သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-04-30
မေလ ၃ ရက်နေ့ဟာ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ပါ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရလက်ထက် မြန်မာနိုင်ငံမှာ သတင်းစာနယ်ဇင်းလွတ်လပ်မှုဟာ အရင်အစိုးရလက်ထက်ကထက် ပိုမို ကျဆင်းလာနေပြီး၊ သတင်းထောက်တွေဟာလည်း ဖိနှိပ်မှုတွေအောက်မှာ ဥပဒေအကာအကွယ်မဲ့နေတယ်လို့ ပြည်တွင်း-ပြည်ပ မီဒီယာတွေက ပြောဆိုနေကြပါတယ်။
2020-04-30
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ မနေ့ညနေက အရပ်သားတစ်ဦးကို တပ်မတော်ကဖမ်းဆီးလိုက်ပြီးနောက် ဒီနေ့မနက်မှာတော့ သူ့ရဲ့ရုပ်အလောင်းကို မိသားစုက ဆေးရုံကနေ ပြန်သယ်ယူ သဂြိုဟ်ခဲ့ရတယ်လို့ မိသားစုကပြောပါတယ်။
2020-04-30
RFA ပေးစာ ပြန်စာ အစီအစဉ်ကို ထုတ်လွှင့်မှာ ဖြစ်ပါတယ်။
2020-04-30
ကိုရိုနာဗိုင်းရပ်ပိုး ရှိ မရှိ စစ်ဆေးနိုင်တဲ့ ဓာတ်ခွဲစက်ကို မန္တလေးမြို့မှာ မေလ နောက်ဆုံးပတ်ကစပြီး စတင်စစ်ဆေးနိုင်တော့မယ်လို့ တိုင်းအစိုးရအဖွဲ့က ပြောပါတယ်။
2020-04-30
ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရသူရဲ့ လက္ခဏာတွေက မကြာခဏ ပြောင်းလဲနေ တာမို့ အထူးသတိထားဖို့ ကျန်းမာရေးပညာရှင်တွေက ပြောကြပါတယ်။
2020-04-30
RFA က စီစဉ်ရိုက်ကူးပြီး၊ DVB ရုပ်သံလိုင်းကနေ အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်လွှင့်နေတဲ့ "ယနေ့နိုင်ငံရေး" အစီအစဉ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် မြန်မာ့စီးပွားရေးကို ဘယ်လောက် ထိ ရိုက်ခတ်နေပြီလဲ၊ ဒီစီးပွားရေး အကျပ်အတည်းကို ဘယ်လိုကျော်လွှားမလဲ ဆိုတာကို စီးပွားရေး ပညာရှင် ဒေါက်တာ ဇော်ဦးနဲ့ မေးမြန်းတင်ဆက် ထားပါတယ်။
2020-04-30
"နိုင်ငံ့ရေးရာ မေးစရာ" အစီအစဉ်မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ မိုင်းရယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းသီဟကျော် ကို၊ RFA ဝိုင်းတော်သူ မသက်စုအောင် က မိုင်းရယ်မြို့နယ်က ကိုရိုနာ ဗိုင်းရပ်စ် တားဆီးကာကွယ်ထိန်းချုပ်ရေး အခြေအနေတွေအကြောင်း ဆက်သွယ်မေးမြန်း ထားပါတယ်။
2020-04-30
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့လူနာ ငါးဦးရှိတဲ့ ချင်းပြည်နယ် တီးတိန်မြို့ ဆေးရုံမှာ ရေ၊ မီးနဲ့ ဆေးရုံသုံးပစ္စည်း လိုအပ်ချက်တွေ များပြားနေပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဆေးရုံရဲ့ လိုအပ်ချက်တွေကို ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စု အစိုးရက ဆောင်ရွက်ပေးသွားမယ်လို့ ပြောပါတယ်။
2020-04-29
မြန်မာ့တပ်မတော်ဟာ COVID-19 လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေချိန်အတွင်း စစ်ရာဇဝတ်မှု(War Crimes)နဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု (Crime against humanity)တွေကို ချိုးဖောက်ကျူးလွန်နေနိုင်တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက ပြောလိုက်ပါတယ်။
2020-04-29
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ ဧပြီလ ၂၀ ရက်နေ့က ယာဉ်မောင်း သေဆုံးခဲ့ရတဲ့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ပိုင် မော်တော်ယာဉ် ပစ်ခတ်တိုက်ခိုက်ခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ လွှတ်တော် နိုင်ငံသားအခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးဆောင်တဲ့ စုံစမ်းစစ်ရေးကော်မတီတစ်ရပ်ကို နိုင်ငံတော်သမ္မတရုံးက မနေ့ကရက်စွဲနဲ့ ဖွဲ့စည်းတာဝန်ပေးအပ် လိုက်ပါတယ်။
2020-04-29
ဒေသအသီးသီးကနေ လာရောက်သူတွေအနေနဲ့၊ ခရီးသွားထောက်ခံစာပါပြီး ကျန်းမာရေးကောင်းမွန်ရင် နေပြည်တော်ကို ဝင်ရောက်ခွင့်ပြုမယ့် ကြေညာချက်ဟာ၊ အစိုးရဌာနဆိုင်ရာ လုပ်ငန်းတွေ အဆင်ပြေချောမွေ့စေဖို့ တင်းကြပ်မှုတချို့ကို ဖြေလျှော့ပေးလိုက်တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
2020-04-29
လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်ထားတယ်ဆိုတဲ့ စွဲချက်နဲ့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ ထိပ်တန်းအရာရှိ တချို့ကို ဗြိတိန်အစိုးရ၊ ဘဏ္ဍာရေး ဝန်ကြီးဌာနနဲ့ ဥရောပ သမဂ္ဂ EU တို့က အရေးယူ ပိတ်ဆို့မှု သက်တမ်း တစ်နှစ် ထပ်တိုးလိုက်ပါတယ်။ ဒီလိုအရေးယူမှုနဲ့ ပတ်သက်ပြီး မြန်မာပြည်က လေ့လာစောင့်ကြည့်သူများကြားမှာ အမြင်မတူ ညီမှုတွေ ရှိနေပါတယ်။
2020-04-29
ရန်ကုန်တိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ များလာတာကြောင့် နေအိမ်မှာပဲ နေထိုင်ကြရေး အစီအစဉ်မှာ ထည့်သွင်းလိုက်တဲ့ မြို့နယ် ၁၀မြို့နယ်မှာ အဝင်အထွက် ပိတ်ဆို့တာတွေကြောင့် သွားလာရေးနဲ့ စားသောက်ရေးမှာ အခက်အခဲတွေနဲ့ ကြုံနေရပါတယ်။
2020-04-28
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲတွေ ဒီနေ့အထိ ဆက်လက် ပြင်းထန် နေဆဲ ဖြစ်ပြီး ဧပြီလ ၂၆ နဲ့ ၂၇ ရက်နေ့တွေမှာ ကျောင်းသူတစ်ဦးအပါအဝင် အရပ်သား ငါးဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
2020-04-28
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးကာလအတွင်း အပြင်မထွက်ဘဲ အိမ်တွင်းအောင်းနေ ကြပေမယ့် သွေးလှူရှင်တွေဟာ ရန်ကုန်ကဆေးရုံတွေမှာ လိုအပ်တဲ့သွေး ဖြည့်ဆည်း နိုင်ဖို့အတွက် သွေးလှူဘဏ်ကို ဆက်သွယ်လှူဒါန်းနေကြပါတယ်။