးဖို့ သပိတ်စခန်းဖွင့်ပြီး တောင်းဆိုနေကြ ပါတယ်။
2013-09-22
လွှတ်တော်အစည်းအဝေးတွေမှာ အစိုးရတာဝန်ရှိသူတွေက အကောင် အထည်ဖော်ဆောင်ရွက်မယ်လို့ ကတိပေးထားတဲ့ စီမံကိန်းတွေထဲက လုပ်ငန်းပြီးစီးတဲ့ အခြေအနေတွေ ကို ပြည်သူ့လွှတ်တော်ကဖွဲ့ထားတဲ့ အစိုးရရဲ့ အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံချက်များ စိစစ်ရေးကော်မတီက ကွင်းဆင်းလေ့လာနေပါတယ်။
2013-09-22
မြန်မာနိုင်ငံ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို မဖြစ်မနေ ပြင်ဆင်ပြောင်းလဲရမှာဖြစ်ပြီး၊ ဒီမိုကရေစီနိုင်ငံဖြစ်လာမှသာ နိုင်ငံသူနိုင်ငံသားတွေကို အကာအကွယ် အပြည့်အဝပေးနိုင်မှာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်ပါတယ်။
2013-09-22
အာဏာပိုင်တွေ ဖမ်းဆီးထားတဲ့ လူ့အခွင့်အရေး တက်ကြွစွာဆောင်ရွက်သူ အမျိုးသမီးခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့ ပြည် တွင်းပြည်ပနဲ့ နယ်စပ်အခြေစိုက် အမျိုးသမီးအဖွဲ့တွေက လက်မှတ်တွေ စုဆောင်းပြီး အစိုးရကို တင်ပြသွားမယ်လို့ သိရပါတယ်။
2013-09-22
ကချင်ပြည်နယ်ကိုရောက်ရှိနေတဲ့ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နဲ့အဖွဲ့ ဟာ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်က ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ဒီကနေ့ သွားရောက်ပြီး ထောက်ပံ့ရေးပစ္စည်းတွေ လှူဒါန်းခဲ့ပါတယ်။
2013-09-22
တပ်မတော်ကို တိုင်းရင်းသားတွေ ပါဝင်တဲ့ ပြည်ထောင်စုတပ်မတော်အဖြစ် ဖွ့ဲစည်းပြီး နိုင်ငံတော်သမ္မတရဲ့ ကွပ်ကဲမှုအောက်မှာ ထားရှိဖို့လိုအပ်တယ်လို့ အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ( RCSS/SSA)မှ ဗိုလ်မှူးချုပ် စိုင်းပေါင်ခေးက ဒီကနေ့ ပြောကြားလိုက်ပါတယ်
2013-09-22
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့ည က နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဝဲကြီးရွာမှာ ဒေသခံရွာသားတွေနဲ့ ရဲတပ်ဖွဲ့တွေအကြား ဖြစ် ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး ဝဲကြီးရွာသား ၁ဝ ဦးကို ပုဒ်မ ၃ ခုနဲ့ဲ့ တရားစွဲထားတယ်လို့ သိရပါတယ်။
2013-09-22
မြန်မာနိုင်ငံသားအချင်းချင်း ညီညွှတ်မှု တည်ဆောက်နိုင်မှသာ ပြုပြင်ပြောင်းလဲရေးအတွက် စစ်မှန်တဲ့အောင်မြင်မှု ရရှိနိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် က မနေ့က ပြောကြားလိုက်ပါတယ်။
2013-09-21
ကယားပြည်နယ်က ကျေးရွာပေါင်း ၄၇ ရွာကို ၂၀၁၃/၂၀၁၄ ဘဏ္ဍာရေးနှစ် အတွင်း လျှပ်စစ်မီးရအောင်ဆောင်ရွက်ပေး ဖို့ ကယားပြည်နယ် လျှပ်စစ်ဝန်ကြီးဌာနက ခွင့်ပြုထား ပြီဖြစ်ကြောင်း ကယားပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦး က ပြောပါတယ်။
2013-09-21
ရခိုင်ပြည်နယ် ကျောက်တော် မြို့နယ် တောင်ဘွေကျေးရွာမှာ ပြီးခဲ့ တဲ့နှစ် အောက်တိုဘာလအတွင်းက ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်ဆလင်တွေ အကြားဖြစ်ပွားခဲ့တဲ့ ပဋိက္ခတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ တောင်ဘွေရွာခံ ဦးမောင်လှတင်နဲ့ ဦးကျော်လှထွန်းတို့နှစ်ဦးကို စစ်တွေခရိုင်တရားရုံးက မနေ့ကညနေပိုင်းမှာ အပြီးသတ်ပြန်လွှတ်ပေးလိုက်ပါတယ်။
2013-09-21
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ စစ်မက်ဖြစ်ပွားနေတဲ့နေရာက ပြည်သူတွေရဲ့ ဆန္ဒတွေလည်း ပါဝင်ဖို့လိုအပ်တယ်လို့ ၈၈ မျိုးဆက် ပွင့်လင်းလူမှုအဖွဲ့အစည်းက ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ဒီနေ့ပြော ကြားလိုက်ပါတယ်။
2013-09-21
မျိုးဆက်သစ်လူငယ်တွေ ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ ပါဝင် လာတာကို တွေ့ရတဲ့အတွက် တိုင်းပြည်တည်ဆောက်ရေး နဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေးအတွက် အားတက်မိကြောင်း သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားမှာ ပြောကြားပါတယ်။