သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-07-31
ရခိုင်ပြည်နယ်ထဲမှာ ARSA အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးနောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်တဲ့ စွပ်စွဲချက်တွေနဲ့ ဆက်နွယ်တဲ့ ဖြစ်ရပ်တွေကို စုံစမ်းစစ်ဆေးဖို့ ဖိလစ်ပိုင်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဆောင်မယ့် "လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်"ကို အစိုးရက ဖွဲ့စည်းလိုက်ပါတယ်။
2018-07-31
စိုက်ပျိုးရေးအတွက် အသုံးပြုနေတဲ့ နွားတွေကို ပြည်ပတင်ပို့တာ တားဆီးပိတ်ပင်ဖို့ အဆိုပြုချက်ကို ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးမယ်လို့ သိရပါတယ်။ အဲဒီအဆိုကို ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက တင်သွင်းဖို့ ဇူလိုင်လ ၃ဝ ရက်နေ့က အဆိုပြုခဲ့ပါတယ်။
2018-07-31
ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ဖွဲ့စည်းလိုက်တဲ့ လွတ်လပ်တဲ့စုံစမ်းရေးကော်မရှင်မှာ နိုင်ငံတကာက ပုဂ္ဂိုလ်နှစ်ဦး ပါဝင်လာတဲ့အတွက် ကန့်ကွက်မှုတွေ ရှိနေသလို ဒီအဖွဲ့အနေနဲ့ မှန်မှန်ကန်ကန် ရိုးရိုးသားသား လုပ်ဆောင်မယ်ဆိုရင် ပြသနာတွေ ပြေလည်သွားနိုင်မယ်လို့ မျှော်လင့်တာတွေလဲ ရှိနေပါတယ်။
2018-07-31
ရခိုင်ပြည်နယ်အရေးအတွက် လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်ကို နိုင်ငံခြားသားနှစ်ဦးအပါအဝင် အဖွဲ့ဝင် လေးဦးနဲ့ ဇူလိုင်လ ၃ဝ ရက်နေ့က ဖွဲ့စည်းလိုက်ပါတယ်။
2018-07-31
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြတဲ့ မွတ်စလင်တွေဟာ ရခိုင်ပြည်နယ် မောင်တောဒေသကို တရားမဝင် လမ်းကြောင်းတွေကနေ ပြန်လည်ဝင်ရောက် လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2018-07-31
ကရင်ပြည်နယ်မှာ ဘားအံ၊ လှိုင်းဘွဲ့၊ ဖာပွန်၊ ကော့ကရိတ်နဲ့ မြဝတီမြို့နယ်တွေမှာ ရေကြီးနစ်မြုပ် နေတာကြောင့် လူ နှစ်သောင်းကျော် ကယ်ဆယ်ရေးစခန်းတွေမှာ ရောက်ရှိနေပါတယ်။ အစိုးရနဲ့ ပရဟိတ အဖွဲ့အစည်းတွေက ကယ်ဆယ်ထောက်ပံ့ရေးတွေ လုပ်နေပေမယ့် အလှမ်းဝေးတဲ့ ကျေးရွာတွေဆီ မရောက်ရှိသေးဘဲ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
2018-07-31
တိုင်းဒေသကြီးနဲ့ ပြည်နယ် ၉ ခုက ရေလှောင်တမံ ၃၆ ခုမှာ ရေကျော်နေပေမယ့် စိုးရိမ်စရာ မရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
2018-07-31
တက္ကသိုလ်ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့နဲ့ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေဟာ သြဂုတ်လ ၁ ရက်နေ့မှာ တွေ့ဆုံဖို့ ရှိပါတယ်။
2018-07-31
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့ကစလို့ မိုးကြီး တာကြောင့် တောင်ကျရေတွေနဲ့အတူ နန့်ကျင်လီချောင်း ရေကြီးပြီး လယ်ဧက ၃ ထောင်ကျော်လောက် ရေနစ်မြုပ်နေပါတယ်။
2018-07-31
နိုင်ငံတော် တံဆိပ်ခေါင်း ဥပဒေပုဒ်မ ၇ နဲ့ တရားစွဲဆိုခံထားရတဲ့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး အမှုကို ဗိုလ်တထောင်မြို့နယ်တရားရုံးမှာ ဒီနေ့ တရားလိုပြသက်သေတစ်ဦးကို စစ်ဆေးခဲ့ပါတယ်။
2018-07-31
လက်ရှိ ဗဟိုဘဏ်ဥက္ကဋ္ဌ ကို ဆက်လက်ခန့်အပ်ဖို့ နိုင်ငံတော်သမ္မတ အဆိုပြုချက် ကို ပြည်ထောင်စုလွှတ်တော်မှာ ကန့်ကွက်သူမရှိ ဒီနေ့ အတည်ပြုလိုက်ပါတယ်။
2018-07-31
လမ်းတံတားဥပဒေ၊ ငြိမ်းစုစီဥပဒေတွေနဲ့ အမှုဖွင့်ခံထားရတဲ့ ပုသိမ်ကြီးမြို့နယ်က ဒေသခံ ၇ ဦးဟာ မြို့နယ်ရဲစခန်းမှာ ဒီနေ့လာရောက် အဖမ်းခံရာ ၄ဦး အာမခံရရှိခဲ့ပြီး ၃ဦးက အာမခံမရရှိတဲ့အတွက် အိုးဘိုထောင်ကို ပို့ဆောင်ခံလိုက်ရပါတယ်။
2018-07-31
တနင်္သာရီတိုင်းဒေသကြီး အစိုးရက တနင်္သာရီဂျာနယ်ကို တရားစွဲဆိုထားတာ ချေဖျက်ပေး ဖို့ လျှောက်ထားချက်ကို တိုင်းတရားလွှတ်တော်က ဒီနေ့ ပယ်ချလိုက်ပါတယ်။
2018-07-31
ကရင်၊ တနင်္သာရီ၊ မွန်၊ ပဲခူး၊ မကွေး စတဲ့ တိုင်းနဲ့ ပြည်နယ် ၅ခုမှာ ရေဘေးကြောင့် လူဦးရေ တစ်သိန်းသုံးသောင်းကျော် ကယ်ဆယ်ရေးစခန်းတွေမှာ ရွှေ့ပြောင်းနေရပါတယ်။
2018-07-31
ဟာသသရုပ်ဆောင် အောင်ရဲထွေး အမှုကို ရုပ်သိမ်းလိုက်တာနဲ့ပတ်သက်တဲ့ နောက်ခံ အကြောင်းရင်းတွေ၊ တခြားဆက်နွယ်တာတွေကို တိတိကျကျ စိစစ်ပြီး ဥပဒေနဲ့အညီ မှန်မှန်ကန်ကန်ဆောင်ရွက်ဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က ပြည်ထောင်စုတရား သူကြီးချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်နဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဌတို့ကို ဒီနေ့ တွေ့ဆုံမှာကြားလိုက်ပါတယ်။